backup og meta

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။

တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ အခြားသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင်

ဗီတာမင် စီ ကဘာတွေစားရင် ရမလဲ

အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင်စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင်စီ ကြွယ်ဝကြပါတယ်။ ဥပမာ-

  • ငရုတ်ပွ အနီ/အစိမ်း
  • စတော်ဘယ်ရီ
  • လိမ္မော်၊ သံပုရာ
  • ခရမ်းချဉ်သီး
  • ပန်းဂေါ်ဖီစိမ်း
  • ဇီးဖြူသီး
  • ကိုက်လန်
  • မာလကာသီး
  • ဂရိတ်ဖရုသီး စတာတွေ စားပေးလို့ရပါတယ်။

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

လူ့ခန္ဓာကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ

သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။

ဗီတာမင် စီ အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ

အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင်စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ဘယ်လို လူတွေမှာ ဗီတာမင်စီ ချို့တဲ့လေ့ရှိလဲ

  • အရက် အလွန်အကျွံသောက်သုံးသူများ
  • ဆေးလိပ်သောက်သူများ
  • နာမကျန်းဖြစ်နေသူများ
  • ပိုးသတ်ဆေး သောက်နေသူများ
  • အနာသက်သာဆေးသောက်နေသူများ
  • ဓာတ်ဆီ၊ ရေနံဆီတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေရသူများ
  • သတ္တုတွင်း၊ သတ္တုပစ္စည်းများနဲ့ ထိတွေ့ကိုင်တွယ်နေရသူများ။

အထက်ဖော်ပြပါ ဗီတာမင် စီ ချို့တဲ့နိုင်တဲ့ သူများအနေနဲ့ သာမန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများ ပိုစားပေးဖို့လိုပါတယ်။ လိုအပ်မှသာ ဆေးဝါး အကူအညီကို ဆရာဝန် နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

23/09/2022

Arkar Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗီတာမင်စီက အရေပြားကို ဘာလို့ ဝင်းပစေတာလဲ

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး



Arkar Hein မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement