သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ကလေး သေးခံ၊ အနှီး ကိုကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ဝမ်း အပျော့ အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

ဝမ်းအရောင်များ။ ။

ဝမ်းအမည်းရောင် ။ ။

  • မွေးပြီးပြီးချင်း၂၄ နာရီအတွင်းကလေးစသွားတဲ့ ဝမ်းအရောင်က အမည်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးပြီးပြီးချင်း ၁ ပတ်အတွင်းမှာ အမည်းရောင်ဝမ်းတွေ အများကြီးသွားနိုင်ပါတယ်။ ၁ပတ်ထက်ကျော်လို့ ဝမ်းက အမည်းရောင်ပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သင့်ကလေး ကျန်းမာရေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါပြီ။ ။
  • ဝမ်းအမည်းရောင်ကို မိခင်နို့တိုက်နေတဲ့ကလေးမှာရော ၊ နို့မှုန့်သောက်နေတဲ့ကလေးမှာရော တွေ့ရပါတယ်။
  • ဝမ်းက စေးကပ်နေတတ်ပြီး အချွဲတွေပါတဲ့ အပြင် ရေမြွာရည်နဲ့ အရေပြားဆဲလ်တွေပါလို့ သူ့ကို meconium လို့လည်းခေါ်ကြပါတယ်။

ဝမ်းအစိမ်းရောင် ။ ။

  • ဝမ်းအမည်းရောင်သွားပြီးနောက်ပိုင်းမှာ ဝမ်းအစိမ်းရောင်တွေလိုက်လာတတ်ပါတယ်။
  • နို့ဘူးသောက်တဲ့ကလေးတွေမှာ အတွေ့များပြီး ပုံမှန်ဖြစ်နေကျပါ။

အဝါရောင်ဝမ်း ။ ။

  • မိခင်နို့သောက်နေတဲ့ ကလေးတွေမှာ ပုံမှန်သွားနေကျ ဝမ်းအရောင်ပါ။ ကလေးဝမ်းအရောင် အဝါရောင်ကို ပြောင်းသွားပြီဆိုရင် သင့်ကလေး သောက်နေတာ နို့ဦးရည်တွေ မဟုတ်တော့တဲ့ မိခင်နို့ကို သောက်နေရပြီ ဖြစ်ကြောင်းပြောတာပါ။
  • ပျစ်ချွဲချွဲဖြစ်နေတတ်ပြီး ရံဖန်ရံခါ အရည်လိုမျိုးဖြစ်နေတတ်လို့ ကလေးဝမ်းလျှောတာနဲ့တောင်မှားတတ်ကြပါတယ်။ ဝမ်းလျှောတာလား ပုံမှန်ပဲလား သိချင်ရင် ဝမ်းအနံ့ နဲ့ပြန်ခွဲလို့ရပါတယ်။

အနီရောင်ဝမ်း ။ ။

  • ကလေးဝမ်းက အနီရောင်ဆိုရင် သိပ်လည်းလန့်မသွားပါနဲ့ဦး။ မေမေစားတဲ့အစားအသောက်တွေထဲမှာ အနီရောင်တွေပါသွားရင် ကလေးကို ရောက်ပြီး ဝမ်းက အနီရောင်ဖြစ်နေတတ်ပါတယ်။ ( ဥပမာ၊ သကြားမုန်လာ၊ နဂါးမောက်သီးတို့လို အရောင်ရင့်တာမျိုးတွေစားထားတဲ့ အခါမှာပေါ့)
  • အရောင်ရင့်တဲ့အစားအစာတွေ စားမထားဘူးဆိုရင်တော့ သင့်ကလေးသွားတဲ့ အနီရောင်ဝမ်းဟာ နို့နဲ့ ဓာတ်မတည့်တာ ( ဒါမှမဟုတ်) စအိုဝကွဲတာကြောင့် သွေးနဲ့ဝမ်းရောသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးဆရာဝန်နဲ့ တိုင်ပင်ကြည့်တာပါပဲ။

ဝမ်းအရောင်ဖြူ။ ။

  • ဝမ်းအရောင်ဖြူနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အစာခြေစနစ်ကို ကူညီပေးတဲ့ သည်းခြေရည်တွေ သင့်ကလေးဆီမှာ အလုံအလောက်မထွက်သေးဘူဆိုတာကို ပြောချင်တာပါ။ ဥပမာ သည်းခြေပြွန် ပိတ်တာမျိုးပေါ့။
  • ကလေးဝမ်းအရောင် အဖြူရောင်တွေသွားနေပြီ ဆိုရင် စိုးရိမ်ရတဲ့အတွက် ကလေးဆရာဝန်ဆီ အမြန်ဆုံးသွားပြစေချင်ပါတယ်။

ဘယ်လို ဝမ်းတွေ သင့်ကလေးသွားနေပြီဆို ဆရာဝန် ဆီ သွားပြဖို့လိုအပ်လဲ ။ ။

  • ကလေးဝမ်းက အရည်တွေပဲသွားနေပြီး အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေဖြစ်နေမယ်ဆို အူလမ်းကြောင်းကို ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီအမြန်ဆုံးသွားပြဖိုလိုပါတယ်။ ပေါ့ပေါဆဆ နေလိုက်မိတယ်ဆိုရင် ဝမ်းအသွားများပြီး ကလေးမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်သွားနိုင်လို့ပါ။
  • ကျောက်စရစ်ခဲလိုမျိုး ဝမ်းမာမာလေးတွေ တစ်လုံးချင်း သင့်ကလေးသွားနေပြီဆိုရင် ဒါ ဝမ်းချုပ်တာဖြစ်နေနိုင်ပါတယ်။ ဖြည့်စွက်စာ စားတဲ့အချိန်မှာ အသီးအရွက်သိပ်မစားတဲ့ကလေးတွေဆို ဝမ်းချုပ်တတ်ကြပါတယ်၊ ဝမ်းချုပ်တာများသွားရင်လည်း စအိုကွဲတာ၊ လိပ်ခေါင်းထွက်လာတာမျိုးတွေ ဆက်ဖြစ်နိုင်တဲ့အတွက် ကလေးဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ ကျွေးစေချင်ပါတယ်။ အသီးအရွက်တွေကျွေးတာတောင် ကလေးကဆက်ဝမ်းချုပ်နေတုန်းဆိုရင် ကလေးဆရာဝန်ဆီသွားပြီးမှ ကလေးသောက်သင့်တဲ့ ဝမ်းနှုတ်ဆေးကို တိုက်ပါ။
  • ကလေးဝမ်းထဲသွေးပါနေပြီဆိုရင် ကလေးကဝမ်းချုပ်တတ်တဲ့သူဆို လိပ်ခေါင်းကို အရင်စဉ်းစားပါ။ ဝမ်းကလည်း လျှောတယ်၊ ဝမ်းထဲသွေးလည်းပါတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးဝမ်းကပုံမှန်ပဲ။ ဒါပေမယ့် သွေးရောင်လိုမျိုး နီနီလေးတွေ ပါနေတယ်ဆိုရင် နို့နဲ့ ဓာတ်မတည့်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ အနီရောင်အစားအစာတွေ ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေသေချာသိဖို့ ကလေးဆရာဝန်တွေကသာ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်မှာပါ။ ။

ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။