ဒိုက်ထိုးခြင်းနဲ့နှလုံးရောဂါခံစားရနိုင်ခြေခံစားရနိုင်ခြေတို့ကြားကဆက်စပ်မှု
ကိုယ်လက်လှုပ်ရှားမှုလုပ်တာက နှလုံးကျန်းမာရေးကောင်းစေနိုင်တယ်ဆိုတာကိုထွေထွေထူးထူးပြောနေစရာတောင်မလိုပါဘူး။ မကြာသေးခင်က ဟားဗတ်စ်တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်တစ်ရပ်အရ အမျိုးသားတစ်ဦးရဲ့ ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကို တွက်ချက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိလားဆိုတာကို ခန့်မှန်းပြနိုင်ပြီဖြစ်ပါတယ်။
လေ့လာမှုရလဒ်အရ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ ဒိုက် အကြိမ် ၄၀ကျော်ထိုးနိုင်တဲ့သူက အကြိမ် ၄၀ မပြည့်သူတွေထက် နှလုံးရောဂါခံစားရနိုင်ခြေ ပိုနည်းနေတာကိုတွေ့ရပါတယ်။ ကိုယ့်မှာနှလုံရောဂါခံစားရနိုင်ခြေရှိလား၊မရှိဘူးလားဆိုတာကို လွယ်ကူရိုးစင်းတဲ့နည်းလမ်းအနေနဲ့ ဒိုက်ထိုးပြီး ဆုံးဖြတ်လို့ရပါတယ်။
ဒိုက်များများထိုးနိုင်လေလေ ကျန်းမာရေးအတွက်ကောင်းလေလေပါ။ ဒီလေ့လာမှုအတွင်း ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသား ၁၁၀၄ ဦးကိုလေ့လာခဲ့ပါတယ်။ ၁၀ နှစ်ကြာလေ့လာမှုအတွင်းတွေ့ရှိခဲ့တဲ့နောက်ထက် ရလဒ်တစ်ခုက ဒိုက်ထိုးတာက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးသလို အစာခြေစနစ် နဲ့
အူမကြီးကို ကျန်းမာစေပြီး ကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့အချက်ပါ။
သုတေသနပညာရှင်တွေဟာလေ့လာမှုမစတင်ခင်မှာ လေ့လာမှုမှာပါဝင်မယ့်အမျိုးသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးခဲ့သလို
BMIတွေကိုလည်း ရယူခဲ့ပါတယ်။ နှစ်စဉ်တိုးတက်လာမှုအခြေအနေတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။ နောက်ဆုံးရရှိခဲ့တဲ့ ရလဒ်အရလေ့လာမှုအတွင်း ဒိုက် အကြိမ် ၄၀ ထက်ပိုထိုးနိုင်တဲ့သူတွေက ဒိုက်ထိုးတဲ့အကြိမ်ရေ ၄၀ထက်နည်းတဲ့ သူတွေထက်နှလုံးရောဂါခံစားရနိုင်ခြေ ၉၆ ရာခိုင်နှုန်းအထိနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
ဒီတော့ ကိုယ်တိုင်လည်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ဆက်တည်း အကြိမ်ရေဘယ်လောက်များများ ဒိုက်ထိုးနိုင်လဲဆိုတာကို တွက်ကြည့်နော်။ အကြိမ် ၄၀ ထက်ကျော်ပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် နှလုံးရောဂါကနေ ကာကွယ်နိုင်ပြီဖြစ်တာကြောင့် ပိုတိုးလုပ်နိုင်ဖို့ကြိုးစားကြည့်ပါနော်။
ခန္ဓာကိုယ် အချိုးအစားကျနစေမယ့်အပြင် ရောဂါတွေကနေပါကာကွယ်နိုင်မယ်ဆိုတော့
ကဲ ကိုကိုတို့ရေဒိုက်ထိုးကြမယ် မှတ်လား။