backup og meta

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ခေါင်းယားတယ်၊ ခေါင်းယားတယ် ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာ တစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာ လည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ် ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။  ။

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာက –

ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ် အများဆုံး အကြောင်းအရင်း တစ်ခုပါ။ ကုတ်လိုက်ရင် ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင်ပဲဖြစ်ဖြစ် ဆံပင် မည်းမည်းလေးတွေ ပေါ်မှာ ကပ်နေတဲ့ အဖြူဖပ်တွေကြောင့် သင့်ကို နှုတ်ခေါင်း ရှုံ့ကြမယ့် သူတွေ အများကြီးပါ။

  • ဦးရေပြား ခြောက်သွေ့ခြင်း ။ ။

ခြောက်သွေ့နေတဲ့ အရေပြား တစ်ခုဟာ ယားယံခြင်းကို ဖြစ်စေတယ် ဆိုတာ အားလုံး အသိပါ။ ဦးရေပြားဟာလည်း အရေပြား တစ်မျိုး ဖြစ်တဲ့အတွက် ခြောက်သွေ့တဲ့ ဦးရေပြားဟာ သင့်ကို ခေါင်းယားစေမှာပါ ။

  • သန်းတွယ်ခြင်း ။ ။

ခေါင်းမှာ သန်းတွယ်ပြီ ဆိုတာနဲ့ နေလို့ ထိုင်လို့ မရအောင် ယားယံခြင်း ဝေဒနာကို ခံစားရတတ်ပါတယ်။ သန်းတွေ ဆိုတာ မျိုးပွားနှုန်းလည်း အင်မတန် မြန်ပြီး ဦးရေပြားက သွေးကို စုပ်ပြီး အသက်ရှင်ကြတာကြောင့် တစ်ကောင်မှ မကျန်အောင် သတ်ရတာ အင်မတန် ခက်ခဲပါတယ်။

  • Psoriasis (ဆိုရီရေးစစ်)

ခုခံအားနဲ့ သက်ဆိုင်တဲ့ ရောဂါ တစ်ခု ဖြစ်တဲ့ Psoriasis ဟာ သင့်အရေပြားကိုရော ဦးရောပြားကိုရော အနီကွက်တွေ ဖြစ်စေပြီး ခြောက်သွေ့စေတဲ့ အတွက် ယားယံခြင်းကို ဖြစ်စေပါတယ်။

  • ဓာတ်မတည့်ခြင်း ။ ။

ဆံပင်ဆိုးဆေး၊ ခေါင်းလျှော်ရည်နဲ့ ဦးရေပြားမှာအသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်ပြီး ဦးရေပြား ယားယံတတ် ပါတယ်။

ဘယ်အချိန်ဆို စပြီး စိုးရိမ်သင့်တာလဲ ။ ။

လူတိုင်း ခေါင်းယားတတ်ကြလို့ ခေါင်းယားတာဟာ သာမန် ဆိုရင်တော့ အရမ်းကြီး စိုးရိမ်စရာ မရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ခုပြောပြတဲ့ အချက်တွေ သင့်မှာ ရှိနေပြီ ဆိုရင်တော့ ခေါင်းယားတာဟာ စိုးရိမ်ရတဲ့ အနေအထား တစ်ခု ဖြစ်လာပါပြီ။ ။

  • ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် တွေ သုံးနေပေမယ့် မသက်သာလာတာ။
  • ခုနလေးတင် ခေါင်းလျှော်လိုက်ပေမယ့် ခဏနေ ခေါင်းပြန်ယားတာ
  • ခေါင်းယားတာကြောင့် ညဘက် အိပ်ပျက်တာ၊ အလုပ်မှာ အာရုံမစိုက်နိုင်တော့တာ
  • ခေါင်းမှာ သန်းတွေကို မြင်နေရတာ
  • အချိန်ပြည့် ခေါင်းယားနေတာ
  • ယားနေတဲ့ နေရာက ထိလိုက်ရင် အောင့်နေတာ၊ ဖုနေတာ မျိုးတွေ ဖြစ်ပြီဆို သာမာန် ဗောက်ထတာမျိုး မဟုတ်တော့ပါဘူး။ ဒီလို အချက်တွေ ရှိနေပြီ ဆိုရင်တော့ ပေါ့ဆ မနေဘဲ အရေပြား ဆရာဝန်ဆီ သွားပြတာကသာ အကောင်းဆုံးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/symptom/itchy-scalp Accessed Date 17.1.2019

https://www.healthline.com/health/dandruff-itchy-scalp#moisturizeAccessed Date 17.1.2019

ယခုပုံစံ

09/02/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဦးရေပြားပြဿနာများအကြောင်းတစေ့တစောင်း

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။