backup og meta

သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ ။ ။

    ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။ ဒီတော့ တင်ပါးကိတ်လာအောင်လို့ လေ့ကျင့်ခန်းတွေ လုပ်ရတာ လူသာပင်ပန်းပြီး ခရီးသိပ်မရောက်ဘဲ ဖြစ်နေပြီလား။ တကယ်တော့ လှပတဲ့ကိုယ်ခန္ဓါတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ။ ။

    တင်ပါးအကိတ်တစ်လိုင်းထဲ ရောက်စေမယ့် အစားအသောက်တွေ ။ ။

    ( ၁ ) ကြက်ဥ

    ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကို ကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာဆိုတော့ ပရိုတင်းရှိဖို့လိုတယ်လေ။ ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။

    ( ၂ ) ကန်စွန်းဥ

    ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီဓါတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။

    ( ၃ ) ထောပတ်သီး

    ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီနဲ့ အမျှင်ဓါတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။ နောက်ပြီး ကြွယ်ဝတဲ့ အမျှင်ဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့ အရာတွေပါ။

    ( ၄ ) ဒိန်ချဉ်

    ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓါတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။

    ( ၅ ) အစေ့အဆံတွေ

    ဗန်ဒါစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီး စေ့တွေကို တစ်နေ့ လက်တစ်ဆုပ်လောက်စားပေးရင် သင့်တင်ကို ကြီးလာစေမှာပါတဲ့။ ဘာ့ကြောင့်လဲဆိုတော့ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓါတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေမှာကြောင့်ပါ။

    ( ၆ ) ငါး

    ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့ အိုမီဂါ 3 တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။ ငါးစားရင် အသက်ပိုရှည်တယ်ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။

    ( ၇ ) ကြက်သား

    ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။ ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။

    ( ၈ ) ပဲအမျိုးမျိုး

    ပရိုတင်းဓါတ်လည်းကြွယ်ဝ၊ ကယ်လိုရီလည်းနည်းပြီး အမျှင်ဓါတ်တွေ အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement