ကျောနာခြင်း (ခါးနာခြင်း)တွေကို သဘာဝအတိုင်းသက်သာစေနိုင်မယ့် နည်းလမ်း (၆)သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သင့်ဘဝတစ်သက်တာလုံးမှာ ခါးနာတာေတွ၊ ကျောနာတာတွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားဖူးမှာပါ။ တစ်ခါတလေမှာ ပြင်းထန်တတ်ပါတယ်။ ဆိုလိုတာက ခါးနာတာက ဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်တွေ ကျဉ်နေတာမျိုးပေါ့။

ဒီလိုအခြေအနေမျိုးတွေမှာ ဆရာဝန်တွေဆီ အရင်သွားသင့်ပါတယ။် ဒါပေမဲ့ ခါးနာတဲ့အခြေအနေအားလုံးက ဆေးခန်းသွားနေဖို့လိုတာမဟုတ်ပါဘူး။ ဒီနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာအောင် လုပ်ယူလို့ရပါတယ်။

နံနက်ခင်းပိုင်း နာကျင်မှုတွေကို လျှော့ချမယ်။

နံနက်နိုးလာတဲ့အချိန်မှာ ကျောနာ၊ ခါးနာတာတွေက ပိုဆိုးနိုင်ပါတယ်။ မထိုင်နိုင်လောက်တဲ့ထိ နာကျင်တောင့်တင်းနေတာတွေကို ခံစားရမှာပါ။

ပက်လက်လှန်နေစဉ် ဒါမှမဟုတ်လည်း မှောက်ခုံအနေအထားမှာ ကျောပေါ်မှာ၊ ကျောအောက်မှာ စသဖြင့် အနွေးအိတ်လေးထားသင့်ပါတယ်။ အပူဓါတ်က ကြွက်သားတွေကို သွေးပူစေပြီး တောင့်တင်းမှုတွေကိုလျှော့ချပေးပါတယ်။

ပြီးတော့ နောက်ကျောက သွေးစီးဆင်းမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ရေနွေးအိတ်တွေ၊ အပူဓါတ်ပေးတာတွေကို အလွန်အကျွံမလုပ်ပါနဲ့။ ဒါက သင့်အရည်ပြားတစ်သျှူးတွေကို ပျက်စီးစေနိုင်ပါတယ်။

Laughter ယောဂ ကျင့်ပါ။ (ရယ်မောခြင်းယောဂ)

ဒီယောဂကတော့ လူတွေကို ရယ်မောခြင်းအားဖြင့် သူတို့ရဲ့ကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ ယောဂလေ့ကျင့်ခန်းပုံစံတစ်မျိုးပါ။ သင်ရယ်လိုက်တဲ့အချိန်မှာ ခန္ဓါကိုယ်က အောက်စီဂျင်တွေ ပိုမိုရယူနိုင်ပြီး ဖိအားတွေကိုလျှော့ချပေးလို့ endorphin တွေကို ပိုပြီးထုတ်လွှတ်ပေးပါတယ။် (endorphin ဆိုတာကတော့ သဘာဝအတိုင်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့ ဟော်မုန်းပါ။ )

ဒါ့အပြင် ရယ်မောခြင်းယောဂဟာ အပျော့စား ကာယလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ တကယ်လို့များ တခြားလေ့ကျင့်ခန်းတွေက ပြင်းထန်ပြီး နောက်ကျောကို နာကျင် ထိခိုက်စေနိုင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို ရွေးချယ်နိုင်ပါတယ်။

အနှိပ်ခံပါ။

အိမ်မှာဖြစ်စေ၊ ကျန်းမာရေးစင်တာတွေမှာပဲဖြစ်စေ ပုံမှန်အနှိပ်ခံနိုင်ပါတယ်။ နှိပ်ခြင်းက ဖိအားတွေကို လျှော့ချပေးပြီး ကြွက်သားတွေကို အနားရစေတဲ့အပြင် သင့်ခန္ဓါကိုယ်က endorphin ထုတ်ပေးခြင်းကို အားပေးပါတယ။် စားပွဲပေါ်မှာ ဒါမှမဟုတ် အနှိပ်ထိုင်ခုံပေါ်မှာ အနှိပ်ခံနိုင်ပါတယ်။ ဒါက သင့်ရဲ့လိုအပ်ချက်ပေါ်ပဲ မူတည်ပါတယ်။ သင်လုပ်ရမှာကတော့ သက်တောင့်သက်သာ အနားယူဖို့နဲ့ နောက်ကျောနာကျင်မှုတွေကို ကုသနိုင်ဖို့ ဒီကုထုံးကို ဝကွက်အပ်ထားလိုက်ရုံပါပဲ။

အိပ်စက်တဲ့ အနေအထားကို ပြောင်းလဲပါ။

အိပ်စက်တဲ့ပုံစံက ကျောနာ၊ ခါးနာတဲ့ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော အနေအထားတွေက ခါးနာတာကို ပိုဆိုးစေပေမယ့် အချို့သော အနေအထားတွေကတော့ လျော့ကျစေပါတယ်။ ဒါကြောင့် ဘာကသင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေဖို့ ပုံစံအမျိုးမျိုးနဲ့ အိပ်ကြည့်ပါ။

အထူးသဖြင့် recline position(ကျောတစ်ဝက် မှီပြီး အိပ်စက်တဲ့ပုံစံ) ကတော့ ခါးနာသက်သာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးပြုလုပ်ထားတဲ့ ခုံမှာဖြစ်စေ၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာဖြစ်စေ၊ အိပ်စက်ခြင်းတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။

အကြောလျှော့ခြင်း

ဒီလို မော်ဒန်ခေတ်ကြီးမှာ တစ်နေ့လုံး စားပွဲပေါ်ကမထဘဲ အလုပ်လုပ်နေတာမျိုး ၊ စာလုပ်နေတာမျိုးဟာ တွေ့ရများလှပါတယ။် ဒါပေမဲ့ အကြာကြီးထိုင်မနေပါနဲ့။ မိနစ် ၂၀ကြာတိုင်းမှာ ထိုင်နေရာက ထလို့ အကြောလျှော့တာမျိုးတွေ၊ အထူးသဖြင့် နောက်ကျော၊ ခြေထောက်တွေနဲ့ လက်မောင်းတွေကို အကြောလျှော့တာ၊ဆန့်တာမျိုး စသဖြင့် လုပ်ပေးနိုင်ပါတယ်။

အပျော့စားလေ့ကျင့်ခန်းတွေကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ သူတို့တွေက သင့်ရဲ့ကြွက်သားတွေကို အနားယူစေပြီး ခန္ဓါကိုယ်ကိုလည်း သွေးပူစေပါတယ်။

သန်မာတဲ့ကြွက်သားတွေကို ထိန်းသိမ်းပါ။

ကျောနာ၊ ခါးနာဖြစ်တဲ့အချိန်မှာ ကြွက်သားတွေ သန်မာနေဖို့ အရေးကြီးပါတယ်။ သန်မာတဲ့ကြွက်သားတွေ၊ ဥပမာ ခါးနဲ့ တင်ပါးဆုံကွင်းလိုနေရာမျိုးက ကြွက်သားတွေ သန်မာနေခြင်းက နောက်ကျောကို ပိုပြီးကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်ပါတယ်။

ပြင်းထန်တဲ့ နောက်ကျောနာကျင်မှုတွေအတွက် ဆေးဝါးကုသမှုပြုလုပ်တာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပြဿနာအများစုက မပြင်းထန်တာကြောင့် နာကျင်မှုသက်သာစေတဲ့ သဘာဝဆေးနည်းတွေသုံးတာက ကြိုးစားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။

အထက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ နာကျင်မှုတွေ ပြန်လည်တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်ကိုယ်ခန္ဓာ အလေးချိန်အပေါ် သက်ရောက်မှုရှိသော ဟော်မုန်းများ

သင့်ကိုယ်ခန္ဓာအလေးချိန်ဟာ ဟော်မုန်းတွေအပေါ်များစွာ မူတည်ပါတယ်။ ဟော်မုန်းတွေရဲ့ ထိန်းချုပ်မှုကြောင့် သင်ဘယ်လောက်စားသောက်နိုင်သလဲ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခံစားရမယ့် ကျန်းမာရေးပြဿနာတွေကို ဒီလို ဖြေရှင်းပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ကတော့ အမျိုးမျိုး ပါပဲ။ ဆေးခန်း ပြလောက် တဲ့အထိ မလိုအပ်ပေမယ့် ခံစားရ ခက်တာကတော့ အသေအချာ ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 3 mins read
နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read
သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read
Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read