backup og meta

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်းနှလုံးလေးကို ဘယ်လို ဖွဲ့စည်းထားလဲ........

သက်ရှိတွေ ရှင်သန်နေလားဆိုတာကို ဆန်းစစ်ကြည့်လို့ရတဲ့ အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ သင့်ရဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းထဲမှာရှိတဲ့ တဒုတ်ဒုတ်နဲ့ စည်းချက်မှန်မှန် ခုန်နေတဲ့  နှလုံးလေး ပါ။

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

နှလုံးက မှန်မှန်ခုန်နေဖို့လိုသလို စည်းချက်မှန်နေဖို့လည်း လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်အနှံ့ကို သွေးတွေ၊ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မှာပါ။ ဒီလိုမှပဲ ခန္ဓာကိုယ်က ကျန်းမာတော့မှာပေါ့။

နှလုံး ဆိုတာ 

နှလုံးလေးက သင့်ရဲ့ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိတဲ့ ကိုယ်တွင်းအင်္ဂါလေးပါ။ ရင်ဘတ်ရဲ့ အရှေ့ဘက် အလယ်နားလေးမှာရှိပြီး ရင်ညွန့်ရိုးရဲ့ ဘယ်ဘက် အနောက်နားလေးမှာ ရှိပါတယ်။

နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သွေးတွေကို ညှစ်ထုတ်ပေးပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေကို ပေးပို့ပါတယ်။

နှလုံးလေးကို ဘယ်လို ဖွဲ့စည်းထားလဲ……..

နှလုံးရဲ့ ဘယ်ဘက်နဲ့ ညဘက်ကို ခြားထားတဲ့ ကြွက်သားနံရံ ရှိပါတယ်။ တစ်ဘက်စီမှာ သွေးလွှတ်ခန်း၊ သွေးပြန်ခန်းလို့ ခေါ်တဲ့ အခန်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

နှလုံးမှာ ပါဝင်နေတဲ့ အခန်းလေး (၄) ခန်းကတော့

  • ဘယ်ဘက် သွေးလွှတ်ခန်း
  • ဘယ်ဘက် သွေးပြန်ခန်း
  • ညာဘက် သွေးလွှတ်ခန်း
  • ညာဘက် သွေးပြန်ခန်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။

နှလုံး ညာဘက်ခြမ်းက ဘာတွေလုပ်ဆောင်ပေးသလဲ…….

နှလုံး ညာဘက်ခြမ်းက ခန္ဓာကိုယ်အနှံ့ကနေ ပြန်စီးလာတဲ့ သွေးတွေကို စုဆောင်းပေးပါတယ်။ နှလုံး ညာဘက်ခြမ်းကို ဝင်လာတဲ့ သွေးတွေက အောက်ဆီဂျင် ပါဝင်မှု နည်းနေပါတယ်။

အကြောင်းကတော့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို ဖြတ်စီးလာတဲ့ အတွက် အောက်ဆီဂျင်တွေကို ထောက်ပံ့ပေးခဲ့ရတာကြောင့် အောက်ဆီဂျင်နည်းနေတာပါ။

နှလုံးထဲကို သွေးတွေရောက်လာတဲ့အခါ နှလုံးက သွေးတွေကို အဆုတ်စီ ညှစ်ထုတ်လိုပ်ပါတယ်။ ဒီလို ညှစ်ထုတ်ပြီး အောက်ဆီဂျင်တွေ ပိုမိုရရှိအောင် လုပ်ဆောင်လိုက်ပါတယ်။

အောက်ဆီဂျင်တွေကို ရရှိပြီဆိုတာနဲ့ သွေးတွေက နှလုံး ဘယ်ဘက်ခြမ်းဆီကို တိုက်ရိုက်ရောက်ရှိသွားပြီး နှလုံးက သွေးကို ညှစ်ထုတ်လိုက်တဲ့အခါ  ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီ ပြန်လည် စီးဆင်းသွားပါတယ်။

နှလုံး ဘယ်ဘက်ခြမ်းက ဘာတွေ လုပ်ဆောင်ပေးသလဲ………

နှလုံးရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ သွေးလွှတ်ခန်းက ညာဘက်ခြမ်းမှာရှိတဲ့ သွေးလွှတ်ခန်းထက် ပိုကြီးသလို နံရံကလည်း ပိုထူပါတယ်။ အကြောင်းကတော့ နှလုံး ဘယ်ဘက် သွေးလွှတ်ခန်းက ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် ပြည့်ဝတဲ့ သွေးတွေ ပြန်လည်ပို့ဆောင်ပေးတာကြောင့်ပါ။

နှလုံးဘယ်ဘက်ခြမ်း သွေးပြန်ခန်းက နှလုံးညာဘက်ခြမ်း သွေးပြန်ခန်းထက် ပိုပြီး ဖိအားကောင်းပါတယ်။ သွေးတွေကို လားရာ မှန်မှန် စီးဆင်းနိုင်စေဖို့ လုပ်ဆောင်ပေးသလို နှလုံးအဆို့ရှင်လေးတွေကလည်း နှလုံး သွေးလွှတ်ခန်း၊ သွေးပြန်ခန်းတွေဆီကို သွေးတွေ ဝင်ထွက်စီးဆင်းမှု မှန်အောင် လုပ်ဆောင်ပေးပါတယ်။

ဒါလေးကတော့ ရင်ဘတ် ဘယ်ဘက်ခြမ်းမှာ နေရာယူထားတဲ့ စည်းချက် မှန်မှန်ခုန်နေတဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေပါပဲ။ ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း သိသွားပြီဟုတ်။

Takeaways

နှလုံးလေး ကျန်းမာစေဖို့ နေထိုင်စားသောက်မှုတွေကို သေချာဂရုစိုက်ဖို့လိုသလို ပုံမှန် စစ်​ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ အရက်၊ ဆေးလိပ်၊ ကဖင်း စတာတွေကိုလည်း အလွန်အကျွံ မသုံးစွဲမိစေဖို့ လိုပါမယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heart health (cardiovascular) https://healthywa.wa.gov.au/Health-conditions/Heart-health-cardiovascular Accessed Date 3 December 2020

How your heart works https://healthywa.wa.gov.au/Articles/F_I/How-your-heart-works Accessed Date 3 December 2020

Heart-Healthy Living https://www.nhlbi.nih.gov/health-topics/heart-healthy-living Accessed Date 3 December 2020

ယခုပုံစံ

22/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ