backup og meta

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ်ဝေဒနာအတွက် အထူးသီးသန့်စားသောက်မှုပုံစံရယ်လို့ မရှိပါဘူး။ အစားမတော်တစ်လုတ်ဆိုတဲ့ စကားအတိုင်း အစားအသောက်တွေကိုသေချာချင့်ချိန်စားသုံးမှုက အာဟာရဖြစ်ပြီး ခန္ဓါကိုယ်ကို ကျန်းမာစေတယ်ဆိုပေမယ့် ကိုယ်နဲ့မတည့်တာကို စားမိရင်တော့ ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ အကြောင်း ပြောပြပေးချင်ပါတယ်။

အစားအသောက်ကို သေချာချင့်ချိန်စားသုံးမယ်ဆိုရင်တော့ အစာလည်းဆေးဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာပါ။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ကတော့

ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးအစားအစာတွေက

အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးဖြစ်စေမယ့် အစားအသောက်တွေက –

ပန်းသီး – တစ်နေ့ ပန်းသီး တစ်လုံး စားပေးပါ။ တစ်ပတ်တာမှာ ပန်းသီး ၂ လုံးကနေ ၅ လုံးခန့် စားသုံးပေးမယ် ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို ၃၂ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးက အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တာကြောင့် ပန်းနာရင်ကျပ်ရှိသူတွေ စားသုံးဖို့ သင့်တော်တဲ့ အစားအစာ တစ်ခုပါ။

သခွားမွှေး –သခွားမွှေးမှာ ပါဝင်နေတဲ့ ဗီတာမင် C က အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဗီတာမင် C ကို နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ် ဆိုရင် ပန်းနာရင်ကျပ် မဖြစ်အောင် ကာကွယ်နိုင်မယ့်အပြင်ရောဂါရှိနေသူတွေမှာလည်း သက်သာစေမှာ အသေအချာပါ။ ခရမ်းချဉ်သီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဂရိတ်ဖရုလိုမျိုး ဗီတာမင် C ပါတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။

မုန်လာဥနီ –မုန်လာဥနီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။ beta-carotene ကပန်းနာရင်ကျပ်ဝေဒနာ ခံစားရနိုင်ခြေကို လျော့ကျစေနိုင်သလို ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။ မုန်လာဥနီက ပန်းနာရင်ကျပ်ကိုတင်မဟုတ်ဘဲ နှလုံးရောဂါ၊ ကင်ဆာ နဲ့ Alzheimer’sရောဂါတွေကို သက်သာစေနိုင်ပါတယ်။ တရုတ်ဇီးသီး၊ ငရုတ်ပွ နဲ့ ကန်စွန်းဥတို့လိုမျိုး အရောင်အသွေး စုံလင်တဲ့ အသီးအနှံတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သဘာဝ အရောင်ကျဆေး တစ်မျိုးပါ။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်တဲ့အခါ ခံစားရတဲ့ လေပြွန်ရောင်ရမ်းတာတွေ သက်သာစေဖို့နဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေ သက်သာစေဖို့အတွက် ကြက်သွန်ဖြူ စားသုံးပေးပါ။

ပန်းနာရင်ကျပ်ရှိရင် ဒီအစားအစာတွေကို သတိထားပါ။

မြေပဲ –မြေပဲက လူတော်တော်များများနဲ့ ဓါတ်မတည့်တတ်ပါဘူး။ ပန်းနာရင်ကျပ် ရှိသူတွေ အရေပြား ဓါတ်မတည့်တဲ့ ဝေဒနာ ရှိသူတွေ အနေနဲ့ မြေပဲက လုံးဝ မစားသင့်တဲ့ အစားအစာ တစ်ခုပါ။

ဆား – ပန်းနာရင်ကျပ် ရှိသူတွေမှာ လေပြွန်အတွင်း နံရံ ရောင်ရမ်းမှုတွေ ခံစားကြရပါတယ်။ ဆားတွေ အစားများတဲ့အခါ ဆဲလ်တွေထဲမှာ အရည်တွေ ပိုမို ဖြစ်ပေါ်စေပြီး ကိုယ်အတွင်း နံရံတွေ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါ အခြေအနေကို ပိုဆိုးစေနိုင်တဲ့ ဆားကို လျှော့စားဖို့ ပြောပါရစေ။

အသီးခြောက်တွေ – သစ်သီးခြောက်တွေမှာ ပါတဲ့ တာရှည်ခံ ဆေးတွေက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ သစ်သီးခြောက်တွေထဲမှာမှ ချယ်ရီသီးခြောက်တွေနဲ့ တရုတ်ဇီးသီးခြောက်တွေကို ပန်းနာရင်ကျပ် ရောဂါသည်တွေ အနေနဲ့ လုံးဝ မစားသုံးသင့်ပါဘူး။

ဥအမျိုးမျိုး – ကြက်ဥ၊ ဘဲဥတွေနဲ့ ဓါတ်မတည့်ဘူး ဆိုရင်တော့ လုံးဝ မစားသင့်ပါဘူး။ ကြက်ဥ၊ဘဲဥတွေ နဲ့ ဓါတ်မတည့်သူတွေမှာ ပန်းနာရင်ကျပ်ဖြစ်လာမယ် ဆိုရင်တော့ လုံးဝ မစားတာ အကောင်းဆုံးပါ။ ကြက်ဥ၊ ဘဲဥတွေက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

အသင့်စား အာလူးကြော်တွေ -ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အသင့်စား အာလူးကြော်တွေမှာ တာရှည်ခံအောင် ထည့်ထားတဲ့ အရာတွေပါဝင်တာကြောင့် ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အာလူးကြော် စားချင်တယ် ဆိုရင်တော့ ကန်စွန်းဥကို သံလွင်ဆီနဲ့ ကင်တာ၊ အာလူးကို သံလွင်ဆီနဲ့ ကင်ပြီး စားတာမျိုး လုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Avoiding certain foods might help you avoid an asthma attack. https://healthguides.healthgrades.com/taking-control-of-your-asthma/7-foods-to-avoid-with-asthma Accessed Date 5 July 2018

9 Foods That Might Help Relieve Asthma Symptoms https://www.everydayhealth.com/hs/adult-asthma/foods-helps-relieve-asthma-pictures/ Accessed Date 5 July 2018

Asthma and Diet https://www.webmd.com/asthma/guide/asthma-diet-what-you-should-know#1 Accessed Date 5 July 2018

ယခုပုံစံ

16/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/01/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement