brand logo
Discover
Health Tools
Communities

Share

ပျားရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ ရှိလား

ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာ သကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓါအကျိုးပြု ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓါတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမက အနာကျက်မြန်ေစပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။

ပျားရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ ရှိလား

ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓါတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓါတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ပျားရည်နဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။

ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓါတ်မတည့်ြခင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့

  • နှာစေးတာ၊ နှာရည်ယိုတာ
  • နှာချေတာ
  • နှာခေါင်းက ယားပြီး ရောင်လာတာ
  • မျက်ရည်ယိုတာ
  • လည်ချောင်းယားတာ
  • အရေပြားပေါ်မှာ အနီကွက်ထတာ
  • အင်ပျဉ်၊ ယားနာဖြစ်တာ
  • အရေပြားပေါ် အဖုအပိမ့်တွေ ထလာတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ဓါတ်မတည့်ခြင်း ပြင်းထန်တဲ့သူတွေမှာဆိုရင် ပျားရည်ကို စားမိတာ၊ အသားနဲ့ ထိမိလိုက်တာနဲ့

  • ခေါင်းကိုက်တာ
  • မူးဝေအော့အန်တာ
  • ဝမ်းလျှောတာ
  • အသက်ရှူလိုက်တဲ့အခါ နှာသံမှာ ချွဲတွေပါနေတာ
  • သတိလစ်တာ
  • နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့တာ
  • အသက်ကောင်းကောင်း မရှူနိုင်တော့တာ အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။

ကိုယ့်မှာ ပျားရည်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ စောစီးစွာ ပြသထားတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူလို့ ရမှာပါ။

ကလေးတွေကို ပျားရည်တိုက်လို့ရလား။

ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အစာအာဟာရဖြစ်ပေမယ့် အလွန်စေးကပ်ပါတယ်။ ဒါကြောင့် အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ် သိပ်မကောင်းသေးတဲ့ ကလေးတွေကို တိုက်ရင်တော့ သတိထားပေးရပါမယ်။ အထူးသဖြင့် အသက် ၁နှစ်အောက် ကလေးတွေမှာ ပျားရည်ကို မြိုချရခက်တာ၊ လည်ချောင်းထဲ နင်နေတာ၊ ဓါတ်မတည့်မှုလက္ခဏာ ပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဝမ်းချုပ်တာ၊ အသက်ရှူရခက်တာ၊ ခြေတွေလက်တွေ ကောင်းစွာ မလှုပ်တာ၊ ထမင်းစားချင်စိတ် မရှိတာ၊ မျက်နှာအမူအရာ မကောင်းတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက် ၁နှစ် အနည်းဆုံးရှိမှ ကလေးကို ပျားရည်စတိုက်သင့်ပြီး ၅နှစ်ပြည့်ပြီးနောက်ပိုင်းမှ တိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ပျားရည်ကြောင့် ဓါတ်မတည့်ခြင်း ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေ တိုက်ပေးလို့ ရလဲ။

ဆေးဆိုင်တွေမှာ Antihistamine ပါဝင်တဲ့ ဆေးတွေကို အလွယ်တကူမေးပြီး ဝယ်လို့ရပါတယ်။ ဒီဆေးသောက်ပြီး မသက်သာလာတာ၊ ဝေဒနာပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာ ဓါတ်မတည့်တဲ့ပြဿနာတွေ ရှိရင် ဆရာဝန်ဆီမှာ ကုသမှုခံယူဖို့နဲ့ ဓါတ်မတည့်တဲ့ အရာတွေကို မစားမိ၊ အရေပြားနဲ့ မထိမိစေဖို့ သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Ye Myo Myat · Updated 03/06/2022

Was this article helpful?