E.coliက အရေပြား သို့မဟုတ် စအိုနားမှာရှိပြီး ဆီးလမ်းကြောင်းကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းနဲ့ စအိုက အမျိုးသားများထက် ပိုပြီး နီးကပ်တာကြောင့် ရောဂါဖြစ်နိုင်ချေလည်း ပိုများပါတယ်။
ဒါ့ပြင် ဘက်တီးရီးယားတွေက ဆီးပိုက်မှတစ်ဆင့် ဆီးလမ်းကြောင်းထဲသို့ ရောက်သွားနိုင်သလို လိင်ဆက်ဆံပြီးနောက်မှာလည်း ဝင်ရောက်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း က တစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။ သို့သော် ရောဂါပိုးရှိချိန်မှာ လိင်ဆက်ဆံခြင်းက နာကျင်မှုကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
ဆီးပိုးဝင်နိုင်ချေကို မြင့်စေတဲ့ အချက်များစွာ ရှိပါတယ်။ ဥပမာ-
- အမျိုးသမီးရဲ့ ဆီးထုတ်ပြွန်က အမျိုးသားများထက် တိုတာကြောင့် ဘတ်တီးရီးယားက ဆီးအိတ်ဆီကို မြန်မြန်ရောက်ပါတယ်။ ဒါကြောင့် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်လွယ်ပါတယ်။
- အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
- တားဆေးအနေနဲ့ သုက်ကောင်သတ်ဆေးများ သုံးတဲ့ အမျိုးသမီးများကလည်း ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။
- သွေးဆုံးပြီး အမျိုးသမီးဟော်မုန်း ချို့တဲ့ခြင်းကလည်း ဆီးလမ်းကြောင်းမှာ ပြောင်းလဲမှုများ ဖြစ်စေပြီး ရောဂါပိုး ဝင်စေပါတယ်။
- မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းမှုရှိတဲ့ ကလေးများက ဆီးကို ပုံမှန် မစွန့်ထုတ်နိုင်ဘဲ ဆီးထုတ်ပြွန်မှာ ဆီးကျန်ခြင်းကြောင့် ပိုးဝင်လွယ်ပါတယ်။
- ဆီးကျောက် သို့မဟုတ် ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးပိုးဝင်လွယ်စေပါတယ်။
- ဆီးချိုသွေးချိုနဲ့ ကိုယ်ခံအားကို အားနည်းစေသော အခြားရောဂါများကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို မြင့်စေပါတယ်။
- ဆီးပိုက်ကြာရှည်စွာ ထည့်ခြင်း၊ ပုံမှန်မလဲခြင်းတို့ကြောင့် ချိုးကပ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။