backup og meta

Typhoid Fever (အူရောင်ငန်းဖျားရောဂါ)

အူရောင်ငန်းဖျားရောဂါ ဆိုတာ Salmonella typhi (သို့) Salmonella paratyphi ဘက်တီးရီးယားကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ပိုးရှိသူထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများကို ကူးစက်နိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါ က ဘယ်လောက်အဖြစ်များသလဲ

အူရောင်ငန်းဖျားရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်များ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။

အူရောင်ငန်းဖျားရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါကူးစက်ခံရပြီး ၁ပတ်ကနေ ၃ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

• ဖျားခြင်း

အဖျားက နေ့စဉ် တက်တက်လာခြင်း၊ 104.9 F ( 40.5 C) ထိ တက်နိုင်ပါတယ်

• ခေါင်းကိုက်ခြင်း

• အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

• ကိုယ်လက် ကိုက်ခဲခြင်း

• ချွေးထွက်ခြင်း

• ချောင်းဆိုးခြင်း

• အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

• ဗိုက်အောင့်ခြင်း

ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း

• အဖုအပိမ့်များ ထွက်ခြင်း

• ဗိုက်အလွန်အမင်း ဖောင်းလာခြင်း

အူရောင်ငန်းဖျားရောဂါကို ဘာတွေကဖြစ်စေသလဲ

Salmonella typhi ပိုးရှိသော ရေနဲ့ အစားအစာများကို စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျားဖြစ်နိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါ ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူရောင်ငန်းဖျားဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

• အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အခြားသောနေရာများကဲ့သို့သော ဖွံ့ဖြိုးဆဲနေရာတွေမှာ နေထိုင်ခြင်း

• ကလေးအရွယ်ဖြစ်နေခြင်း

• အူရောင်ငန်းဖျား ဖြစ်ပွားနေသော နေရာများသို့ သွားရောက် လည်ပတ်ခြင်း

• အူရောင်ငန်းဖျားဖြစ်ပွားနေသောသူနှင့် မကြာခင်က ဖြစ်ပွားခဲ့သော သူများနှင့် နီးနီးကပ်ကပ် နေခြင်း

အူရောင်ငန်းဖျားရောဂါ ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။

အတည်ပြုဖို့ ဓာတ်ခွဲခန်းမှာ သွေး၊ ဝမ်းတို့မှ Salmonella typhi ကို ပိုးမွေးပြီး ရောဂါရှာဖွေပါတယ်။ လိုအပ်ရင် အူရောင်ငန်းဖျား DNA အတွက် ပဋိဓာတ် ရှိမရှိ စစ်ဆေးပါလိမ့်မယ်။

အူရောင်ငန်းဖျားရောဂါကို ဘယ်လိုကုသပါသလဲ

အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသောနည်းက ပိုးသတ်ဆေးပေးခြင်းပါပဲ။ သောက်ဆေး၊ ထိုးဆေး စသဖြင့် လူနာပေါ် မူတည်ပြီး ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက် ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။

ဒါ့ပြင် ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်

  • ကြာရှည်စွာဖြစ်နေသော အဖျားနှင့် ဝမ်းလျှောခြင်းတို့ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးခြင်း
  • အစာအာဟာရဖြည့်ပေးခြင်း
  • အူပေါက်သွားပါက ခွဲစိတ်ကုသခြင်း

အူရောင်ငန်းဖျားရောဂါကို ကာကွယ်ခြင်း

အူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေ ကူးစက်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့၊ အစာမစားခင် လက်ဆေးဖို့ အရေးကြီးပါတယ်။

Takeaways

အူရောင်ငန်းဖျားရောဂါက အစားအသောက်ကနေတဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ကံကောင်းတာက ပိုးသတ်ဆေးတွေပေးပြီး ကုသနိုင်သလို အစားအသောက်တွေ သန့်ရှင်းအောင် ပြင်ဆင်ချက်ပြုတ်ပြီး ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Typhoid fever.

http://www.mayoclinic.org/diseases-conditions/typhoid- fever/basics/definition/con-20028553

. Accessed June, 13, 2016.

Typhoid fever.

http://www.webmd.com/a-to- z-guides/typhoid- fever.

Accessed June, 13, 2016.Typhoid fever.

http://www.mayoclinic.org/diseases-conditions/typhoid- fever/basics/definition/con-20028553.

Accessed June, 13, 2016.

Typhoid fever.

http://www.webmd.com/a-to- z-guides/typhoid- fever.

Accessed June, 13, 2016.Typhoid fever.

http://www.mayoclinic.org/diseases-conditions/typhoid- fever/basics/definition/con-20028553.

Accessed June, 13, 2016.

Typhoid fever.

http://www.webmd.com/a-to- z-guides/typhoid- fever.

Accessed June, 13, 2016.Typhoid fever.

http://www.mayoclinic.org/diseases-conditions/typhoid- fever/basics/definition/con-20028553.

Accessed June, 13, 2016.

Typhoid fever.

http://www.webmd.com/a-to- z-guides/typhoid- fever.

Accessed June, 13, 2016.

ယခုပုံစံ

13/12/2023

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement