Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကဘာလဲ။

နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်းဆိုသည်မှာ နှလုံးက သူရဲ့လုပ်ငန်းဖြစ်တဲ့ သွေးကို ကိုယ်ထဲ လှည့်ပတ်စီးဆင်းစေရန် ညှစ်ထုတ်ပေးခြင်းကို မဆောင်ရွက်နိုင်တော့သော အခြေအနေဖြစ်တယ်။

နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ လူတွေမှာ သွေးဟာ နှလုံးမှတဆင့် ကိုယ်ထဲသို့ အလွန်နှေးကွေးစွာ စီးဆင်းကြတယ်။ သွေးတွေကို လုံလောက်အောင် မညှစ်ထုတ်နိုင်သောအခါ နှလုံးရဲ့အခန်းတွေဟာ သွေးတွေပိုပြီးလက်ခံနိုင်အောင် ဆွဲဆန့်ပေးရတယ် သို့မဟုတ် နှလုံးနံရံတွေမာကြောလာရတယ်။

ဒီလိုလုပ်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပိုလက်ခံလာနိုင်သော်လည်း နှလုံးကြွက်သားများသည် တဖြည်းဖြည်းနှင့် အားနည်းလာပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်သော အခြေအနေ ဖြစ်သွားတတ်တယ်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကပ်ဟာ ကိုယ်တွင်းမှာရှိတဲ့ ရေနှင့်ဆားဓါတ်ကို ဆွဲယူဖို့ လုပ်ဆောင်ပေးရတယ်။

သို့သော် နှလုံးစွမ်းဆောင်ရည် ကျဆင်းသောအခါ ရေဓါတ်ဟာ ကိုယ်တွင်းမှာ စုပုံလာပါတော့တယ်။
နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းသည် ရုတ်တရက် နှလုံးဖောက်ခြင်း ၊ နှလုံးရပ်ခြင်းတို့ နှင့်တော့ ကွာခြားပါသည်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီကျန်းမာရေးအခြေအနေက အလွန်ဆိုးရွားနေတဲ့ အခြေအနေဖြစ်တယ်။ အသက်အရွယ်မရွေး ဖြစ်ပွားတတ်တယ်။ နှလုံးပျက်ဆီးခြင်းကို လတ်တလော ကုသနိုင်ခြင်း မရှိသေးတဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချသင့်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်း၏ အတွေ့ရများသော လက္ခဏာတွေကတော့

• လှုပ်ရှားနေစဉ် သို့မဟုတ် အနားယူနေစဉ်တွင် မောပန်းခြင်း
• အလွန်အမင်း မောပန်းနေတတ်ခြင်း
• ခြေဖဝါး၊ ခြေကျင်းဝတ်၊ ဗိုက်နှင့် ကျောဘက်အောက်နားတွင် ဖောရောင်နေခြင်း

အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေ လည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလား ဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များဖြစ်ပွားလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
• သင့်ခြေဖဝါး၊ ခြေထောက်၊ ခြေကျင်းဝတ်နှင့် ဝမ်းဗိုက် ပိုဖောရောင်လာခြင်း
• နေ့စဉ်လုပ်နေကျ အလုပ်တွေကို မလုပ်ဆောင်နိုင်ခြင်း
• ညဘက်တွင် ချောင်းဆိုးခြင်း
• စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း သို့မဟုတ် မရေမရာဖြစ်ခြင်း
• ရေဓါတ်ခန်းခြောက်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• နှလုံးခုန်မြန်ခြင်း (အနားယူနေချိန်တွင် နှလုံးခုန်နှုန်းက ၁မိနစ်လျှင် ၁၂၀ကြိမ်ထက်များနေခြင်း)

ဒီထဲတွင်မပါသော အချက်များ သို့မဟုတ် သိလိုသောအချက်များကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ကိုယ်ဟာ ရောဂါကိုတုံ့ပြန်ပုံခြင်း မတူတတ်ကြပါ။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ ရောဂါကို စောစီးစွာတွေ့လျှင် ဆေးကုသရန်ပိုမိုလွယ်ကူပြီး အကျိုးရှိနိုင်ပါတယ်။

အကြောင်းရင်းများ

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေများစွာ ရှိပါတယ်။ တခြားရောဂါတစ်ခုကြောင့် နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်တတ်တာများပါတယ်။ နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်းကို အဖြစ်များစေတဲ့ အကြောင်းရင်းများမှာ
• ဆီးချိုသွေးချိုရောဂါ
• အဝလွန်ရောဂါ
• ဆေးလိပ်သောက်ခြင်း
• သွေးတိုးရောဂါ
• စိတ်ကျရောဂါ
• အိပ်စက်ခြင်းဆိုင်ရာပြဿနာ
• အရက်နှင့် စိတ်ကြွဆေးများ
• တချို့သော ကင်ဆာကုထုံးများ

ဖြစ်နိုင်ခြေများ

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးပျက်ဆီးခြင်းကို အဖြစ်များစေတဲ့အကြောင်းရင်းများမှာ
• နှလုံးသွေးကြောရောဂါ
• သွေးတိုးရောဂါ
• ဆီးချိုရောဂါ
• ဆေးလိပ်သောက်ခြင်း
• အဆီ၊ ကိုလက်စရောများတဲ့ အစားအသောက်နှင့် ဆားအစားများခြင်း
• အဝလွန်နေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရောဂါကို ရှာဖွေရန် ဆရာဝန်မှ သင့်အား ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာအကြောင်းကို မေးမြန်းပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်ဆီမှသိလိုသော အချက်များမှာ
• သင်တွင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရင်ဘက်အောင့်တဲ့ရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စရောများတဲ့ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် တခြားနှလုံးနှင့် ပတ်သက်သောရောဂါများ ရှိ၊ မရှိ
• မိသားစုတွင်းမှာ နှလုံးရောဂါဖြစ်တဲ့သူနှင့် ရုတ်တရက်သေဆုံးသူ ရှိ၊ မရှိ
• ဆေးလိပ် သို့ ဆေးရွက်ကြီးသုံးစွဲမှု ရှိ၊ မရှိ
• အရက်သောက်သုံးမှုနှင့် သောက်တဲ့ပမာဏ
• သင်ဟာ ကင်ဆာဆေးကုထုံး သို့မဟုတ် ဓါတ်ရောင်ခြည်ကုထုံး ယူထားခြင်းရှိ၊ မရှိ
• သင်သောက်နေတဲ့ ဆေးများ
ဆရာဝန်မှ သင့်အား သွေးစစ်ဆေးခြင်း၊ ရင်ဘတ်ဓါတ်မှန်၊ ECG စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပါလိမ့်မယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ယခုအချိန်တွင် ဒီရောဂါကို ပျောက်ကင်းအောင် ကုသ၍မရပါ။ ရောဂါလက္ခဏာကို ထိန်းချုပ်ခြင်းဖြင့် လူသားများဟာတက်တက်ကြွကြွဖြင့် သက်တမ်းစေ့နေနိုင်ပါလိမ့်မယ်။

ဆရာဝန်မှ သင့်ရဲ့သွေးပေါင်ချိန်ကို ထိန်းထားရန်နှင့် နှလုံးခုန်မှုကို ထိန်းထားရန်အတွက် သောက်သုံးရန်ဆေးဝါးများကို ညွှန်ကြားပါလိမ့်မယ်။
သောက်သုံးရမည့် ဆေးများထဲတွင်
• Angiotensin-converting enzyme (ACE) inhibitors
• Angiotensin II receptor blockers
• Beta blockers
• Diuretics
• Aldosterone antagonists
• Inotropes

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

    မိုးဦးတော့ကျလာခဲ့ပါပြီ။ မိုးနဲ့အတူ ကူးစက်ရောဂါတွေ၊ မှိုရောဂါတွေ၊ အရေပြားရောဂါတွေ၊ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

    စိတ်ခံစားချက်၊ ကျေနပ်ပျော်ရွှင်ခြင်း၊ မိသားစုဘဝ၊ စိတ်ဆင်းရဲ၊ ဆုံးရှုံးမှု၊ ဝေးကွာမှု၊ စိုးရိမ်ပူပန်စိတ်၊ ပိုက်ဆံ၊ အိမ်ထောင်ပြုခြင်း၊ ကလေးမွေး၊ အမျိုးသမီး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

    ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အရေပြားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ကုထုံး၊ ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်

    ဟော့ပေ့ါဟင်းရည်၊ Nitrite Level၊ အသားလုံး၊ Base Soup၊ ဆိုဒီယမ်၊ Preserved Foods၊ ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ်၊ မုန်လာဥနီ၊ ဂေါ်ဖီပွင့်၊ ကန်စွန်းရွက်၊ အမျှင်ဓာတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

    နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 5, 2020
    Baby Corn နဲ့ ကျန်းမာရေး

    Baby Corn နဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 5, 2020
    ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

    ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 5, 2020
    ရာသီဥတုဖေါက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

    ရာသီဥတုဖေါက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 4, 2020