Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 2, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကဘာလဲ။

ပါရာစီတမောပါဝင်တဲ့ အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာ

ဆေးတွေဟာ အမျိုးပေါင်း၁၀၀ကျော်လောက်ရှိပါတယ်။ တကယ်လို့

တူညီတဲ့ ပါရာစီတမောကို တံဆိပ်မျိ ုးစုံတို့ကို တစ်ချိန်တည်းမှာ သောက်လိုက်မိပါက လူတစ်ယောက်ဟာ ပါရာစီတမော အများကြီး

ကို မသိလိုက်ပဲ သောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေ

အတွက်ဆိုပြီး ပါရာစီတမောကို အရည်ပုံစုံ၊အခဲပုံစံတွေ လာတဲ့အ

တွက် မိဘတွေက အရည်တွေအခဲတွေ မျိုးစုံကို ပါရာစီတမော တစ်မျိုးထဲပါတာကို နားမလည်ပဲ တစ်ပြိုင်နက်တည်းတိုက်မိမယ်ဆို

ပါက ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း တစ်မျိုးပြီးတစ်မျိုးပြောင်း

တိုက်မိပါက ကလေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။

ပါရာစီတမောဆိုတာက ပမာဏအများကြီးသုံးတဲ့အထိကို စိတ်ချရတဲ့ ဆေးဖြစ်တယ်လို့ဆိုနိုင်ပါတယ် သို့သော် ဒီဆေးက လုံး၀ အန္ထရာယ်ကင်းတယ်လို့တော့ပြောလို့မရပါတယ်။ အဆိပ်သင့်

တဲ့အထိဖြစ်ဖို့ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ပမာ

ဏထက် အကြိမ်များစွာ သောက်လိုက်မှသာ အဆိပ်သင့်ပါမယ်။

ဥပမာအားဖြင့် လူတစ်ယောက်က ၆၈ကီလိုဂရမ်လေးတယ်ဆိုပါက

၃၂၅မီလီဂရမ်ပါဝင်တဲ့ ပါရာစီတမော အလုံး၃၀သောက်ပါက အဆိပ်သင့်စေတဲ့အနေအထားကိုရောက်နိုင်ပြီး တစ်ခါတည်း အဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က

၃၂၅မီလီဂရမ်ပါတဲ့ အလုံးရေ ၄၀လောက်သောက်မှသာ သေတဲ့အထိဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပါရာစီတမောကို တစ်ခါတည်း အများကြီးသောက်လိုက်မိတယ်ဆိုကတည်းက မတော်တဆကြောင့် မဟုတ်ဖူးဆိုတာ သိသာပါတယ်။

အဆိပ်အတောက်ဖြစ်ခြင်းဟာ တကယ်လို့ ပမာဏအနည်းငယ်ကို

ခဏခဏ သောက်နေမယ်ဆိုပါက လည်းဖြစ်နိုင်ပါသေးတယ်။ တ

ကယ်လို့ အဆိပ်ဖြစ်စေတဲ့ပမာဏဆိုပါက အသည်းကို ထိခိုက်နိုင်

ပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။

လက္ခဏာများ

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေ

လဲ။

ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

-ပျိ ု့ခြင်း

-အန်ခြင်း

-နေထိုင်မကောင်းခြင်း

-အစားမစားချင်ခြင်း ဒါမှမဟုတ် အစားအသောက်ပျက်ခြင်း

-ဗိုက်နာခြင်း

-စိတ်ရှုပ်ထွေးခြင်း

ပါရာစီတမောကို ပမာဏအများကြီး သောက်ပြီးပြီးချင်း တန်းပြီး အဆိပ်သင့်လက္ခဏာတွေ မပြတတ်ပါဘူး။ သင်က အဆိပ်သင့်ပမာဏထိသောက်ပြီးတာတောင် ဘာလက္ခဏာမှ

မပြပဲ ၂၄နာရီအထိနေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်က သင့်ဆီမှာ ပါရာစီတမော အများကြီးသောက်မိတယ်လို့ သံသယရှိပါက သင့်ဆရာဝန် ဒါမှမဟုတ် အဆိပ်အတောက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစင်တာ ဒါမှမဟုတ် အရေးပေါ်ကျန်းမာရေးဌာနကို ခေါ်ကိုခေါ်ရပါမယ်။

ခြံ ုပြီးပြောရမယ်ဆိုရင်တော့ ပါရာစီတမောအဆိပ်သင့်လို့ တစ်ယောက်ယောက်က သံသယရှိရင်တော့ ဘာလက္ခဏာမှမပြသေးခင် ဆေးကုသမှုကို အမြန်ဆုံး

ခံယူတာအကောင်းဆုံးပါပဲ။ စောစောစီးစီး ကုသမှုခံယူထားပါက တအားဆိုးရွားတဲ့အခြေအနေတွေကို မရောက်စေနိုင်တော့ပါဘူး။

အောက်ပါအခြေအနေတွေရှိပါက အရေးပေါ်ကျန်းမာရေးဌာနကို ဆက်သွယ် ပါ။

တကယ်လို့ လူတစ်ယောက်က ပါရာစီတမောအများကြီးသောက်မိ

ပြီး သတိလစ်ခြင်း၊ သတိလစ်ခါနီးဖြစ်ခြင်း ဒါမှမဟုတ် အသက်မရှု

တော့ရင် ကျန်းမာရေးဌာနကို အမြန်ဆက်သွယ်ပါ။

အဆိပ်သင့်တာနဲ့ဆိုင်တဲ့ထိန်းချုပ်မှုဌာကနေ သွားခိုင်းပါက ဆေးရုံက အရေးပေါ်ဌာနကိုအမြန်သွားပါ။ တကယ်လို့ ဘယ်လိုပုံစံ

နဲ့ ဘယ်လောက်ပမာဏသောက်မိတယ်ဆိုတာကို မသေချာပါကလည်း အရေးပေါ်စောင့်ရှောက်မှုခံယူဖို့လိုပါတယ်။ တကယ်လို့ ကလေးတစ်ယောက် လူကြီးတွေကွယ်ရာမှာ ပါရာစီတမောတွေအများကြီးသောက်မိ

တယ်ဆိုပါကလည်း ကျန်းမာရေးစောင့်ရှောက်မှု အမြန်ခံယူပါ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပါရာစီတမောအဆိပ်သင့်ခြင်းကြောင့်ရတဲ့ နာမကျန်းဖြစ်မှုဟာ အဓိ

ကအားဖြင့် အသည်းပျက်စီးမှုကြောင့် ဖြစ်ရပါတယ်။

ပါရာစီတမောကို အသည်းကနေ ပထမဆုံး ခြေဖျက်ရပါမယ်။ ပါရာစီ

တမော အများကြီး သောက်မိပါက အသည်းရဲ့ ပုံမှန် အလုပ်လုပ်ပုံကို ပျက်သွားစေနိုင်ပါတယ်။

တကယ်လို့ အသည်းက အစကတည်းက ပိုးဝင်လို့ အရက်သောက်လို့ တစ်ခြားနာမကျန်းဖြစ်မှုကနေ ပျက်စီးထားတယ်

ဆိုပါက ပါရာစီတမောအများကြီး ဝင်ခြင်းကနေ ပိုဆိုးစေပါတယ်။

အဲ့ဒါကြောင့်ပဲ အသည်းမကောင်းတဲ့လူနာတွေ အရက်တအားသောက်တဲ့လူတွေဟာ ပါရာစီတမောနဲ့ ပါရာစီတမောပါတဲ့ ဆေးတွေသောက်တော့မယ်ဆိုပါက သူတို့ဆရာဝန်နဲ့ မသောက်ခင် တိုင်ပင်သင့်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဆိုင်ရာ

ဌာနကတော့ ပါရာစီတမောပါတာသောက်မယ်ဆိုပါက အရက်သေစာ မသောက်စားဖို့ အကြံပေးထားပါတယ်။

ပါရာစီတမောကို သောက်သင့်တဲ့ပမာဏလောက်ကိုပဲ အမြဲစွဲသောက်ခြင်းကတော့ အသည်းကို အန္တရာယ်ဖြစ်စေတယ်လို့

ပြထားတာတွေမတွေ့ရသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အခြားသောအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်မဟုတ်တဲ့ အသည်းလုပ်ငန်းစဉ်စမ်းသပ်ချက်များမှာ ပါရာစီတမောဓါတ်ဖြစ်တဲ့ acetaminophenလို့ခေါ်တဲ့ ပမာဏတွေ

သွေးထဲမှာ များနေတာတွေ့ရမှာပါ။

ဆရာဝန်တွေက ပါရာစီတမောအဆိပ်သင့်ခြင်းကို ကိုယ့်ဘာသာသတ်သေဖို့ကြိုးစားတဲ့လူတွေ ၊ချောင်းဆိုးနှာစေးဖြစ်တဲ့ကလေးတွေကို ပါရာစီတမောပေးထားတာမျိုးတွေနဲ့ အမှတ်မထင် ပါရာစီတမောကို မျိ ုချမိတာတွေမှာ စဉ်းစားလေ့ရှိပါတယ်။

ဆရာဝန်များက ပါရာစီတမောအဆိပ်သင့်ခြင်းကို သောက်လိုက်တဲ့ ပမာဏအပေါ်မူတည်ပြီး သို့မဟုတ် လူနာရဲ့သွေးထဲက acetaminophenရဲ့ပမာဏကို ကြည့်ပြီး ခန့်မှန်းကြပါတယ်။ သောက်ပြီးတဲ့နောက် ၄နာရီမှ ၂၄နာရီအတွင်းမှာ တိုင်းတာတဲ့ ပမာဏကိုကြည့်ပြီး အသည်းဘယ်လောက်ပျက်စီးနေပြီလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကျောက်မီးသွေး ဒါမှမဟုတ် acetylcysteineလို့ခေါ်တဲ့ဓါတ်ပစ္စည်းများ

တစ်ခါတစ်လေမှာ အသည်းပျက်စီးမှုအတွက်ကုသမှုများ သို့မဟုတ် အသည်းအစားထိုးကုသခြင်း

တကယ်လို့ ပါရာစီတမောကို သောက်ထားတာ နာရီအနည်းငယ်

သာရှိဦးမယ်ဆိုပါက activated charcoal လို့ခေါ်တဲ့ ကျောက်မီးသွေး ဓါတ်တစ်မျိုးုကို ပေးနိုင်ပါတယ်။

တကယ်လို့ သွေးထဲမှာ ပါရာစီတမောမှာပါတဲ့ acetaminophen ဓါတ်မြင့်နေရင်တော့ acetylcysteineလို့ခေါ်တဲ့ အရာကို ပါးစပ်

က တိုက်တာဒါမှမဟုတ် သွေးကြောထဲကထိုးခြင်းနဲ့ အဆိပ်ဓါတ်ကိုလျော့ကျစေမှာပါ။acetylcysteine ကို တစ်ရက်ကနေ ရက်များစွာအထိ ခဏခဏ ပေးလို့ရပါတယ်။ ဒီ

အဆိပ်ဖြေဆေးကတော့ အသည်းကို ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ပေးနိုင်သော်လည်း ထိခိုက်ပြီးသားဒဏ်ရာကိုတော့ အကောင်းတိုင်းပြန်ဖြစ်အောင်မလုပ်ပေးနိုင်ပါဘူး။ ထို့ကြောင့် ဒီacetylcysteineကို အသည်းဒဏ်ရာမရခင်မှာ ပေးကိုပေးရပါမယ်။

အသည်းပျက်စီးခြင်းနဲ့ အသည်းအစားထိုးရတဲ့ ကုသမှုတွေလည်း

လိုအပ်ရင်ကုသရပါမယ်။

တကယ်လို့ အဆိပ်သင့်ခြင်းဟာ ပမာဏအနည်းငယ်ကို ခဏခဏ ရခြင်းကြောင့်ဆိုရင်တော့ အသည်းပျက်စီးမှုပမာဏကိုခန့်မှန်းရတာ

ခက်ခဲပါတယ်။acetylcysteineကို တကယ်လို့အသည်းပျက်စီးနိုင်

တယ်ဆိုရင် ဒါမှမဟုတ် အသက်က ပျက်စီးနေတယ်ဆိုပါက ပေးရ

ပါမယ်။

လူနေမှုပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

ပါရာစီတမော အဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

ပါရာစီတမော အဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့

-ပါရာစီတမောပါတဲ့ဆေးဗူးတွေကို သေချာလုံခြုံစွာပိတ်ထားပါ။ ကလေးတွေအလွယ်တကူဖွင့်လို့မရတဲ့ဆေးဗူးမျိုးသုံးပါ။ ဆေးတွေကို

ကလေးတွေနဲ့ခပ်ဝေးဝေးမှာ သေချာသိမ်းဆည်းပြီးထားပါ။

ပါရာစီတမောရဲ့ မှန်ကန်တဲ့ပမာဏကို သိပြီး ဘယ်လောက်ပမာဏ

သောက်ရမယ်ဆိုတာကို သင်က သိနေရပါမယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ဆေးပမာဏသာ သောက်မယ်ဆိုရင် သင့်မှာ

ပါရာစီတမောအဆိပ်သင့်စရာအကြောင်းမရှိပါဘူး။ မတော်တဆ ပမာဏအများကြီး သောက်မိတာမျိ ုးမရှိအောင်လို့ တိုင်လီနောနာမည်နဲ့ကုမ္ပဏီက အစက တစ်ရက်ကို အမြင့်ဆုံးပမာဏ ၈လုံး သောက်လို့ရတယ်ဆိုတာကနေ ၆လုံးကိုလျှော့ချလိုက်ပါတယ်။ နောက်ပြီး အစားအသောက်နဲ့ဆေး

ဝါးကွပ်ကဲရေး ဌာနကလည်း ဆေးကုမ္ပဏီတွေကို ပါရာစီတမောတစ်လုံးမှာ ၃၂၅မီလီဂရမ်သာ ထည့်ဖို့ ကန့်သတ်ပေး

ထားပါတယ်။ တကယ်လို့ သောက်ရမယ့်ဆေးတွေထဲမှာ ပါရာစီတမောကို နှစ်မျိုးပါနေတယ်ဆိုပါက ရောပြီးတစ်ခါတည်း မသောက်ပါနဲ့ သင့်ဆရာဝန်က သောက်ခိုင်းတယ်ဆိုရင်တော့ ရပါတယ်။ဥပမာအားဖြင့် ပါရာစီတမောရယ် ကိုဒင်းရယ်အတူပါတာရယ် အအေးမိရင်သောက်တဲ့ဟာ ပါရာစီတမောပါတာတွေကို တစ်ခါတည်း တွဲပြီးမသောက်သုံးသင့်ပါ။ ဘာပါဝင်ပစ္စည်းတွေပါလဲဆိုတာသေချာဖတ်ပါ။ ပါဝင်ပစ္စည်းကိုသေချာစွာ ညွှန်ပြထားတတ်ပါတယ်။ တကယ်

လို့ သင် ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲက စိတ်ဓါတ်ကျနေတာရှိပါက သို့မဟုတ် သတ်သေချင်စိတ်ရှိနေပါက

အိမ်မှာရှိတဲ့ဆေးတွေအကုန်လုံးရယ် အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေ

ရယ်ကို ဖယ်ရှားထားပါ။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူခိုင်းပါ။ တကယ်လို့သင်က အနာသက်သာဆေးတွေ

ကို ဘယ်လိုသောက်ရမယ် ဘယ်ချိန်သောက်ရမယ် ဆိုတာကို မသိ

ပါက သင့်ဆရာဝန်ကိုမေးပါ။ ဘယ်လိုသောက်ရမယ်ဆိုတာကို ချရေးထားပြီး အဲ့အတိုင်းပဲသောက်ပါ။ သင့်ကို ဆေးအသစ်တွေ ပေး

တဲ့အခါမှာလည်း သင့်ဆရာဝန်က သင်ဘာဆေးတွေသောက်နေ

တယ် ဘယ်လိုအားဆေးတွေသောက်နေတယ်ဆိုတာကို သိနေပါ

စေ။ အလွယ်ကူဆုံးနည်းကတော့ ဆေးတွေကို ဘယ်လိုသောက်ရ

တယ်ဆိုတာကို စာနဲ့ချရေးထားပြီး သင့်ဆရာဝန်ကို သင်သောက်

နေတာ မှန်သလားမေးပါ။ တကယ်လို့ သင်က အရက်သောက်ထားတယ် ဆိုပါက ပါရာစီတမောကို မသောက်ပါနဲ့။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    When invisible germs enter the urinary tract for a variety of reasons, they begin to show symptoms of urinary tract infection. bacteria , Fungal infections; In very rare cases, it can be caused by a virus. Studies ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    နှလုံးရောဂါ အကြောင်း

    နှလုံးရောဂါ အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 mins read