လှပတဲ့ ရှုခင်းလေးတွေ နဲ့ ချစ်ခင်ရသူတွေကို အချိန်တိုင်း ကြည်ကြည်လင်လင်နဲ့ မြင်ချင်တဲ့ ဆန္ဒရှိလား။ ဒါဆိုရင်တော့ မျက်လုံး ကျန်းမာရေးကို ဂရုစိုက်ဖို့ မဖြစ်မနေလိုမှာပါ။ မျက်လုံး တွေက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းပါ။ မျက်လုံး ကျန်းမာရေးက ခန္ဓာကိုယ် ကျန်းမာရေးအပေါ်ကို အများကြီး သက်ရောက်မှုရှိနေနိုင်ပါတယ်။ ဒါကြောင့် လှပတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံး ခံစားနိုင်ဖို့ဆိုရင် မျက်လုံး ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
နေ့စဉ်လုပ်ဆောင်မှုတွေကြောင့် မျက်လုံး ကိုမထိခိုက်စေဖို့
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အပြုအမူတွေက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်မှု ကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။
နေပူထဲသွားရင် နေကာမျက်မှန်ဝတ်ပါ
နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ နေ့စည် ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့မှုက အချိန်ကြာလာတဲ့ အခါ အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကို ထိခိုက်မှုကင်းစေဖို့ နေပူထဲသွားတဲ့အခါ နေကာမျက်မှန် တပ်ပါ။
ဖုန်း အလွန်အကျွံမသုံးပါနဲ့
တစ်နေကုန်လည်း လက်ပ်တော့နဲ့ စာရိုက်တယ်၊ ကွန်ပျူတာသုံးတယ်။ အိမ်ရောက်တော့လည်း တီဗွီကြည့်တယ်။ အိပ်ခါနီးလည်း ဖုန်းသုံးတယ်ဆိုရင် သေချာတာက မျက်လုံးကို ဒုက္ခပေးနေတာက ကိုယ်တိုင်ပဲဆိုတာပါ။ ဒီလိုမျိုး အဆက်မပြတ် အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုနေမှုက မျက်လုံးညောင်းတာ၊ မျက်လုံးခြောက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ချက်က စခရင်မ်တွေကနေထွက်တဲ့ အလင်းရောင်တွေက မျက်လုံးကိုတင် ထိခိုက်စေတာမဟုတ်ဘဲ အိပ်စက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးက 20-20-20 rule ကိုသုံးပါ။ မိနစ် ၂၀ ဖုန်းသုံးပြီးတိုင်း ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပေးပါ။
မျက်စဉ်းခတ်ပေးပါ
ရက်လွန်နေတဲ့ အလှကုန်တွေကို မျက်လုံးတဝိုက်မှာ မသုံးပါနဲ့
ဆေးလိပ်ဖြတ်ပါ
မျက်လုံးကို ကာကွယ်ပါ
ညမအိပ်ခင် မျက်ကပ်မှန်ချွတ်ပါ
မျက်ကပ်မှန်က မျက်လုံးလေးတွေကို အလှတိုးစေတာမှန်ပေမယ့် မျက်ကပ်မှန်ကို မဖြုတ်ဘဲ အိပ်စက်မိရင်တော့ မျက်လုံးကို တော်တော်လေး ထိခိုက်စေမှာပါ။ နေ့ခင်းပိုင်းမှာဆိုရင်လည်း မျက်ကပ်မှန်က ပတ်ယန်းကျင်က အရာအမျိုးမျိုးနဲ့ ထိတွေ့မိထားနိုင်သလို ဘက်တီးရီးယားတွေလည်း အများကြီးပေါက်ဖွားနေနိုင်ပါတယ်။
နောက်တစ်ခုက မျက်ကပ်မှန်က မျက်လုံးကို အောက်ဆီဂျင် ရရှိစေမှုနည်းစေပြီး မျက်လုံးခြောက်တာနဲ့ အခြားမျက်လုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်မှုကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင် မျက်ကပ်မှန်ချွတ်ပါ။
မျက်လုံးဆရာဝန်နဲ့ ပုံမှန်ပြသပါ
မျက်လုံးဆိုတာက ထိခိုက်မှ ဆရာဝန်ပြရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ ဒါကြောင့် မျက်လုံးကျန်းမာရေးကိုလည်း ခန္ဓာကိုယ်က အခြားအစိတ်အပိုင်းတွေလိုပဲ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုလုပ်ပေးပါ။
ပုံမှန်လမ်းလျှောက်ပါ
ပုံမှန် လမ်းလျှောက်တာက နှလုံးသွေးကြောဆိုင်ရာ ရောဂါ နဲ့ အမျိုးအစား -၂ ဆီးချိုရောဂါကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ။ မျက်လုံးကျန်းမာရေးကိုပါ ကာကွယ်နိုင်ပါတယ်။
ကိုယ်အလေးချိန် ထိန်းပါ
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ၊ အဝလွန်နေတာက နာကျင်ရောင်ရမ်းမှုကို ကျဆင်းစေနိုင်သလို သွေးပေါင်ချိန်မြင့်စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ နဲ့ ဆီးချိုလိုမျိုး မျက်လုံးကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် မျက်လုံးကျန်းမာစေဖို့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါ
သွေးတွင်းသကြားဓာတ်မြင့်တက်မှုက အတွင်းတိမ်ဖြစ်စေနိုင်သလို မျက်လုံးထဲက သွေးကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါတွေက အချိန်ကြာလာတဲ့အခါ အမြင်အာရုံ ပျက်စီးတာကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကို မပျက်စီးချင်ဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါ။
[embed-health-tool-bmi]