backup og meta

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ

အမြင်အာရုံက သက်ရှိတွေအတွက် တော်တော်လေး အရေးကြီးပါတယ်။ တစ်ခုခုကို စတွေ့ပြီဆိုရင် အရင်ဆုံး ခံစားတာက အမြင်အာရုံနဲ့ပါ။ အမြင်အာရုံ မရှိဘူးဆိုရင် အန္တရာယ်ကိုတောင် ခွဲခြားဖို့ ခက်သွားမှာပါ။ ဒီတော့ အရေးကြီးတဲ့ အမြင်အာရုံကို တတ်နိုင်သမျှ မစောင့်ရှောက်သင့်ဘူးလား။ တစ်နေ့တာမှာ ကွန်ပျူတာတွေ အမြဲမပြတ်အသုံးပြုနေရသူဆိုရင် မျက်လုံးခြောက်တာ၊ မျက်စိတွေအောင့်တာမျိုး ကြုံရနိုင်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေ လိုအပ်သလို အမြင်အာရုံ ကျန်းမာဖို့အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေလိုအပ်ပါတယ်။ တကယ်လို့ သင်က တစ်နေ့တာမှာ ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးနေရလို့ မျက်လုံးတွေ ခြောက်နေပြီ ဆိုရင်တော့ ဒီအစားအစာလေးတွေနဲ့ အားဖြည့်လိုက်ပါနော်။

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ ကတော့

ငါးက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ငါးစားတဲ့အခါ Omega – 3 fatty acids ကြွယ်ဝစွာ ပါဝင်နေတဲ့ ငါးတွေစားပေးပါ။ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတို့စားသုံးပေးပါ။

  • အခွံမာသီး

Omega-3 fatty acid နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေပြီး မျက်လုံးခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်သီး၊ မြေပဲတို့ကို စားသုံးပေးလို့ရပါတယ်။

  • အစေ့အဆန်တွေ

အခွံမာသီးတွေလိုပဲ Omega-3 fatty acid နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးအတွက် စားပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အစေ့အဆန်တွေ ပါဝင်အောင်စားသုံးပေးပါ။

  • အချဉ်ဓာတ်ရှိတဲ့ အသီးတွေ

ဓာတ်တိုးဆန့်ကျင် အာနိသင်ဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးခြောက်တာနဲ့ အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုတို့စားပေးလို့ရပါတယ်။

  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ

မျက်လုံးအတွက် အာဟာရဖြစ်တဲ့ ဗီတာမင် A ပါဝင်တာကြောင့် မျက်လုံး ကျန်းမာဖို့ စားပေးသင့်ပါတယ်။ ဒါကြောင့်နေ့စဉ် ဟင်းနုနွယ်၊ ကိုက်လန် နဲ့ တရုတ်နံနံတို့ကို စားပေးပါ။

မုန်လာဥနီမှာ ဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်က အမြင်အာရုံအတွက် အာဟာရ တစ်ခု ဖြစ်သလို မုန်လာဥနီမှာပါတဲ့ rhodopsin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက အမြင်လွှာက အလင်းကို စုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။

ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဇင့်ဓာတ်ပါဝင်မှုကြောင့် အမြင်အာရုံကို အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ မျက်လုံးတွင်းက သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။

  • ဥအမျိုးမျိုး

ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်တို့ ပါဝင်တာကြောင့် မျက်လုံးခြောက်တာ ကင်းဝေးပြီး အမြင်အာရုံ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။

  • ရေ

ရေဓာတ်က ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအတွက် အရေးပါတာပါ။ ဒါကြောင့် မျက်လုံးခြောက်တာ ကင်းစေဖို့ အကောင်းဆုံး သောက်စရာက ရေလို့ ပြောပါရစေ။ ရေဓာတ် ပြည့်ဝနေမှုက မျက်လုံးမခြောက်အောင် ကာကွယ်ပေးနိုင်မှာပါ။

တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် မျက်လုံးခြောက်တာမျိုး မဖြစ်စေဖို့ ဒီအချက်တွေကို သတိထားပေးလိုက်ပါနော်…..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can Changing My Diet Help My Dry Eye?https://www.webmd.com/eye-health/dry-eye-change-diet#1 Accessed Date 24 January 2019

How to Treat Dry Eye Disease Naturally with Diethttps://nutritionfacts.org/2017/10/31/how-to-treat-dry-eye-disease-naturally-with-diet/ Accessed Date 24 January 2019

Top 10 foods for healthy eyeshttps://www.medicalnewstoday.com/articles/321226.phpAccessed Date 24 January 2019

ယခုပုံစံ

09/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ပျူတာက သင့်ကလေးမျက်လုံးတွေကိုထိခိုက်စေနိုင်သလား

မျက်လုံးအောင့်တာ သက်သာစေမယ့်နည်းလမ်း (၅)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement