backup og meta

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

    အော်ပြီ ဟစ်ပြီဟေ့ဆိုရင် လည်ချောင်းနာ မယ်၊ အသံဝင်မယ်၊ ချောင်းဆိုးမယ် စတာတွေက ခံစားရနိုင်တဲ့ ဝေဒနာတွေပါပဲ။ ဒါတွေက တစ်ရက် နှစ်ရက်နဲ့ ပျောက်တာ မဟုတ်တော့ အော်ကလည်း အော်ချင် နာကလည်းနာဆို ဒုက္ခများပါတယ်။ ဒါဆိုရင် ဒီဝေဒနာတွေကို အမြန်သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးများ မရှိဘူးလား။ ဒီဆောင်းပါးမှာတော့ လည်ချောင်းနာတာ သက်သာအောင် လုပ်နိုင်မယ့် အလွယ်နည်းလေးတွေ၊ လည်ချောင်းနာနေချိန်မှာ စားရ၊ မစားရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။

    သိပ္ပံနည်းကျလေ့လာထားတဲ့ ဆေးဝါးမလိုဘဲ လည်ချောင်းနာ အမြန်သက်သာစေမယ့် နည်းလမ်းများ

    အလွယ်တကူရနိုင်တဲ့ ရေနွေးဖြူဖြစ်ဖြစ်၊ ရေနွေးကြမ်းဖြစ်ဖြစ် အာစွတ်ရုံနဲ့ ခဏခဏ သောက်ပေးပါ။ ဒါမှမဟုတ် ရေအေးအေး (ရေခဲရည်မဟုတ်)၊ သစ်သီးဖျော်ရည် အေးအေးလေးတွေ သောက်နိုင်ပါတယ်။

    ဒီအရည်တွေက လည်ချောင်းမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာမှာ ရှိနေတဲ့ လေအိတ်တွေကို သန့်စင်စေပါတယ်။ ရေနွေးနွေးလေးတွေ သောက်ပေးတဲ့အခါကျတော့ လည်ချောင်းရှင်းပြီး ခဏခဏချောင်းဆိုးတာကို သက်သာစေပါတယ်။ ရေနွေး၊ ရေအေး ကိုယ်အဆင်ပြေရာကို သောက်နိုင်ပါတယ်။

    ရေအေးအေး ဆိုပေမဲ့ ရေခဲရေလို အရမ်းအေးတာတွေကတော့ မသင့်တော်ပါဘူး။

    ဆား လက်ဖက်ရည်ဇွန်းဝက် (ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းဝက်) ကို ရေနွေးနဲ့ ရောပါ။ လည်ချောင်းထဲထိရောက်အောင် အာလုပ်ကျင်းပါ။ ၃နာရီ တစ်ခါလောက် ကျင်းပေးပါ။

    ဆားရည်က လည်ချောင်းတစ်လျှောက် ရောင်ရမ်းတာ၊ သက်သောင့်သက်သာ မဖြစ်တာတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆော်ဒါကလည်း လည်ချောင်းယားယံတာကို သက်သာစေတယ်။ ချွဲတွေကို ပျော်စေပြီး လည်ချောင်းပူတာကို သက်သာစေပါတယ်။

    အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

    • ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်နိုင်တဲ့ antihistamine ဆေး အမျိုးအစားတွေ၊ အကိုက်အခဲပျောက်ဆေးတွေ

    antihistamine ဆေး အမျိုးအစားတွေက လည်ချောင်းနာတာကို သက်သာစေပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်၊ နာပရိုဇန် စတဲ့ ဆေးတွေက ဟိုးလည်ချောင်းအတွင်းထဲက နာတာ၊ အာသီးတွေ နာတာတွေကိုပါ သက်သာစေပါတယ်။

    Histamines ဆိုတာ ပြင်ပက ပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ပြန်တိုက်ထုတ်ဖို့ ထွက်တာတဲ့ ဓာတုပစ္စည်းတွေပါ။ ဒါပေမယ့် သူတို့ များလွန်းလာရင်တော့ နှာပိတ်တာတွေ၊ ချွဲကျပ်တာတွေ ဖြစ်လာပြီး လည်ချောင်းနာတာ ပိုဆိုးပါတယ်။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ဒါကို ပိုဆိုးစေတဲ့ antihistamine ဆေး တွေကို သောက်ခိုင်းတာပါ။

    ရေနွေးနွေးနဲ့ ရေချိုးပါ။ ရေနွေးငွေ့ရှူပါ။ ရေနွေးငွေ့က ချွဲတွေ ပျော်စေပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။ လည်ချောင်းကို အရောင်ကျစေပါတယ်။

  • ဖျော်ရည်နွေးနွေးလေး သောက်ပါ။
  • ဖျော်ရည်နွေးနွေးလေးတွေ ဆိုတာက ရေနွေးရယ်၊ လည်ချောင်းနာသက်သာစေတယ်လို့ နာမည်ကြီးတဲ့ ပစ္စည်းလေးတွေကို ရောထားတာပါ။ ဥပမာ ရေနွေး၊ ဝီစကီအနည်းငယ်၊ ပျားရည်၊ သံပုရာရည်တို့ကို ရောပြီး ပူပူလေး သောက်ပေးတာပါပဲ။ အရက်မသောက်တဲ့သူဆိုရင် ဝီစကီဖယ်ပြီး ဖျော်လို့ရပါတယ်။ တချို့ကတော့ သစ်ကြံပိုးခေါက်တို့၊ ချင်းတို့ ရောလေ့ရှိပါတယ်။

    ဒီဖျော်ရည်တွေက လည်ချောင်းတစ်လျှောက် ယားယံမှုတွေ၊ နာကျင်မှုတွေကို သက်သာစေပါတယ်။ ဥပမာ ပျားရည်ဆိုရင် ပိုးသေစေနိုင်တဲ့ သတ္တိရှိပါတယ်။ ချောင်းဆိုးလည်း သက်သာစေပါတယ်။ အရောင်လည်း ကျစေပါတယ်။

    • အနားယူပါ။

    အေးအေးဆေးဆေး နားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ လည်ချောင်းနာတဲ့အခါ အနားယူတာကလည်း အရေးကြီးပါတယ်။ သတိထားရမှာက ပက်လက်ပြားလိုက်ကြီး အိပ်တာက လည်ပင်းအနောက်ဘက်ကို ဖိအားများစေတဲ့အတွက် ရောင်ရမ်းတာကို ပိုဆိုးစေတတ်ပါတယ်။ ခေါင်းအုံးမြင့်မြင့်အုံးတာ၊ မတ်မတ်ထိုင်တာက နာတာကို ပိုသက်သာစေမှာပါ။

    လည်ချောင်းနာတဲ့အချိန်မှာ  အသံကို မသုံးဖို့လည်း အရေးကြီးပါတယ်။ အော်တာ ဟစ်တာကစလို့ စကားကျယ်ကျယ်ပြောတာ၊ စကားများများ ပြောတာ၊ သီချင်းဆိုတာ၊ လေချွန်တာကို နားထားဖို့ လိုပါတယ်။

    လည်ချောင်းနာနေတဲ့ အချိန်မှာ ဘာတွေ စားပြီး ဘာတွေ ရှောင်ကြမလဲ။

    စားသင့်တာတွေက

    -အားရှိတာတွေ၊ ခပ်ပျော့ပျော့နဲ့ လည်ချောင်းမှာ ကသိကအောင့် မဖြစ်တာတွေကို ဦးစားပေးစားရမှာပါ။

    -ဥပမာ ငှက်ပျောသီး၊ ကြက်ဥ၊ ဒိန်ချဉ်၊ ကြက်စွပ်ပြုတ် စတာတွေပါ။ အသီးတွေကို ရေခဲချောင်း လုပ်ပြီး စားတာကလည်း လိုအပ်တဲ့ အာဟာရတွေ ရနိုင်တဲ့အပြင် လည်ချောင်းကိုလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။

    ရှောင်သင့်တာက

    လည်ချောင်းနာနေတဲ့အချိန်မှာ အစာမျိုရခက်တာ၊ နာတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေကို ရှောင်စားပါ။

    ကြွပ်ရွပြီး မာတဲ့အစားအစာတွေ – အာလူးကြော်တို့၊ မြေပဲတို့ စတာတွေက လည်ချောင်းနံရံကို ထိခိုက်စေတဲ့အတွက် နာနေတဲ့အချိန်မှာ ခဏရှောင်ထားပါ။

    ချဉ်လွန်းတဲ့ အသီးတွေ – ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေက ခန္ဓာကိုယ်ခုခံအားကောင်းစေတယ်ဆိုပေမယ့် ဒီလိုအချိန်မှာတော့ မစားသင့်ပါဘူး။ သူတို့မှာပါတဲ့ အက်စစ်ဓာတ်ကြောင့် လည်ချောင်းပိုပူတာ ဖြစ်နိုင်ပါတယ်။

    အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

    အချဉ်ဖောက်ထားတဲ့ အစားအစာတွေ – ကင်ချီတွေ၊ ရှမ်းချဉ်တွေ စတာတွေက ဆားနဲ့ အချဉ်တွေ များတဲ့အတွက် လည်ချောင်းရောင်ရမ်းတာကို ပိုဆိုးစေပါတယ်။

    ဟင်းခတ်အမွှေးအကြိုင်တွေ – တချို့ ဟင်းခတ်တွေ (ဥပမာ ချင်း၊ သစ်ကြံပိုးခေါက်)က လည်ချောင်းနာတာကို သက်သာစေတယ်ဆိုပေမယ့် အထုံစေ့တွေ၊ ငရုပ်ကောင်းတွေ၊ ငရုပ်သီးခြောက်တွေကတော့ ဒီချိန်မှာ ရှောင်ထားသင့်ပါတယ်။

    အရက် – အရက်သောက်တာက လည်ပင်းတစ်လျှောက် ပူဆင်းစေလို့ လည်ချောင်းနာတာကို ပိုဆိုးစေပါတယ်။ ဒါ့ပြင် ရေဓာတ်လည်း ခမ်းခြောက်စေလို့ လည်ချောင်းနာသူတွေ ရှောင်ကို ရှောင်သင့်ပါတယ်။

    ဆေးလိပ် – လည်ချောင်းနာနေချိန်မှာ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို ကိုယ်တိုင်သောက်တာရော၊ အငွေ့ရှူမိတာရော ဆင်ခြင်သင့်ပါတယ်။

    လည်ချောင်းနာတာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ ရက်ပိုင်းလောက် ဒီနည်းလမ်းတွေ လိုက်လုပ်မယ်၊ အစားအသောက်လေးတွေ ဆင်ခြင်မယ်ဆိုရင် မကြာခင်မှာ ပြန်ဟဲနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement