brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။ ဆိုတာကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။ ဆိုတာ မပြောခင် ဘာမီတွန်ကို ဘာအတွက် သုံးလို့ရလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

ဘာမီတွန်ဆိုတာဘာဆေးလဲ။

ဘာမီတွန်ကို ဓာတ်မတည့်မှုတွေအရေပြားမှာ အဖုအပိမ့်တွေထွက်တာတွေအတွက်အသုံးပြုကြတာပါ။ ဘာမီတွန်ကို အရေပြားမှာ အင်ပျဉ်တွေထွက်တဲ့အခါ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှူရခက်တာ၊ မျက်နှာနှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတွေမှာ ဓာတ်တည့်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ဆေးတစ်မျိုးပေါ့။

ဆေးဝါးတစ်ခုခုကို သောက်သုံးတဲ့အခါ ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ –

  • အသက် ၁၂ နှစ်အထက်ဆိုရင် 4 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။ အသက် ၆၅နှစ်ကျော်သွားရင်တော့် တစ်နေ့ကို ၃ပြား (12mg)ထက် ပိုမသောက်သင့်ပါဘူး။
  • အသက် ၆နှစ်ကနေ ၁၁နှစ်အတွင်းဆိုရင်တော့ 2 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် 1 mgဆေးပြားကို၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးငယ်တွေဆိုရင်တော့1 mgဆေးပြားကို တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သာတိုက်သင့်ပါတယ်။

သတိထားရမယ့်နောက်တစ်ချက်က အရေပြားဓာတ်မတည့်တာဖြစ်ဖြစ် ဓာတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်ဖြစ် ဘာမီတွန်ကိုသောက်နေရတယ်ဆိုရင်လည်း အများဆုံးအချိန်အတိုင်းအတာအနေနဲ့ ၇ ရက်အထိပဲ ဆက်တိုက်သောက်သင့်ပါတယ်။ ၇ ရက်ကျော်တဲ့အထိမှ ရောဂါအခြေအနေသက်သာလာတာမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပါ။ ဘာမီတွန်က အချိန်အကြာကြီးစွဲသောက်ဖို့ မသင့်တော်ပါဘူး။

တန်ဆေးလွန်ဘေး

ဆေးဝါးတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံသောက်ရင် အန္တရာယ်များပါတယ်။ ဘာမီတွန်ကို အတိုင်းအဆမှန်မှန်သောက်သုံးမယ်ဆိုရင်ရောဂါတွေကို သက်သာစေမှာမှန်ပေမယ့် အများကြီးသောက်မယ်၊ အချိန်ကြာမြင့်စွာသောက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေခံစားရနိုင်ပါတယ်။

ဒါတွေတင်မကပါဘူး။ ဘာမီတွန်ကို အများကြီးသောက်လိုက်မယ်ဆိုရင်

  • သူငယ်အိမ်ကျယ်လာမယ်
  • မျက်နှာတွေနီရဲလာမယ်
  • အဖျားတက်မယ်
  • အားနည်းလာမယ်
  • အကြောဆွဲမယ်
  • အသက်ရှူရခက်မယ်
  • တက်မယ်
  • သတိလစ်မေ့မြောတာတွေအထိဖြစ်မယ်
  • ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ် (Light-headedness)
  • ခေါင်းထဲမှာ ကြည်ကြည်လင်လင်မရှိဖြစ်မယ်
  • သိမြင်မှုစွမ်းရည်တွေကျဆင်းလာမယ်
  • ကျောက်ကပ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကိုထိခိုက်မယ်
  • ပျို့အန်ချင်မယ်
  • အစာခြေစနစ်အလုပ်လုပ်တာ နှေးလာမယ်
  • အစားစားချင်စိတ်နည်းမယ်
  • သွေးဖိအား ကျမယ်
  • သူများ မမြင်မကြားတာတွေ မြင်ကြားနေမယ်
  • စိတ်ဂနာမငြိမ်ဖြစ်မယ်
  • စိတ်မူမမှန်ဖြစ်မယ်
  • ကယောင်ကတမ်းဖြစ်မယ်

ဒီအခြေအနေတွေက အရေးပေါ်အခြေအနေတွေဖြစ်တာကြောင့် လူနာကို နီးစပ်ရာဆေးရုံကို အမြန်ဆုံးခေါ်သွားပြီး ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ တကယ်လို့ အချိန်မီမပို့ဆောင်နိုင်တာမျိုးဖြစ်မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ပါတယ်။ဘာမီတွန်ကို အယ်လ်ကိုဟောပါတဲ့သောက်စရာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။

ဘယ်သူတွေက ဘာမီတွန်မသောက်သင့်ဘူးလဲ

  • ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ
  • အသည်းရောဂါအခံရှိသူတွေ
  • မျက်စိရေတိမ်ရှိသူတွေ
  • ဆီးကျိတ်ဝေဒနာရှိသူတွေ
  • အတက်ဝေဒနာ (epilepsy)
  • ဓာတ်မတည့်မှုအတွက် တခြားဆေးဝါးတစ်ခုခုသောက်သုံးနေရသူဆိုရင်တော့ ဘာမီတွန်ကို မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။