backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Quinupristin + Dalfopristin

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Quinupristin + Dalfopristin ကို ဘာအတွက်အသုံးပြုကြသလဲ

Quinupristin + Dalfopristinသည် ပဋိဇီဝဆေး ၂ မျိုးပေါင်းထားခြင်းဖြစ်သည်။ တခြားသော ပဋိဇီဝဆေးများနှင့် ကုသမရတော့သည့် ဘက်တီးရီးယားရောဂါများ (ဆေးယဉ်ပါးသောကူးစက်ရောဂါများ) ကိုကုးရန်အတွက် အသုံးပြုပါသည်။ ဤဆေးသည် streptograminsဟုခေါ်သော ပဋိဇီဝဆေးအုပ်စုတွင် ပါဝင်ပါသည်။ Quinupristin/dalfopristinတို့ကဘက်တီးရီးယားများကြီးထွားမှုကိုတားပေးနိုင်သည်။

Quinupristin + Dalfopristin ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအကြောဆေးသွင်းရ၏၊။ များသောအားဖြင့် တစ်ရက်လျှင် ၂-၃ ကြိမ် (၈-၁၂ နာရီခြားတစ်ခါ) ပေးနိုင်သည်။ ဆေးကို ၁ နာရီကြာအောင် သွင်းရသည်။ ဆေးပမာဏမှာကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေနှင့် ကုသမှုအားတုံ့ပြန်မှုတို့အပေါ်တွင် မူတည်ပါသည်။

အိမ်မှာကိုယ်တိုင်သွင်းရန်ညွှန်ကြားပါကဆေးဖျော်စပ်ပုံနှင့် သုံးစွဲရန်အညွှန်းများကို ဆရာဝန်ဆီမှ သင်ယူပါ။ ဆေးကိုမသုံးခင် ဆေး၌ အမှုန်များပါနေခြင်း၊ အရောင်ပြောင်းခြင်းရှိမရှိသေချာစစ်ဆေးပါ။ တစ်ခုခုရှိနေလျှင် ဆေးကိုမသုံးပါနှင့်။ ဆေးပစ္စည်းများကိုသိုလှောင်ပုံစွန့်ပစ်ပုံများကိုသေချာလေ့လာပါ။

အာနိသင်အကောင်းဆုံးရရန် ဤပဋိဇီဝဆေးကို အချိန်မျှတူခွဲပြီးသုံးပါ။ ဆေးသုံးဖို့မှတ်မိနေစေရန် ဆေးကိုနေ့စဉ်တူညီသောအချိန်မှာသာသုံးပါ။

လက္ခဏာများသက်သာလာသည့်တိုင် ဆေးကိုရက်ပြည့်အောင်သုံးပါ။ ဆေးကိုစောပြီးရပ်လိုက်ခြင်းကဘက်တီးရီးယားများကိုဆက်လက်ပေါက်ဖွားစေနိုင်ပြီးရောဂါပြန်ဖြစ်လာစေနိုင်ပါသည်။

Quinupristin + Dalfopristin ဘယ်လိုသိမ်းဆည်းရမလဲ

အကောင်းတိုင်းရှိသောဆေးပုလင်းများကို2°C to 8°C (36°F to 46°F) တွင် သိုလှောင်ရမည်။ D5W နှင့်ဖျော်ထားသောဆေးရည်၏တည်ငြိမ်အားမှာအခန်းတွင်းအပူချိန်၌ ၅ နာရီ၊ 2°C to 8°C (36°F to 46°F)တွင် ၅၄ နာရီကြာပါသည်။ အေးခဲအောင်မလုပ်ရ။ ဒီထက်ပိုကြာအောင် သိုလှောင်နိုင်သည့်အချက်အလက်များရှိပါသေးသည်။ လက်ရှိညွှန်းထားချက်များကိုသိနိုင်ရန် ထုတ်လုပ်သူကိုဆက်သွယ်ပါ။

Quinupristin + Dalfopristinကိုအိမ်တွင် သိုလှောင်ရမည်ဆိုပါကသိုလှောင်ပုံအား ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်တို့ကိုမေးမြန်းပါ။ Quinupristin + Dalfopristinဘရန်းအမျိုးမျိုးသည် သိုလှောင်ပုံတစ်ခုနှင့်တစ်ခုမတူတတ်ပါ။ သိုလှောင်ရမည့်အကြောင်းကိုအညွှန်းစာတွင် သေချာဖတ်ပါ။ သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။ စိတ်ချရရန်အတွက် ကလေးများ၊ တိရိစ္ဆာန်များမမှီနိုင်သောနေရာတွင်သာထားပါ။

Quinupristin + Dalfopristinအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Quinupristin + Dalfopristin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Quinupristin + Dalfopristinကိုမသုံးခင် ဤဆေးနှင့် ဓါတ်မတည့်ခြင်းသို့မဟုတ် streptograminပဋိဇီဝဆေးများ (ဥပမာpristinamycin, virginiamycin) တို့နှင့် ဓါတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့်အသည်းပြဿနာများ၊ သွေးထဲတွင် ဘီလီရူဘင်များခြင်း။

ဤဆေးသည် အသက်ရှိသောကာကွယ်ဆေးများ (တိုက်ဖွိုက်ကာကွယ်ဆေးများ)ကိုအာနိသင်ပြယ်စေနိုင်၏။ ဆရာဝန်မှမညွှန်ကြားလျှင် ဤဆေးကိုသုံးနေစဉ် ကာကွယ်ဆေးထိုးခြင်းများမပြုလုပ်ရပါ။

ကိုယ်ဝန်ဆောင်စဉ်တွင် ဤဆေးကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုရမည်။ ကောင်းကျိုးဆိုးကျိုးများအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင် မဖြတ်နိုင် မသိရသေးပါ။ နို့တိုက်ကျွေးမှုမစတင်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ

Quinupristin + Dalfopristin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Quinupristin + Dalfopristin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ဆေးထိုးသည့်နေရာ၌ နီခြင်း၊ ဖောင်းခြင်း၊ နာခြင်း၊ နွေးခြင်းများဖြစ်လာလျှင် ဆရာဝန်ကို ချက်ချင်းပြောပါ။ ဆေးသွင်းပြီးနောက် D5W နည်းနည်းနှင့် ထိုးပေးခြင်းကသွေးကြောနာကျင်မှုကိုလျော့ချပေးနိုင်ပါသည်။

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သောအဆစ်၊ ကြွက်သားများနာခြင်း၊ မျက်လုံးအရေပြားများ ဝါခြင်း၊ ဆီးတွင်သွေးပါခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ပြင်းထန်ပြီးရှားပါသည့်ဘေးထွက်ဆိုးကျိုးဖြစ်သောရင်ဘတ်အောင့်ခြင်းဖြစ်လာလျှင် ဆေးကုသမှု ချက်ချင်းခံယူပါ။

ဤဆေးကြောင့် အလွန်းရှားပြီး ပြင်းထန်သည့် အူပိုင်းဆိုင်ရာအခြေအနေ(Clostridium difficile-associated diarrhea) ဖြစ်တတ်ပါသည်။ ဤအခြေအနေသည် ဆေးယဉ်ပါးသောဘက်တီးရီးတစ်မျိုးကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဆေးသောက်နေစဉ် သို့မဟုတ် ဆေးရပ်ပြီးနောက ်ရက်သတ္တပတ်များစွာလများစွာ ကြာပြီးမှဖြစ်တတ်ပါသည်။ သင့်တွင် မရပ်နိုင်သော ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းအောင့်ခြင်း၊ ဝမ်းတွင် သွေးနှင့်အကျိအချွဲများပါခြင်းတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

အဆိုပါလက္ခဏာများပြလာပါက ဝမ်းပိတ်ဆေးများ နာကိုတစ်အကိုက်အခဲပျောက်ဆေးများမသုံးပါနှင့်။ ရောဂါကိုပိုဆိုးစေပါလိမ့်မည်။

ဤဆေးကိုအချိန်အကြာကြီးအသုံးပြုခြင်း၊ ခဏခဏအသုံးပြုခြင်းကခံတွင်းမှက်ခရုနာများ ဖြစ်တတ်ပါသည်။ ခံတွင်းထဲ၌ အဖြူရောင်အဖက်များ၊ မိန်းမကိုယ်တွင် အရည်ဆင်းခြင်းသို့မဟုတ် လက္ခဏာအသစ်များပေါ်လာသည်နှင့် ဆရာဝန်ကို ဆက်သွယ်ပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက

Quinupristin + Dalfopristin နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးသည် တစ်ချို့ဆေးများကို ခန္ဓါကိုယ်မှ စွန့်ထုတ်သည့်နေရာတွင် နှေးစေနိုင်ပြီး ၎င်းတို့၏အာနိသင်ကိုထိခိုက်စေနိုင်ပါသည်။ ဥပမာ – antiarrhythmic ဆေးများ (ဥပမာamiodarone, disopyramide, quinidine), cisapride, cyclosporine, တစ်ချို့သောmacrolide ပဋိဇီဝဆေးများ (ဥပမာ erythromycin, clarithromycin), တစ်ချို့သောစိတ်ရောဂါကုဆေးများ ( haloperidol, pimozide) စသည်။

ပဋိဇီဝဆေးအများစုမှာ သန္ဓေတားဟော်မုန်းဆေးများ ဖြစ်သောသောက်ဆေး၊ ကပ်ခွာ၊ ကွင်းစသည်တို့နှင့် ဓါတ်ပြုမှုမရှိသော်လည်းတစ်ချို့ပဋိဇီဝဆေးများ (ဥပမာrifampin, rifabutin)တို့ကထိုဆေးများ၏အာနိသင်ကိုကျစေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရသွားတတ်သည်။ ဟော်မုန်းတားဆေးများသောက်နေသူဆိုပါကအသေးစိတ်အချက်အလက်များကို ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Quinupristin + Dalfopristinသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က

Quinupristin + Dalfopristin နဲ့ ဓါတ်ပြုနိုင်သလား

Quinupristin + Dalfopristin က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက

Quinupristin + Dalfopristin နဲ့ ဓါတ်ပြုနိုင်သလဲ

Quinupristin + Dalfopristinသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက်

Quinupristin + Dalfopristin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားနှင့်ဖွဲ့စည်းစနစ်ကူးစက်ရောဂါများအတွက် ပုံမှန်ပမာဏ

ရှုပ်ထွေးသောရောဂါ: ၁၂ နာရီခြားတိုင်း7.5 mg/kgအကြောဆေးပေးရန်။ ၁ နာရီကြာသွင်းရမည်။

Bacteremiaအတွက် ပုံမှန်ပမာဏ

Vancomycinဆေးယဉ်သောEnterococcus faeciumပိုးရောဂါ:၁၂ နာရီခြားတိုင်း7.5 mg/kgအကြောဆေးပေးရန်။ ၁ နာရီကြာသွင်းရမည်။

ဤအညွှန်းကို FDA မှ မထောက်ခံတော့ပါ။ ဤအခြေအနေအတွက် တင်သွင်းသောအချက်အလက်များမှာအတည်မပြုနိုင်သောကြောင့် ဖြစ်သည်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

သတ်မှတ်ထားခြင်းမရှိသေးပါ။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

စမ်းသပ်ချက်များအရchronic liver insufficiencyသို့မဟုတ် အသည်းခြောက်နေသူများတွင် ပုံမှန်အသည်းရှိသူလူနာများထက် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ ပိုများနိုင်ပါသည်။ အသည်းခြောက်လူနာ(Child Pugh A or B) များတွင် Pharmacokinetic အချက်အလက်များအရဆေးပမာဏလျော့ချရန်လိုကြောင်းပြောထားသော်လည်းဆေးပမာဏအတိအကျ မသိရနိုင်သေးပါ။

သတိပေးချက်များ

Clostridium difficile နှင့်ဆက်စပ်သော ဝမ်းလျှောရောဂါသည် ပဋိဇီဝဆေးအားလုံးနှင့် ဆက်စပ်မှုရှိကြောင်းတင်ပြချက်များရှိထားပါသည်။ ထို့ကြောင့် dalfopristin-quinupristinသောက်ပြီးနောက်ပိုင်းတွင်ဖြစ်လာသော ဝမ်းလျှောရောဂါများကိုအတည်ပြုရန်အရေးကြီးပါသည်။ အပျော့စားဖြစ်ရပ်များတွင် ဆေးကိုရပ်လိုက်ရုံနှင့် သက်သာသွားသော်လည်းအပြင်းစားဖြစ်ရပ်များတွင် အထောက်အကူရကုထုံးများနှင့် C difficileကိုသတ်နိုင်သည့်ဆေးများပေးရနိုင်သည်။

C difficileကထုတ်သောHypertoxinအဆိပ်သည် သေနှုန်း၊ ရောနှုန်းအတော်များ၏။ ထိုပိုးရောဂါများသည် ပိုးသတ်ဆေးများကိုခုခံနိုင်ပြီး colectomy လုပ်ရသည်အထိလိုအပ်နိုင်ပါသည်။

Dalfopristin-quinupristinမှာCYP450 3A4ကိုပိတ်ပင်သောအဓိကပစ္စည်းဖြစ်သည်။ အဆိုပါ Isoenzymes ၏ subtrates ဖြစ်သောဆေးများနှင့် တွဲပေးလိုက်ပါကအကျိုးအာနိသင်ပြသောအညွှန်းကိန်းကျသွားနိုင်၏။ QTc intervalရှည်စေမည့် substratesများကိုလည်းရှောင်သင့်ပါသည်။

Dalfopristin-quinupristinသည် အဆိပ်ဖြစ်နိုင်သောကြောင့် bolus dose မပေးသင့်ပါ။ ၆၀ မိနစ်ကြာအောင်သာပေးသင့်ပါသည်။ တခြားသောဆေးသွင်းကြာချိန်များအတွက် လေ့လာထားချက်မရှိပါ။ တိရိစ္ဆာန်များတွင် Bolus ထိုးလိုက်ပါက နှေးနှေးသွင်းသည်ထက် ပိုအဆိပ်သင့်ကြောင်းတွေးထားရပါသည်။

သွေးပြန်ကြောနာကျင်မှုအားနည်းပါစေရန် ဆေးသွင်းပြီးတိုင်း D5W အနည်းငယ်ထိုးပေးပါ။ ဆလိုင်းရည်နှင့် heparin တို့မှာဓါတ်ပြုတတ်သောကြောင့် ဆေးဖျော်ခြင်း၊ ထိုးခြင်းများမပြုလုပ်သင့်ပါ။ 250 mLပမာဏထိုးသည့်အခါ အလတ်စားမှ အပြင်းစားသွေးကြောနာခြင်း ဖြစ်လာပါကအရည်ပမာဏကို 500 mL သို့မဟုတ် 750 mLတိုးခြင်း၊ ဆေးသွင်းသည့်နေရာပြောင်းခြင်းသို့မဟုတ် PICC လိုင်းနှင့်သွင်းခြင်း၊ central venous catheter နှင့်သွင်းခြင်းတို့လုပ်ရန် စဉ်းစားသင့်ပါသည်။

dalfopristin-quinupristinကြောင့် အဆစ်နာခြင်း၊ ကြွက်သားနာခြင်းများတစ်ခါတစ်ရံပြင်းထန်းကြောင်းတင်ပြမှုများရှိပါသည်။ တစ်ချို့လူနာများတွင် ဆေးကို ၁၂ နာရီခြားတစ်ခါလျော့လိုက်မှ တိုးတက်လာသည်မျိုးလည်းရှိသည်။ ဆေးရပ်ပြီးနောက် လက္ခဏာပျောက်သွားသူများကို ပြန်ချိန်းရပါမည်။

ပဋိဇီဝဆေးများသုံးခြင်းက မထင်ထားသည့်ပိုးများကြောင့် စူပါပိုးရောဂါများ ဖြစ်လာနိုင်ပါသည်။ စူပါပိုးရောဂါကိုတွေ့ရပါကသင့်တော်သောဆောင်ရွက်ရမှုများလုပ်ပေးပါ။

ဆေးယဉ်ပါးရောဂါပိုးအန္တရာယ်လျော့ချနိုင်ရန်အတွက် ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါများကိုကာကွယ်ကုသရန်အတွက် ပဋိဇီဝဆေးများကို သုံးရပါမည်။

Dialysis

သတ်မှတ်ထားခြင်းမရှိသေးပါ။

တခြားမှတ်ချက်များ

ဆေးပမာဏကိုဖော်ပြရာတွင် dalfopristinအပေါင်းquinupristinကို mg ဖြင့် ဖော်ပြပါသည်။

ရှုပ်ထွေးသောအရေပြားနှင့် အရေပြားဖွဲ့စည်းပုံများ ပိုးဝင်ခြင်းတွင် ဆေးကုသရန်ကြာချိန်မှာ ၇ ရက်ဖြစ်သည်။

ကလေးတွေအတွက်

Quinupristin + Dalfopristin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားနှင့်ဖွဲ့စည်းစနစ်ကူးစက်ရောဂါများအတွက် ပုံမှန်ပမာဏ

အသက် ၁၂ -၁၈ နှစ် : ၁၂ နာရီခြားတိုင်း7.5 mg/kgအကြောဆေးပေးရန်။ ၁ နာရီကြာသွင်းရမည်။

သတိပေးချက်

အသက် ၁၆ နှစ်အောက်ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ရှိမှုအတွက် ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Quinupristin + Dalfopristin ကိုဘယ်လိုရရှိနိုင်သလဲ

Quinupristin + Dalfopristinကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးထိုးရန်အတွက် အမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Quinupristin + Dalfopristinကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအားနှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement