ငါးကြီးဆီကို ဘယ်အစားအစာကနေ ရနိုင်သေးလဲ။
ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံး ရရှိနိုင်ပြီး ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်ေတွကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတွေကို နေ့တိုင်းမစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတွေရှိလဲ။
ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် EPA နဲ့ DHA ဓါတ်တွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီးဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်တယ်နော်။
ဖြည့်စွက်အားဆေးတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ငါးကြီးဆီကို တစ်နေ့ တစ်လုံးခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သူ့မှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်သာမက ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓါတ်တွေ အများအပြား ပါဝင်လို့ အသက်အရွယ်မရွေး သောက်ပေးသင့်တဲ့ အားဆေးလို့ ဆိုနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။