အစာအိမ်အောင့်ခြင်း၊ လေထခြင်း၊ အစာမကြေရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာများကို လူတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ များသောအားဖြင့် ခဏတာမျှသာ ခံစားကြုံကြိုက်ရတာများပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို ရက်ရှည်လများ ကြုံတွေ့လာရမယ်ဆိုရင်တော့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာပါလိမ့်မယ်။