backup og meta

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ဆိုတော့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ …… အသည်း အဆီဖုံးတာ လူတိုင်းဖြစ်နိုင်ခြေ ရှိပါတယ်။ အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊ အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။

ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ ဒီလူတွေမှာ ဘာတွေကြောင့် အသည်းအဆီဖုံး ရောဂါဖြစ်စေတာလဲ။ အများအားဖြင့် …

(၁) အဝလွန်ခြင်း

ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ထက် ကျော်လွန်နေတဲ့ အဝလွန်ခြင်း ကြောင့် လူကြီးတွေတင်မက ကလေးတွေမှာပါ အသည်းအဆီဖုံးရောဂါ ဖြစ်လာစေနိုင်ပါတယ်။

(၂) ဗိုက်အဆီ များနေခြင်း

လူက မဝပေမယ့် အဆီများနေတဲ့ ဗိုက်ပူပူလေးတွေက ပေးတဲ့ ဆိုးကျိုး တစ်ခုပါပဲ။ ဒီအချက်ကြောင့်ပဲ ပုံမှန်ကိုယ်အလေးချိန် ရှိတဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်တာပါ။

(၃) အင်ဆူလင် မတုံ့ပြန်နိုင်ခြင်း

အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း နဲ့ အင်ဆူလင်မြင့်မားမှုကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ အသည်းအဆီစုခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

(၄) သွေးတွင်းအဆီများခြင်း

သွေးတွင်းကိုလက်စထရော ပမာဏ များနေတဲ့သူတွေမှာ အသည်းအဆီဖုံးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဆီကြော်တွေ၊ ပြုပြင်စီမံထားတာတွေ၊ အဆီအဆိမ့်တွေ စတဲ့ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေကို များများစားတတ်တဲ့သူတွေ မှာ ဖြစ်နိုင်ခြေ များပါတယ်။

(၅) အချိုစားများခြင်း

အချိုများတာ တွေ စားတယ်၊ အချိုရည်တွေ တအားသောက်တယ် ဆိုတဲ့သူတွေမှာ စားသောက်မှုပုံစံကိုပါ ပြောင်းလဲစေပြီး အဝလွန်ခြင်းဘက် တဖြည်းဖြည်း ဦးတည်လာတတ်ပါတယ်။ ကိုယ်အလေးချိန်များလာတာနဲ့ အမျှ၊ အဆီစုလာတာနဲ့အမျှ အသည်း အဆီဖုံး ဖြစ်နိုင်ခြေ တိုးလာပါလိမ့်မယ်။

ဘာကြောင့် အန္တရာယ်များတာလဲ

အသည်းအဆီဖုံးတဲ့ အဆင့်ကနေ အဆီပိုများလာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာအနေနဲ့ အသည်းရောင်ပြီး အသည်းဆဲလ်တွေ ပျက်စီးစေနိုင်တယ်။ နောက်ပိုင်းမှာ အသည်းဆဲလ်တွေ သေဆုံးပြီး အသည်းအရွတ်ဖြစ်ခြင်း၊ အသည်းခြောက်ခြင်းအသည်းကင်ဆာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် အသည်းတင်မကဘဲ နှလုံးရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် တခြားရောဂါတွေ ဆက်ပြီးဖြစ်လာနိုင်ပါတယ်။

အသည်း အဆီဖုံးနေတာ ဘယ်လို သိနိုင်မလဲ

တကယ်တော့ အစောပိုင်းမှာ လက္ခဏာတွေ သိပ်မသိသာတာမို့ သတိမထားမိတာ များပါတယ်။ သွေးစစ်ကြည့်၊ ရောဂါရှာဖွေစစ်ဆေးကြည့်မှသာ အတိအကျ သိနိုင်ပါလိမ့်မယ်။ အများအားဖြင့် ဖြစ်တတ်တဲ့ လက္ခဏာတွေ အဖြစ်  –

  • မောဟိုက်၊ အားနည်းခြင်း
  • ဝမ်းဗိုက်ညာဘက် သို့မဟုတ် အလယ်တည့်တည့်မှာ အနည်းငယ် အောင့်ခြင်း၊ ပြည့်ကယ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • မျက်စိ နဲ့ အသားဝါခြင်း
  • မအီမသာ ပျို့အန်ခြင်း တို့ဖြစ်လာရင် ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။

ပိုပြင်းထန်လာရင်တော့ –

  • ဝမ်းဗိုက်ဖောရောင်လာတာ၊
  • ခြေထောက်ဖောရောင်တာ၊
  • အမျိုးသားတွေမှာ ရင်သားကြီးလာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ အသည်းကို ပိုပြီး ထိခိုက်လာတဲ့အဆင့်လို့ ပြောလို့ရပါတယ်။

ဘယ်လို ကာကွယ်ရမလဲ

အစားအသောက် ဆင်ခြင်ပါ

အသီးအရွက်တွေ လောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရာတွေ မရှိတာကြောင့် အသီးအရွက်တွေ များများစားပါ။ ဆီကြော်မုန့်တွေ အသားကရတဲ့ အဆီတွေ ရှောင်စားပါ။ အဆီများတာတွေ နဲ့ အချိုကဲတာတွေကို ရှောင်ဖို့ အရေးကြီးပါတယ်။

ကိုယ်အလေးချိန် ထိန်းပါ

ကိုယ့်အရပ်နဲ့ ချိန်တွက်ရတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ကိုအခြေခံပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။ ကိုယ်က အဝလွန်နေတဲ့သူ ဖြစ်ခဲ့မယ် ဆိုရင် တစ်နေ့စားတဲ့ ကယ်လိုရီတွေ ကို ချိန်စားပါ။ ထိုက်သင့်တဲ့ နည်းလမ်းနဲ့ အဆီချပါ။

လေ့ကျင့်ခန်း လုပ်ပါ

တစ်ပတ်ကို ၅ ရက်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ပါ၊ အိမ်အလုပ်လို အသေးအဖွဲတွေက စပြီး ကိုယ်လက်လှုပ်ရှားမှု တွေ နိုင်သလောက် လုပ်ပါ။ စားလိုက်တဲ့ ကယ်လိုရီကို ကိုယ်လက်လှုပ်ရှားမှုနဲ့ လောင်ကျွမ်းသွားပါစေ။

Hello ဆရာဝန် ပရိသတ်တို့ရေ…ကိုယ်က အရက် သောက်သောက်၊ မသောက်သောက် အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အသည်း လေးကို ဖက်တီး မဖြစ်အောင် ဂရုစိုက်ကြပါ၊ စောင့်ရှောက်ကြပါ လို့ သတိပေးလိုက်ပါရစေ။ 

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/nutrition/fatty-liver

https://www.healthline.com/health/fatty-liver#diagnosis

https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567

 

 

 

ယခုပုံစံ

27/10/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ

အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ