brand logo
Discover
Health Tools
Communities

Share

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ

အရက်ေကြာင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) က အရက်ကို အလွန်အကျွံသောက်သုံးတာကြောင့် အသည်းထိခိုက်တဲ့ရောဂါတစ်မျိုးပါ။ နောက်ဆက်တွဲတွေအနေနဲ့ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ နဲ့ အသည်းမှာ အနြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီဝေဒနာက အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ

အသည်းက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို သိုလှောင်သိမ်းဆည်းပေးထားတဲ့အတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ဖို့ရင် အသည်းကျန်းမာနေစေဖို့ မဖြစ်မနေဂရုစိုက်ရမှာပါ။ ကဲ အသက်ရှည်ရှည်ကျန်းကျန်းမာမာနေဖို့ အရေးပါတဲ့ အသည်းကို ကျန်းမာအောင် ဘယ်လိုဂရုစိုက်မလဲ။

တစ်ခါတလေမှာ ဒီလက္ခဏာတွေက အစာအိမ်မှာ ပိုးဝင်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာေတွကြောင့်ဖြစ်တယ်လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ ရောဂါကို ကုသတာမျိုးမလုပ်ဘဲ ခပ်ပေါ့ပေါ့နေရင်း အရက်တွေကို ဆက်လက်သောက်သုံးနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှုနှုန်းက မြန်လာပြီး ရောဂါကျွမ်းသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ ဘာတွေကြောင့်ဖြစ်နိုင်သလဲ။

နှစ်ကာလရှည်ကြာစွာ အရက်ကို အတိုင်းအဆမရှိ အကြိုက်သောက်သုံးလာခဲ့တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသည်းမှာထိခိုက်လာပြီး အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့် ခံစားရနိုင်တဲ့ အသည်းရောဂါတွေထဲမှာ အဆိုးဆုံးကတော့ အသည်းခြောက်တာပါ။ အသည်းခြောက်တာက အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) ရဲ့ နောက်ဆုံးအဆင့်တစ်ရပ်ပေါ့။ ဒီရောဂါက အရက်အလွန်အကျွံသောက်တဲ့သူတိုင်းမှာဖြစ်တာမဟုတ်ပါဘူး။ အရက်ကို နှစ်ရှည်လများအလွန်အကျွံသောက်သူတွေမှာသာဖြစ်တာပါ။

  • အရက်ကို တစ်နေ့ကို ၆၀ ၈ရမ် ကနေ ၈၀ ဂရမ် (ဘီယာ ၆ဗူး ဒါမှမဟုတ် အရက်နှစ်ပက်အထက်)နှစ်ပေါင်း ၂၀ လောက်သောက်သုံးလာခဲ့တာ
  • အရက်ကို နေ့ညမရွေးဘဲ အမြဲတမ်းသောက်နေတာ
  • အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရတာ
  • မျိုးရိုးလိုက်တာ
  • သံဓါတ်များနေတာ
  • ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ စားသောက်နေထိုင်မှုပုံစံ ရှိနေတာ တွေကြောင့် သည်းရောဂါတွေခံစားရတာပါ။

အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါ (Alcoholic liver diseases) အခြေအနေဆိုးလာပြီဆိုရင် ဒါတွေခံစားရနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) က အခြေအနေဆိုးလာတဲ့အချိန်မှာ ရောဂါလက္ခဏာတွေက အလွယ်တကူသိနိုင်ပါတယ်။ မြင်သာတဲ့ရောဂါလက္ခဏာတွေက-

ဒီရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင်တော့ အသည်းထိခိုက်ထားတာက တော်တော်လေးအခြေအနေဆိုးနေပြီဖြစ်တာကြောင့် ဆရာဝန်နဲ့ပြသပြီး ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါမယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) ကို ဘယ်လို သက်သာအောင်လုပ်မလဲ

ဒီဝေဒနာကိုခံစားနေရပေမယ့် သက်တမ်းရှည်ရှည်နေချင်တယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့်အချက်တစ်ခုက အရက်ဖြတ်ဖို့ပါ။ နောက်ထပ်လုပ်သင့်တာတွေကတော့

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 22/08/2022

Was this article helpful?