အသည်းကို ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီလား

ဒီတော့ အသည်းကျန်းမာဖို့ဘာတွေလုပ်ရမလဲ။ မကြာသေးခင်ကတွေ့ရှိချက်တွေအရတော့ အရက်တွေကပဲ အသည်းကိုထိခိုက်စေတာမဟုတ်ဘဲ အဆီများတဲ့ အစားအစာတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလုပ်တာ၊ အာဟာရသင့်တင့်မျှတအောင်စားသုံးတာ၊ အယ်လ်ကိုဟောကိုရှောင်တာ၊ဆေးလိပ်ေရှာင်တာ၊ အိပ်ရေးဝအောင်အိပ်စက်တာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါမယ်။နောက်တစ်ချက်ကတော့ဆေးတွေကို မလိုအပ်ဘဲမသောက်ဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ပါ။
ဒီအချက်တွေခံစားနေရပြီဆိုရင် အသည်းထိခိုက်နေပါပြီ
ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ
ဒီအချက်ရှိသူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။
- ရောဂါအခံတစ်ခုခုရှိတဲ့သူ
- ဆီးချိုရောဂါရှိသူ
- အသည်းရောင်အသားဝါပိုးကူးစက်ခံထားရသူ
- အရက်သောက်တတ်သူ
- ဆေးလိပ်သောက်တတ်သူ
- တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေသူတွေ
- အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့သူတွေ
- အဝလွန်နေသူတွေ
- အသည်းရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိသူတွေမှာ အသည်းထိခိုက်နိုင်ခြေက အခြားသူတွေထက်ပိုများနေနိုင်ပါတယ်။
အသည်းကျန်းမာစေဖို့
- အရက်သေစာသောက်သုံးမှုကိုလျှော့ပါ။
- နေ့စဉ် အာဟာရမျှတတဲ့ အစားအသောက်တွေစားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
- မူးယစ်ဆေးဝါးသုံးစွဲတာမျိုးမလုပ်ပါနဲ့။
- ဆေးထိုးအပ်တွေမျှမသုံးပါနဲ့။
- သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓါးတွေကို သီးသန့်ထားအသုံးပြုပါ။ မျှမသုံးပါနဲ့။
- အကာအကွယ်မပါဘဲ လိင်မဆက်ဆံပါနဲ့။