backup og meta

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

    ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါ ခံစားရသူ ဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့ လိုမလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေ။

    အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ…..

    ရောဂါပိုး ကူးစက်ခံထားရသူရဲ့သွေး နဲ့ ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့ အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရတဲ့အခါ အသည်းမှာ အမာရွတ် ဖြစ်တာ၊ အသည်း လုပ်ဆောင်ရည် ကျဆင်းသွားတာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာ မကုသဘဲ ထားမယ်ဆိုရင် အသက် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက ဘာတွေလဲ…

    အသည်းရောင် အသားဝါ ဘီပိုး ရှိသူတွေမှာ

    • အသားဝါမယ်၊ မျက်လုံး အဖြူသားတွေ ဝါလာမယ်။
    • ဝမ်းအရောင် ဖျော့ဖျော့တွေ သွားမယ်
    • အဖျား တက်မယ်
    • ရက်ရှည်လများ ပင်းပန်းနုံးချိသလို ခံစားနေရမယ်
    • အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
    • ဗိုက်ထဲက အောင့်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင်မလဲ………

    အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ဆိုရင်

    • ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပေးပါ။
    • အရက်ဖြတ်ပါ။
    • ဆေးလိပ်ဖြတ်ပါ။
    • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။
    • အသားစိမ်း၊ ငါးစိမ်းတွေရှောင်ပါ။
    • ကျက်အောင်ချက်ထားတဲ့ အစားအစာတွေကိုပဲစားပါ။
    • အချိုစာတွေ လျှော့စားပါ။
    • အဆီစားတာကို လျှော့ချပါ။
    • မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေသောက်တာ၊ သစ်ဥသစ်ဖုတွေ သောက်တာ ရှောင်ပါ။
    • ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကိုရှောင်ပါ။
    • စားသုံးမယ့်အစားအစာတွေမှာ မှိုတွေရှိမနေစေဖို့ ဂရုစိုက်ပေးပါ။
    • ပရိုတင်းပြည့်ဝအောင် စားပါ။
    • လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။
    • အစားအစာကို ချင့်ချိန်စားသုံးပါ။
    • အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးပေးပါ။
    • အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကိုရှောင်ပါ။
    • တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ပါ။
    • ငါးစားသုံးပေးပါ။
    • လေ့ကျင့်ခန်းလုပ်ပါ။
    • စိတ်ဖိစီးမှုလျှော့ပါ။
    • ပြည့်ပြည့်ဝဝအနားယူပါ။
    • ဆီကြော်စာ တွေမစားပါနဲ့။

    အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ဘာတွေစားရမလဲ………

    အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ အာဟာရပြည့်ပြီး ကျန်းမာနေစေဖို့အတွက်

    ဒါတွေ အပြင် အမြဲမပြတ် သတိထား ရမှာက နေ့စဉ် နဲ့အမျှ ကိုယ်ရှူသွင်းသမျှ၊ သောက်သမျှ၊ စားသမျှ အားလုံးကို အသည်းက စုပ်ယူသန့်စင်ပေးနေတယ် ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အသည်းကို သေချာလေး ဂရုစိုက်စေချင် ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement