backup og meta

ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ

အိပ်တုန်း ကတော့ အကောင်းပဲ။ အိပ်လို့ ကောင်းပြီဆို ရင်တွေပူလို့၊ ရင်ခေါင်း အောင့်ပြီး ဆာလောင်လို့ တရေးနိုး လာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်း အိပ်ချင်တော့ ထလည်း မစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိ ကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ် မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ

ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက် တာကြောင့် ညဘက် ရင်ပူ တဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေး ပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင် ရစေပါတယ်။ ညကြီးသန်းခေါင်မှာ ရင်ပူပြီး နိုးလာမယ်။ သက်သာအောင် ဆေးသောက် ပြီးတဲ့နောက်မှာ ပြန် အိပ်မပျော်တော့တာ မျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဒီလိုဖြစ်ရတာ အစာအိမ်အက်စစ်တွေ ပြန်ဆန်တက်လို့ ဖြစ်ရတာပါ။ ရင်ပူပြီး ဆာလောင်နေတဲ့အခါ လုပ်လို့ ရတာက အစာ တစ်ခုခု ထစားတာရယ်၊ ရေသောက်တာရယ်၊ အစာအိမ် အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacid ဆေးတွေ) သောက်တာရယ်ပဲ ရှိပါတယ်။

သူ့အတွက် ရေရှည်မှာ အကောင်းဆုံး ကတော့ ဆင်ခြင် နေထိုင်သင့်တဲ့ အချက်လေးတွေနဲ့ ကာကွယ် ကုသတာပါပဲ။

  • သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
  • အစာ စားပြီးပြီးချင်း လှဲအိပ်တာကို ရှောင်ပါ။
  • ခေါင်းအုံး မြင့်မြင့်နဲ့အိပ်ပါ။
  • ကြပ်လွန်းတဲ့ အဝတ်အစားတွေကို ဝတ်မအိပ်ပါနဲ့။
  • အစား ဆင်ခြင်ပါ။

(အရက်၊ ကဖင်းပါတဲ့ အစားအစာတွေ၊ အပူအစပ်တွေ၊ ကြက်သွန်ဖြူ၊ နီ၊ နို့၊ အဆီအဆိမ့် နဲ့ ဆီကြော်တွေ၊ အချဉ်ဓာတ် များတဲ့ အစားအစာတွေ နဲ့ ခရမ်းချဉ်သီး စတာတွေကို ရှောင်ရှား ရပါမယ်။)

  • ညအိပ်ရာ ဝင်ခါနီး အစား များများ မစားပါနဲ့။
  • အစာကို ကြေညက်အောင် ဖြည်းဖြည်း ဝါးစားပါ။
  • စိတ်ဖိစီးမှုကို လျှော့ချပါ။ (စိတ်ဖိစီးမှုကြောင့် အစာအိမ် အက်စစ် ပိုထွက်စေနိုင် ပါတယ်။)
  • ထမင်း အများကြီး မစားပါနဲ့။ မြန်မြန် မစားပါနဲ့။ တစ်ခါ စားရင် နည်းနည်းချင်းစီပဲ စားပါ။
  • နေ့စဉ် ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ ဂရုစိုက်ပါ။
  • အချိုနဲ့ ကာဗိုဟိုက်ဒရိတ် များတဲ့ အရည်တွေကို အများကြီး မသောက်ပါနဲ့။
  • အမျှင်ဓာတ်၊ အကျိုးပြု အဆီဓာတ်နဲ့ ပရိုတင်းဓာတ် များတာတွေ ပိုစားပေးပါ။

(အသီးအရွက်၊ အသား၊ ငါးတွေ။ မွေးမြူရေး ကြက်ဥတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ အပါအဝင်)

ဒါပေမယ့် ရင်ပူ တာက မကြာခဏ ဖြစ်နေမယ်၊ ညဘက် ဒီလို နိုးလာရတာ များလာမယ်၊ ခံစားရတာ ကြာလာပြီ ဆိုရင် ဆရာဝန်ပြကို ပြသင့်ပါတယ်။ လိုအပ်တဲ့ ဆေးဝါး ညွှန်ကြားမှု နဲ့ အကြံပြု လမ်းညွှန်ချက်တွေကို လိုက်နာပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://www.webmd.com/heartburn-gerd/features/tips-%20for-sleep-%20without-heartburn

Accessed Date Nov 8, 2019.

http://www.webmd.com/heartburn-gerd/america-%20asks-9/nighttime-%20heartburn-sleep-%20tips

Accessed Date Nov 8, 2019.

 

ယခုပုံစံ

21/11/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့

ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/11/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement