
ဒီလို ဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။
ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓာတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ ခန္ဓာကိုယ်က ဒီဓာတ်ကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါ လေပွတာတွေ ဖြစ်လာနိုင်တယ်။