brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား

အဖြစ်များဆုံးဆီးချိုရောဂါအမျိုးအစားတွေကတော့ အမျိုးအစား ၁ ၊ အမျိုးအစား ၂နဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ တို့ဖြစ်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါ – အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်ရင် ခန္ဓါကိုယ်က အင်ဆူလင်ထုတ်မပေးတော့ပါဘူး။ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယအတွင်းကဆဲလ်တွေကို ကိုယ်ခံအားက ပြန်တိုက်ခိုက်ပြီးဖျက်ဆီးပစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါကိုကလေးတွေနဲ့ လူငယ်ပိုင်းတွေမှာတွေ့ရလေ့ရှိပါတယ်။ ဒီအမျိုးအစားရှိသူတွေက နေ့တိုင်း အင်ဆူလင်ထိုးပေးဖို့ လိုပါတယ်။

အမျိုးအစား ၂ ဆီးချိုရောဂါ – အမျိုးအစား ၂ဆီးချိုရောဂါရှိနေရင် ခန္ဓါကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်၊ ကောင်းကောင်းအသုံးမချနိုင်ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားကိုတော့ အရွယ်မရွေးမှာဖြစ်လာနိုင်ခြေရှိပြီး ကလေးဘဝမှာတောင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ အမျိုးအစား ၂ ဟာအဖြစ်များဆုံး ဆီးချိုရောဂါဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ – ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့မှာဖြစ်တတ်ပြီး အများစုကတော့ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာဆီးချိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခဲ့တဲ့သူ တွေဟာ နောက်ပိုင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့အလားအလာပိုများပါတယ်။

ဆီးချိုရောဂါမှာ အစောပိုင်းရောဂါလက္ခဏာတွေ အများကြီးရှိပေမယ့် ကိုယ်သတိမထားမိလောက်တဲ့ အချက်တွေ ရှိနေပါတယ်။ မသိလိုက်ဘဲ ဆီးချိုကို မထိန်းချုပ်ဘဲကြာလာလေ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခြေလက်အင်္ဂါ ဖြတ်တောက်ရတာ၊မျက်စိကွယ်တာ၊နဲ့တခြားပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ခြေပိုများလေ ဖြစ်ပါတယ်။

အသက် ၄၀ ကျော်ပြီးသူတိုင်း ဆီးချိုရောဂါရှိမရှိကို သုံးနှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ အောက်ပါ အန္တရာယ်အချက်တွေထဲက တစ်ခုထက်ပိုပြီးရှိနေပြီဆိုရင် ပိုပြီးမကြာခဏ စစ်ဆေးစမ်းသပ်သင့်ပါတယ်။

  • မိဘ၊ မောင်နှမသားချင်းတွေထဲက တစ်ယောက်ယောက်မှာ ဆီးချိုရှိနေရင်၊
  • ဆီးချိုအန္တရာယ်များတဲ့ လူမျိုးအုပ်စုဝင်ဖြစ်နေခဲ့ရင်(Aboriginal၊ Hispanic ၊ တောင်အာရှ၊ အာရှ၊ ဒါမှမဟုတ် အာဖရိကနွယ်ဖွား )
  • ဆီးချိုရောဂါနဲ့ ချိတ်ဆက်နေတဲ့ ရောဂါတချို့ ကိုယ့်မှာရှိနေရင်၊
  • ကိုယ်အလေးချိန် ၄ ကီလိုဂရမ်ကျော်( ၉ ပေါင်)ရှိတဲ့ ကလေးကိုမွေးဖွားထားရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခဲ့ဖူးရင် ၊
  • ဆီးချိုရောဂါအစပျိုးအဆင့်မှာရှိနေရင်၊
  • သွးတိုးရောဂါရှိရင်၊
  • သွးတွင်းကိုလက်စထရောနဲ့ တခြားအဆီတွေများနေရင်
  • ကိုယ်အလေးချိန်များနေရင်၊ အထူးသဖြင့် ဗိုက်အဆီများနေရင်
  • သားဥအိမ်အရည်ကြည်အိတ်တည်တဲ့ရောဂါ (Polycystic Ovary Disease) ရှိရင်၊
  • Acanthosis nigricans အရေပြားရောဂါ( အရေပြားမှာအမည်းကွက်တွေဖြစ်စေ) ရှိရင်
  • စိတ်ကစဉ့်ကလျား၊ စိတ်ကျရောဂါ၊စိတ်အတက်အကျမြန်ရောဂါ စတဲ့ စိတ်ဝေဒနာတွေရှိနေရင်၊
  • အိပ်ပျော်နေစဉ်ခေတ္တအသက်ရှူရပ်တဲ့ရောဂါ(obstructive sleep apnea) ရှိနေရင် ပိုပြီး သတိထား စစ်ဆေးကြည့်သင့်ပါတယ်။

ဆီးချိုရောဂါရှိနေနိုင်တဲ့လက္ခဏာများ

  • မကြာခဏရေဆာ၊ ရေငတ်ခြင်း
  • မကြာခဏဆာလောင်လာခြင်း ( အထူးသဖြင့် အစာစားပြီးနောက်ပိုင်း)
  • ခံတွင်းခြောက်ခြင်း
  • ဆီးခဏခဏသွားခြင်း၊ သို့မဟုတ် ဆီးပိုးဝင်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း ( အားနည်းခြင်း၊ ပင်ပန်းနေသလိုခံစားရခြင်း)
  • အမြင်အာရုံဝေဝါးခြင်း
  • ခေါင်းကိုက်ခြင်း
  • ကတုန်ကရင်ဖြစ်ပြီး ဆာလောင်ခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုပိုးဝင်တာ အဖြစ်များခြင်း
  • ခြေထောက်ထုံကျဉ်ခြင်း
  • ထိခိုက်ပွန်းပဲ့ရာတွေ အနာကျက်နှေးခြင်း

ဆီးချိုအစပျိုးအဆင့်

ဆီးချိုအစပျိုးအဆင့်ဟာ သွေးတွင်းသကြားဓါတ်ပုံမှန်ထက်ပိုများနေတာ ဖြစ်ပေမယ့် အမျိုးအစား ၂ဆီးချို အဆင့်တော့မရောက်သေးတာဖြစ်ပါတယ်။ ဆီးချိုအစပျိုးအဆင့်မှာရှိသူတွေမှာ ၅၀ ရာခိုင်နှုန်းနီးပါး အမျိုးအစား၂ ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာရှိသူတချို့မှာ လက္ခဏာမပြတတ်တာကြောင့် ဆီးချိုအဆင့် ရောက်ကာနီးမှ သိသာတတ်ကြပါတယ်။

ဆီးချိုမဖြစ်လာခင် အစပျိုးအဆင့်ရဲ့လက္ခဏာတွေကို သိရှိနိင်မယ်ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို နှလုံးရောဂါလိုမျိုး နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ခြေလျော့နည်းစေ မှာဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။