backup og meta

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို ရှိလားဆိုတော့လည်း မရှိဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာတော့ ဆီးချို ဖြစ်ဖူးတာရှိတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့အတွက် သွေးချိုလေး သိရအောင်ဆိုပြီး စစ်ကြည့်လိုက်မှ သွေးချိုတွေ တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် သွေးချိုပမာဏကို ကျန်းမာတဲ့ ပမာဏ ဖြစ်အောင် ဘယ်လို ထိန်းမလဲ။ မြင့်တက်နေတဲ့ သွေးချို ပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

သွေးချို ပမာဏ ဘယ်လောက်ဆို မြင့်တယ်လို့ ဆိုနိုင်လဲ။

မနက်အိပ်ရာနိုးချိန်မှာ တိုင်းလိုက်လို့ သွေးချိုပမာဏက 70-99 mg/dL ထက်နည်းနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ တကယ်လို့ မနက်အစောပိုင်းမှာ သွေးချိုပမာဏက 100 ကနေ 126 mg/dL ကြားဖြစ်နေမယ်ဆိုရင် ဆီးချို အကြိုလက္ခဏာရှိနေတာပါ။ သွေးချိုပမာဏက 126 mg/dL နဲ့ အထက် ဖြစ်နေမယ်ဆိုရင် ဆီးချိုရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ထိန်းညှိပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာပါ။

ကိုယ်အလေးချိန်၊ နေ့စဉ် လှုပ်ရှားမှု၊ စိတ်ဖိစီးမှု နဲ့ မျိုးရိုးရှိတာတွေကလည်း သွေးချိုပမာဏ အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့် သွေးချို ပမာဏကို ကျန်းမာတဲ့ ပမာဏအတွင်း ရှိနေစေဖို့ အစားအစာကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးက အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံစေဖို့ ကူညီပေးပါတယ်။ ပဲက ပရိုတင်း ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်ပါတယ်။ အချိုပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဟင်းနုနွယ်

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင်၊ ဖောလိတ် နဲ့ ကလိုရိုဖီး၊ မဂ္ဂနိ့၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကယ်လိရိုတင်းဆို့ ပါဝင်နေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ရုံးပတီသီး

ရုံးပတီသီးမှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ polysaccharides နဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ရုံးပတီသီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

မုန်ညှင်း

အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ မုန်ညှင်းက ကယ်လ်လိုရီ ပါဝင်မှုနည်းသလို အဆီပါဝင်မှုလည်း နည်းပါတယ်။ မုန်ညှင်းရွက်မှာ phytonutrients၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီး သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ကန်စွန်းဥ

အာလူးမျိုးရင်းဝင်ဖြစ်တဲ့ ကန်စွန်းဥက ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိရင်တောင် ပမာဏ အနည်းငယ်လောက် စားလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် စားပေးလို့ ရပါတယ်။

ခရမ်းချဉ်သီး

လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကို ထိုက်သင့်သလောက် စားပေးလို့ ရပါတယ်။ ခရမ်းချဉ်သီးက အမျှင်ဓာတ် ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်နေပါတယ်။ ဆီးချိုကာကွယ်ဖို့ရော သွေးတွင်းသကြားဓာတ် ကျစေဖို့ပါ စားပေးလို့ ရပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ Beta carotene ပါဝင်နေသလို ဗီတာမင် A လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ပေးဖို့လည်း ထိန်းညှိပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကလည်း ကျန်းမာစေတဲ့ စားစရာ တစ်ရပ်ပါ။ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပြီး ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

နေ့စဉ် စားသုံးမှုမှာ ဒီအစားအစာတွေ ပါဝင်အောင် စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။ ဒါတွေအပြင် ခုကစပြီး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို စလုပ်တာ၊ သွေးချိုကို ပုံမှန်စစ်ဆေးတာက နောင်အခါမှာ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Foods Will Lower Blood Sugar Quickly? https://www.medicinenet.com/what_foods_will_lower_blood_sugar_quickly/article.htm Accessed Date 17 March 2022

45 Food Items That May Help To Control Blood Sugar! https://pharmeasy.in/blog/45-food-items-that-may-help-to-control-blood-sugar/ Accessed Date 17 March 2022

Diagnosis of Diabetes: https://www.diabetes.org/diabetes/a1c/diagnosis Accessed Date 1 April 2022

ယခုပုံစံ

27/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချိုရှိလား ....... မာလကာသီး စားပါ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/09/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ