backup og meta

ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Su Sandy မှ ရေးသားသည်။ · 01/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

    ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ ရှိပါတယ်။ ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာ မဟုတ်ဘဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်သည်ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များ ဖြစ်ပါသည်။

    ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

    ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ ကတော့

  • သကြား ပါသော အချိုရည်များကို များစွာ သောက်ခြင်း
  • အချိုရည်များကို အထိန်းအကွပ် မရှိဘဲ သောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေး အတွက် ကောင်းစေသည်ဟု အထင်မှား နေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ် များစွာ ပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြား မပါဝင်သော လက်ဖက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

    • အထိုင် များခြင်း

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ နောက် အနှစ် နှစ်ဆယ်တွင် အာရှ နိုင်ငံများတွင် ဆီးချို ဖြစ်ပွားနှုန်း ၉၀% တက်လာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ် အတွင်းတွင် ဗီယက်နမ် နိုင်ငံတွင် ဆီးချို ဖြစ်နှုန်း ၂ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမှု နည်းလာသောကြောင့် အဝလွန်ခြင်းများ ဖြစ်လာနိုင်ခြေ များလာပါသည်။

    • ညဘက် ညည့်နက်စွာနေခြင်း

    တစ်နေ့လျှင် ၆ နာရီထက် ပို၍ မအိပ်လျှင် ခန္ဓါကိုယ်၏ ဇီဝဖြစ်စဉ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် သင့် ဆီးချိုရောဂါကို ထိန်းချုပ်ရ ခက်ပါလိမ့်မည်။ အိပ်မပျော်ခြင်းသည် ဗိုက်ဆာစေသော ဟော်မုန်းကို ထွက်စေသောကြောင့် သင့်ကို ကိုယ်အလေးချိန် တက်စေပါသည်။ ထို့ကြောင့် ပုံမှန် အိပ်ရန် အရေးကြီးပါသည်။

    • မနက်စာမစားခြင်း

    အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့် နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာ ဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံး အတွက် စွမ်းအင်များ ပေးပါလိမ့်မည်။ မနက်စာ လွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါ ဖြစ်ရန် အကြောင်း ဖြစ်လာနိုင်ပါသည်။ နေ့လည်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓါကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင် ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓါတ်ကို တက်စေသည်။

  • ညဘက် အဆာပြေစားခြင်း
  • ညစာ စားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချို လူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေ မုန့်များသည် ကိုယ်အလေးချိန်ကို တက်စေပြီး ညဘက် အစားစားခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စား လိုလျှင် သစ်သီး အနည်းငယ်ကိုသာ စားပါ။

    ဆီးချိုကို ဖြစ်စေသော အလေ့အထ အနည်းငယ်ကို သိပြီးနောက် သင်သည် ကျန်းမာရေးကို ကောင်းလာစေရန် ပြောင်းလဲမှုများ ပြုလုပ်ရန် အဆင်သင့် ဖြစ်ပါပြီလား။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပိုမို ပြုလုပ်သင့်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သိနေရပါမည်။ သင့်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသော အလေ့အထ ကောင်းများကို ပြင်ဆင်ခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းစေရန် ပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Su Sandy မှ ရေးသားသည်။ · 01/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement