backup og meta

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို မတက်အောင် ထိန်းပေးတယ်ပေါ့။

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုထိန်းပေးလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ဆီးချိုဆိုတာ

ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် ပါလာတာပါ။ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝနေစေဖို့အတွက် ဆဲလ်တွေက ဂလူးကို့စ်တွေကို လိုအပ်ပါတယ်။ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ဆဲလ်တွေထဲကို ဂလူးကို့စ်တွေ ရောက်ရှိစေဖို့ လုပ်ဆောင်ပေးရပါတယ်။

  • အမျိုးအစား – ၁ ဆီးချို …….. အမျိုးအစား -၁ ဆီးချိုကတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝ မထုတ်နိုင်တာပါ။ ဒါကြောင့် သွေးတွင်းမှာ ဂလူးကို့စ်တွေ များနေပြီး ဆီးချိုသွေးချို ဖြစ်ရတာပါ။
  • အမျိုးအစား -၂ ဆီးချို ……. အမျိုးအစား -၂ ဆီးချိုကတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို မတုံ့ပြန်နိုင်တာပါ။ ဒါကြောင့် သွေးထဲမှာ ဂလူးကို့စ်တွေ စုပုံစေပြီး ဆီးချိုသွေးချို ဖြစ်လာပါတယ်။
  • အကြိုဆီးချို ……. အကြိုဆီးချိုဆိုတာကတော့ သွေးတွင်းသကြားဓာတ် ပမာဏက ပုံမှန် ရှိသင့်တဲ့ ပမာဏထက် ပိုများနေပါတယ်။ ဒါပေမယ့် ဆီးချိုလို့ ပြောရလောက်အောင်အထိ မြင့်တက်နေတာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ တကယ်လို့ အကြိုဆီးချို လက္ခဏာကို ခံစားနေရပြီဆိုရင် အမျိုးအစား -၂ ဆီးချို ဖြစ်လာနိုင်ပါတယ်။

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ ကတော့

  • ကစီဓာတ် မပါတဲ့  ဟင်းသီးဟင်းရွက်တွေ

ကစီဓာတ် မပါတဲ့ ဟင်းသီးဟင်းရွက်တွေက ဆီးချိုရှိသူတွေအတွက် အကောင်းဆုံးသော အစားအစာတွေထဲက တစ်ခုပါ။ ဒီအစားအစာတွေက ဗိုက်ပြည့်စေရုံတင် မကပါဘူး။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ထောက်ကူပေးနိုင်တဲ့ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ သကြားဓာတ် နည်းနည်းပဲပါပြီး အမျှင်ဓာတ်ကြွယ်ဝတာက သွေးတွင်းသကြားဓာတ် မြင့်တက်လာမှာကို ပူစရာမလိုဘဲ စားလို့ရစေပါတယ်။

ဒီလိုမျိုး ကစီဓာတ် မပါတဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်မယ်ဆိုရင် လတ်ဆတ်တာ ဖြစ်ရပါမယ်။ အေးခဲထားတာ ဆီသွပ်ထားတာမျိုး မဖြစ်ရပါဘူး။ ဆားတွေ ဆော့စ်တွေ ထပ်ဖြည့်စွက်ထားတာမျိုး မဖြစ်ရပါဘူး။ ဘယ်လို အသီးအရွက်တွေ စားပေးလို့ရလဲဆိုရင်တော့

စားပေးလို့ရတဲ့ အသီးအရွက်တွေ

Artichokes
ကညွတ်
ထောပတ်သီး
ပန်းဂေါ်ဖီစိမ်း
ဂေါ်ဖီ
ပန်းဂေါ်ဖီ
တရုတ်နံနံ
သခွားသီး
ပဲတောင့်ရှည်
မှို
သံလွင်သီး
ကြက်သွန်နီ
ပန်းမုန်လာ
ခရမ်းချဉ်သီး
ဇူချီနီ [ဂျပန်သခွားသီး] တို့ပါ။
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကစီဓာတ် ပါဝင်မှု နည်းပြီး ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ အာဟာရ ကြွယ်ဝပြီး အခြား အသီးအရွက်တွေထက် ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် ထိန်းချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့ကို ထည့်သွင်း စားသုံးသင့်ပါတယ်။

အစိမ်းရောက် ဟင်းသီးဟင်းရွက်တွေက ဗီတာမင် C ကြွယ်ဝပြီး အမျိုးအစား -၂ ဆီးချိုရှိသူတွေမှာ ကိုယ်ခံအားကောင်းစေဖို့ရော ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆီးချိုရောဂါကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • အဆီများတဲ့ ငါး

ဆီးချို ရှိရှိ၊ မရှိရှိ နေ့စဉ်စားသုံးမှုမှာ ငါးကို ထည့်သွင်း စားသုံးသင့်ပါတယ်။ ငါး အထူးသဖြင့် အဆီများတဲ့ ပင်လယ်ငါးတွေက ကျန်းမာရေးကို ထောက်ကူပေးပါတယ်။ ဆယ်လ်မွန်ငါးလိုမျိုး အဆီများတဲ့ ငါးတွေမှာ omega-3 fatty acids တွေဖြစ်ကြတဲ့ DHA နဲ့ EPAတွေ ပါဝင်နေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲ အနေနဲ့ ခံစားရနိုင်တဲ့ နှလုံးထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

DHA နဲ့ EPA နှစ်မျိုးစလုံးက သွေးကြောတွေကို ရောင်ရမ်းတာမျိုး မဖြစ်စေအောင် ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေက ပုံမှန်ထက် ၂ ဆ များနေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ ငါး စားပေးသင့်ပါတယ်။

  • အခွံမာသီးတွေ 

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး သွေးချိုကျအောင် ထောက်ကူပေးနိုင်တဲ့ နောက်ထပ် စားစရာလေးတွေက အခွံမာသီးတွေပါ။ အခွံမာသီးတွေက အမျှင်ဓာတ် ကြွယ်ဝသလို ကြေလွယ်တဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုလည်း နည်းပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေနိုင်ပါဘူး။ အခွံမာသီးတွေ အနေနဲ့

စားပေးလို့ရတဲ့ အခွံမာသီးတွေ

အယ်လ်မွန်စေ့
ဘရာဇီး နက်ခ်
သီဟိုဠ်စေ့
မက်ကာဒေးမီးယား
pistachios
hazelnuts
သစ်ကြားသီး စတာတွေကို စားပေးဖို့ လိုပါမယ်။
  • ဥအမျိုးမျိုး

ဥအမျိုးမျိုးက ကျန်းမာတဲ့ အဆီတွေ ရရှိနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်ပါ။ ဥအမျိုးမျိုးက ဆီးချိုထိန်းရာမှာ ထောက်ကူပေးနိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းမွန်စေပါတယ်။

  • အစေ့အဆန်တွေ

အစေ့အဆန်တွေက ဆီးချိုကို ထိန်းချုပ်ရာမှာ ထောက်ကူပေးနိုင်ပါတယ်။ အစေ့အဆန်တွေဆိုတဲ့ နေရာမှာ chia seeds နဲ့ နှမ်းကြတ်စေ့တွေလိုမျိုး အမျှင်ဓာတ် ကြွယ်ဝသလို ကြေခဲတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်နေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ သွေးချိုကို ထိန်းချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ အစေ့အဆန်တွေကို ထည့်သွင်းစားသုံးပေးဖို့ လိုပါမယ်။

  • ဒိန်ချဉ်

နေ့စဉ် စားသုံးမှုမှာ ကျန်းမာစေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေပါနေတဲ့ ဒိန်ချဉ်လိုမျိုး နို့ထွက်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဆီထုတ်ထားပြီး အရသာ ဖြည့်သွင်းထားတာမျိုး မရှိတဲ့ ဒိန်ချဉ်မျိုးကို စားသုံးပေးလို့ ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 10 Best Foods to Control Diabetes and Lower Blood Sugar https://www.byramhealthcare.com/blogs/the-10-best-foods-to-control-diabetes-and-lower-blood-sugar Accessed Date 9 August 2022

Non-starchy Vegetables https://www.diabetes.org/healthy-living/recipes-nutrition/eating-well/non-starchy-vegetables Accessed Date 9 August 2022

The diabetes diet: the best foods to control diabetes https://www.dietdoctor.com/diabetes/diet Accessed Date 9 August 2022

Diabetic Diet https://medlineplus.gov/diabeticdiet.html Accessed Date 9  August 2022

What Is a Type 2 Diabetes Friendly Diet? A Complete Guide https://www.everydayhealth.com/type-2-diabetes/guide/diet/ Accessed Date  9 August 2022

ယခုပုံစံ

06/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

အရက်က ဆီးချို ကျစေသတဲ့လား ……


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ