backup og meta

ဆီးချိုသမားတွေ အသီးစားလို့ရလား

ဆီးချိုသမားတွေ အသီးစားလို့ရလား

ဆီးချို ရှိတယ်ဆို အချိုတွေ လျှာပေါ်မတင်နဲ့လို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် ဆီးချို သမားတွေခမျာ အသီးတွေ စားချင်ရင် တော်တော်စဉ်းစားရပါတယ်။ အသီးတော်တော်များများက ချိုတာကိုး။ ဒါပေမယ့် စဥ်းစားကြည့်ရင် အသီးက ချိုတယ်ဆိုပေမယ့် သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါနေတဲ့အတွက် မစားဘဲရှောင်မယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ အသီးစားလို့ရလား ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါမယ်။

ဘယ်လိုအသီးမျိုးတွေ မစားသင့်ဘူးလဲ။

အသီးက လတ်လတ်ဆတ်ဆတ်ဆို တော်တော်များများ စားလို့ရပါတယ်။ ပါတဲ့ အချိုဓာတ်ပေါ်မူတည်ပြီး စားရတဲ့ ပမာဏတော့ ကွာသွားတာပေါ့။ ဒါကို နောက်မှ အသေးစိတ်ပြောပြပေးပါမယ်။ ခုတော့ အကြမ်းဖျင်း ဘယ်လိုပြုပြင်ထားတဲ့ အသီးတွေကို မစားသင့်ဘူးလဲဆိုတာ ပြောပြပါ့မယ်။ ဆီးချိုရှိတဲ့သူအနေနဲ့

မရှောင်နိုင်လို့ စားမိတယ်ဆိုရင် အာသာပြေ ပမာဏနည်းနည်းပဲ စားပါ။ ဆီးချိုကောင်းတဲ့အချိန်မှာပဲ စားပါ။ ထမင်းစားချိန်နဲ့ အနည်းဆုံး ၂နာရီခွာစားပါ။

ဆီးချိုသမားတွေ အသီးစားလို့ရလား

လတ်လတ်ဆတ်ဆတ် အသီးတွေ၊ ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ သစ်သီးအေးအေးလေးတွေ စားပေးနိုင်ပါတယ်။ စားတယ်ဆိုပေမယ့် အသီးရဲ့ သကြားဓာတ်ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ပမာဏအတိုင်း စားရမှာပါ။ ဆီးချိုမတက်အောင် ထမင်းစားချိန်နဲ့ အနည်းဆုံး ၂နာရီခွာစားပါ။ နောက်ပြီး အသီးတွေကို ကြိတ်ပြီး သောက်တာထက် ဝါးစားတာက ဆီးချိုတက်တာကို နည်းစေပါတယ်။

သကြားဓာတ်ပေါ် မူတည်ပြီး စားတယ်ဆိုတာက Glycemic index (GI)နဲ့ glycemic load (GL)ကို ဆိုလိုတာပါ။ ဒီတန်ဖိုးတွေ နည်းလေလေ သကြားဓာတ်တက်တာ နည်းလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် Glycemic indexဆို ၁ကနေ ၁၀၀အထိ သတ်မှတ်ထားပြီး တန်ဖိုးနည်းလေလေ သကြားဓာတ်တက်တာ နည်းလေလေပါပဲ။ ဥပမာပြောရမယ်ဆိုရင်

GI 55အောက်/ GL  10အောက် ရှိတဲ့ သစ်သီးတွေက

  • ပန်းသီး
  • ထောပတ်သီး (ထောပတ်သီးက သကြားဓာတ်နည်းပြီး အဆီများတယ်ဆိုပေမယ့် သူ့မှာပါတဲ့အဆီက ကောင်းတဲ့အဆီပါ။ )
  • ငှက်ပျောသီး (ငှက်ပျောသီးက ဒီမှာတော့ တောင်ငူသီးပါ။ မြန်မာနိုင်ငံမှာက ငှက်ပျောသီးက အမျိုးအစား အများကြီး ရှိသလို သကြားပါဝင်မှုက အနည်းနဲ့ အများတော့ ကွဲမှာပါ။ အကြမ်းဖျင်းပြောရရင် အမှည့်လွန်နေတဲ့ အသီးကိုတော့ မစားပါနဲ့။ )
  • ဘယ်ရီသီး
  • ချယ်ရီသီး
  • စပျစ်သီး
  • ကီဝီသီး
  • လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ။)
  • မက်မွန်သီး
  • သစ်တော်သီး
  • ဆီးသီး
  • စတော်ဘယ်ရီ

GI 56-69/ GL  10အောက် ရှိတဲ့ သစ်သီးတွေက

  • သခွားမွှေး
  • ကတွတ်သီး
  • သင်္ဘောသီး
  • နာနတ်သီး

GI 70/ GL  20နဲ့ အထက် သစ်သီးတွေကတော့

  • စွံပလွန်သီး
  • ဖရဲသီး

GI / GL  တွေ သိတော့ ဘာကောင်းလဲဆိုတော့ ဘယ်လောက်စားရမလဲ၊ ဘယ်လောက်ပမာဏ စားလို့ရလဲဆိုတာ မှန်းလို့ရတာပေါ့။ GI / GL များတဲ့ အသီးတွေက စားလို့မရတာ မဟုတ်ပေမယ့် စားမယ်ဆို ဆီးချိုကောင်းမှ၊ ထမင်းကြီးနဲ့ ဝေးဝေး၊ ပမာဏ နည်းနည်းနဲ့ ရံဖန်ရံခါပဲ စားသင့်တဲ့အသီးတွေပါ။ သူ့ထက်စာရင် GI / GL နည်းတဲ့ သစ်သီးတွေက ပိုစားလို့ရတာပေါ့။ နောက်ဒီစာရင်းထဲမှာ မပါပေမယ့် လျှော့စားရမယ့် အသီးတွေက ဒူးရင်းသီးတို့ သရက်သီးတို့ပါပဲ။

စားနိုင်တဲ့ အသီးတွေကို သိပြီးပြီဆိုရင် ပမာဏကို ဆက်ပြောပြပါ့မယ်။ ပမာဏကတော့ အစားများတဲ့ အသီးတွေကိုပဲ ပြောပြပေးပါမယ်။ ကျန်တဲ့ ကိုယ်စားချင်တဲ့ အသီးရှိရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ အပလီကေးရှင်းတွေကနေလည်း  သကြားဓာတ်ပမာဏ၊ တစ်ခါစားစာ တွက်လို့ရပါတယ်။

ဥပမာ – ပန်းသီး အလုံးသေး တစ်လုံး၊ လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊ မာလကာသီး တစ်ခြမ်း၊ ငှက်ပျောသီး တစ်ဝက်၊ နှင်းသီး သုံးလုံး၊ ကြက်မောက်သီး ၄ လုံး၊ မင်းဂွတ်သီး ၄ လုံး၊ ကျွဲကောသီး နှစ်စိပ်၊ ပန်းသစ်တော် တခြမ်း၊သင်္ဘောသီး ၄ တုံး၊ စပျစ်သီး အသေး ၁၅ လုံး၊ အကြီး ၇-၈ လုံး စတာတွေ စားလို့ရပါတယ်။  ဒါတွေကို ကိုယ့်ရဲ့ဆီးချိုအခြေအနေနဲ့ ချိန်ဆပြီး စားနိုင်ပါတယ်။

သစ်သီးတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်မယ်ဆိုရင် သူ့မှာ ပါတဲ့ အာဟာရဓာတ်တွေကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/diabetes/diabetic-food-list-best-worst-foods

https://www.medicalnewstoday.com/articles/311220#list-of-fruits

http://www.eatingwell.com/article/290369/the-best-and-worst-fruits-to-eat-if-you-have-diabetes/

Oxford handbook of clinical nutrition

ယခုပုံစံ

18/10/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement