၃။ ဆီးချို ကုသတဲ့ အခါမှာ တိုးတက်မှုရှိ၊ မရှိ၊ ထိန်းချုပ်မှုရ၊ မရ တိုင်းတာနိုင်ဖို့ အတွက် HbA1c ကို အသုံးပြုကြပါတယ်။
(၃) လက်ထိပ်ဖောက်ပြီး ဆီးချိုစစ်ဆေးခြင်းနဲ့ HbA1cနဲ့ ဘာကွာလဲ။
လူအများစုက ဆီးချိုစစ်ဆေးတယ်ဆိုရင် လက်ထိပ်ဖောက်ပြီး စစ်ဆေးတာကိုပဲ မြင်လေ့ရှိပါတယ်။ ဒီ HbA1cကတော့ သွေးကြောထဲက တစ်ဆင့်သွေးကို ယူပြီး စစ်ဆေးရတာပါ။ နှစ်ခုစလုံးကတော့ အချိုဓါတ်ကို စစ်ဆေးတာပါပဲ။ ဘာကွာလည်းဆိုရင်တော့ လက်ထိပ်ကို ဖောက်ပြီး စစ်ဆေးတာက လတ်တလော အချိန်မှာရှိနေတဲ့ သွေးတွင်းသကြားဓါတ်ကိုသာ ပြနိုင်တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ လတ်တလော စားထားတဲ့ အစားအစာပေါ်မူတည်နေပြီး မတိုင်းတာခင်လေးမှာ အစာတွေ စားထားရင် တက်နေမယ်၊ မစားထားရင်ကျနေမယ်ပေါ့။ HbA1cကတော့ သွေးနီဥလေးတွေမှာ လာပေါင်းတဲ့ အချိုဓါတ်ကို ကြည့်ပြီး လွန်ခဲတဲ့ ၆ ပတ်နဲ့ ၈ပတ်အတွင်း ပုံမှန်ရှိနေတဲ့ ပျှမ်းမျှ သွေးတွင်းသကြားဓါတ်ကို တိုင်းတာတာ ဖြစ်တဲ့အတွက် ဆီးချိုရှိ၊ မရှိစစ်ဆေးဖို့ အတွက်ရော၊ ကုသနေတဲ့ ကုထုံးနဲ့ တိုးတက်မှုရှိ၊ မရှိ ကိုရော ပိုပြီးတိတိကျကျ သိရှိနိုင်တဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။
(၄) HbA1c ပမာဏကို တိုင်းတာပြီး ဆီးချိုရှိ၊ မရှိကို ဘယ်လို ဆုံးဖြတ်ကြမလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization ) ရဲ့သတ်မှတ်ချက်အရ
HbA1cပမာဏ 42 mmol/mol (6%) နဲ့ အောက်သာရှိရင်တော့ ဆီးချိုရောဂါမရှိဘူးလို့ ယူဆနိုင်ပါတယ်။
HbA1cပမာဏ 42 mmol/mol (6%) နဲ့ 47 mmol/mol (6.4%) ကြားရှိနေရင် ဆီးချို အစပျိုး အဆင့်ဟာ သတ်မှတ်နိုင်ပြီး
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။