backup og meta

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား.....

ကိုဗစ် ဖြစ်ပွားခဲ့တာလည်း  ၂ နှစ်လောက် ရှိလာချိန်မှာ ကာကွယ်ဆေးတွေလည်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ အသီးသီးရဲ့ ကြိုးပမ်းမှုနဲ့အတူ ကာကွယ်ဆေးကို နိုင်ငံ အသီးသီးက တံဆိပ် အမျိုးမျိုးနဲ့ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ကာကွယ်ဆေးတွေ ထွက်လာသလို  ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း အဖုံဖုံပါ။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေး ထိုးပြီး နောက်ဆက်တွဲ ဘာ​တွေ ဖြစ်မလဲကစလို့ အမျိုးမျိုးပါ။

ဒီအမျိုးမျိုးတွေထဲကမှ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် မေမေတွေ နဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းလေးတွေနဲ့ ပတ်သက်ပြီး ဖြေပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား…..

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား….. အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း COVID-19 ကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ဒါဆို

ကိုယ်ဝန်ဆောင် မေမေတွေရော ထိုးလို့ရတာလား…..

ဟုတ်ပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ကာကွယ်ဆေး ထိုးလို့ ရပြီဆိုတဲ့အထဲမှာ ကိုယ်ဝန်ဆောင်တွေလည်း ပါပါတယ်။ အသက် ၁၈ နှစ်လည်း ပြည့်ပြီးပြီ။ ကိုယ်ဝန်လည်း ဆောင်နေမယ်။ ကာကွယ်ဆေးလည်း မထိုးရသေးဘူးဆိုရင်တော့ Covid -19 ကာကွယ်ဆေး ထိုးနှံလို့ ရပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံကြီးတွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေကို Pfizer/BioNTech နဲ့ Moderna တို့လို FDA ထောက်ခံချက် ရထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ဆေးတွေကတော့ ကိုယ်ဝန်ဆောင်တွေမှာ တိကျတဲ့ စမ်းသပ်ချက်မရှိသေးပါဘူး။ ဒါပေမယ့် WHOကတော့ သာမန်အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကြားမှာ ကွာခြားချက်မရှိလောက်ဘူး။ အာနိသင်၊ စိတ်ချရမှုက အတူတူလောက်ပဲ ဖြစ်မယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ကာကွယ်ဆေး မထိုးခင်မှာ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အရည်အသွေး စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ ဒီလိုပြောရတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ကျနေတာကြောင့် အလွယ်တကူ ဖျားနာလွယ်သလို ကိုဗစ် ကူးစက်ခံရမယ်ဆိုရင်လည်း အခြားသူတွေထက် ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

ကိုဗစ်ကနေ သက်သာလာခဲ့ရင်တောင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေ ပိုများသလို ကိုယ်ဝန်ဆောင်မိခင်တွေက အခြားသူတွေထက် ရောဂါကူးစက်ခံရနိုင်ခြေ နဲ့ သေဆုံးနိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွအပေါ် ကိုဗစ်ကာကွယ်ဆေးရဲ့ သက်ရောက်မှုကို သုတေသနပြုမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် အခုလက်ရှိ အချိန်ထိတော့ ကာကွယ်ဆေးထိုးတာကြောင့် ကိုယ်ဝန်ဆောင်မေမေမှာ ထိခိုက်မှုဖြစ်တယ်လို့ တွေ့ရှိရတာမျိုး မရှိပါဘူး။

John Hopkins ဆေးတက္ကသိုလ်က သုတေသီတွေကတော့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ Pfizer/BioNTech နဲ့ Moderna တို့လို FDA ထောက်ခံချက် ရထားတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

COVID-19 က ကိုယ်ဝန်ဆောင် မေမေတွေမှာ ပိုဆိုးနိုင်လား……..

ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ COVID-19 ကူးစက်ခံရရင် အခြားသူတွေထက် ပိုဆိုးနိုင်ပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်နိုင်ခြေ အများဆုံး အုပ်စုထဲမှာ ကိုယ်ဝန်ဆောင် မေမေတွေ ပါဝင်နေလို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကာကွယ်ဆေး ထိုးထားတာက အကောင်းဆုံးသော ကိုဗစ် ကာကွယ်နည်းတွေထဲက တစ်ခုပါ။

ကိုယ်ဝန်ဆောင် မိခင်တွေ ကိုဗစ် ကူးစက်ခံရတဲ့အခံ အောက်ဆီဂျင် ကျဆင်းမှု ဖြစ်ပြီး စက်အကူအညီနဲ့ အသက်ရှူရတာမျိုး ရှိပါတယ်။ ရောဂါကို ပိုပြင်းထန်စွာ ခံစားရပြီး သေဆုံးတာမျိုးအထိ ရှိပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေက ထိုးလို့ရတယ်ဆိုတော့

နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား…..

နို့တိုက်မေမေတွေကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ကိုဗစ်ကူးစက်ခံရတာမျိုး မရှိနိုင်သလို ဘေဘီလေးဆီကိုလည်း မိခင်နို့ကနေတဆင့် ဆေးအာနိသင် သက်ရောက်တာမျိုး မရှိပါဘူး။

လက်ရှိ စုဆောင်းရရှိသမျှ အချက်အလက်တွေ အရကတော့ COVID-19 ကာကွယ်ဆေးတွေက နို့တိုက်မိခင်တွေအတွက် စိတ်ချရတယ်ဆိုတာပါ။ ကာကွယ်ဆေးကို နို့တိုက်မိခင်တွေမှာ စမ်းသပ်ထုတ်လုပ်ထားတာမျိုး မရှိပေမယ့် ထိခိုက်စေတာမျိုး တစ်စုံတရာ မရှိပါဘူး။

ကာကွယ်ဆေးမှာ ဗိုင်းရပ်စ် အရှင် မပါတာကြောင့် ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။ ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း ကလေးကို ပုံမှန်အတိုင်း ဆက်လက်ပြီး နို့ချို တိုက်ကျွေးနိုင်ပါတယ်။

ဒါပေမယ့် မထိုးခင်မှာတော့ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာ တိုင်ပင်ဖို့တော့ လိုပါမယ်။

သတိပြုရမည့် အချက်လေးတွေ

ကိုယ်ဝန်ဆောင် မေမေတွေရော၊ နို့တိုက်မိခင်တွေပါ ကာကွယ်ဆေး မထိုးခင် ရောဂါအခံရှိတာမျိုး ရှိမယ်ဆိုရင် ကာကွယ်ဆေးက ဘယ်အမျိုးအစားနဲ့ အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ကြည့်ဖို့ လိုပါမယ်။ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်တွေ ရှိလားဆိုတာကိုလည်း သေချာလေး မေးမြန်းဖို့ လိုပါမယ်။

ကဲ….. ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား….. ဆိုပြီး ခေါင်းထဲရှုပ်နေတဲ့ ကိစ္စလေး ရှင်းသွားပြီဟုတ်…………….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus disease (COVID-19): Vaccines https://www.who.int/news-room/q-a-detail/coronavirus-disease-(covid-19)-vaccines?topicsurvey=v8kj13)&gclid=Cj0KCQjw6s2IBhCnARIsAP8RfAhYF_snqJgX07WfW4hAbG7PPZNn0x1on-4lQrfekUBlCaBVZjail1QaAok5EALw_wcB Accessed Date 12 August 2021

The COVID-19 Vaccine and Pregnancy: What You Need to Know https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/the-covid19-vaccine-and-pregnancy-what-you-need-to-know Accessed Date 12 August 2021

Pregnancy, breastfeeding, fertility and coronavirus (COVID-19) vaccination https://www.nhs.uk/conditions/coronavirus-covid-19/coronavirus-vaccination/pregnancy-breastfeeding-fertility-and-coronavirus-covid-19-vaccination/ Accessed Date 12 August 2021

ယခုပုံစံ

05/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ.......


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement