ဒီ ကိုယ်ခံအားက ကိုယ်ထဲမှာ ဘယ်လောက်ထိ ကြာကြာရှည်ရှည် ရှိနေမလဲဆိုတာကိုတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။
ကိုဗစ် ကူးစက်ခံရပြီးလို့ ထွက်လာတဲ့ ကိုယ်ခံအားက ၈ လလောက်အထိ ခံတယ်ဆိုပေမယ့် ၄ လလောက်အထိပဲ ခန္ဓာကိုယ်ကို ဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါ ပြင်းထန်မှုကို လိုက်ပြီးတော့လည်း antibodies ထွက်ရှိမှု ကာလက ကွာခြားနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မျိုးစိတ်ကို လိုက်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။
လေ့လာမှု ရလဒ်
ဝါရှင်တန် ဆေးတက္ကသိုလ်က သုတေသီတွေ ဦးဆောင်တဲ့ လေ့လာမှုမှာတော့ ကိုဗစ်ရောဂါ အပျော့စားကို ခံစားရတဲ့သူတွေမှာ ကိုဗစ်ကနေ ပြန်ကျန်းမာလာပြီး လအတော်ကြာတဲ့အထိ ကိုယ်ခံအားဆဲလ်တွေက ကိုဗစ်ဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ antibodies တွေကို ဆက်လက်ထုတ်ပေးနေတာမျိုး ရှိပါတယ်။
လေ့လာမှုတွေအရ အဆိုပါ ဆဲလ်တွေက ဘဝတလျှောက်လုံး ရှိနေပြီး တစ်ချိန်လုံး antibodies ကို ထုတ်ပေးပါတယ်။ ဒီလိုလူတွေမှာ နောက်ထပ် ဖြစ်နိုင်ခြေကလည်း အတော်လေး နည်းပါတယ်။ ဒါပေမယ့် ရောဂါကို တုံ့ပြန်ပြီး သိပ်မကြာခင်မှာပဲ antibodies ပမာဏက ကျဆင်းသွားပါတယ်။
ဒါက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ ဒီကျဆင်းမှုက ၀ အထိ ကျသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထပ်တော့ ပွားမလာပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။