ကိုဗစ် ကူးစက်ခံလူနာများ တစ်နေ့ထက်တစ်နေ့ များပြားလာတာနှင့်အမျှ ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကို စိုးရိမ်တကြီးကာကွယ်ကြရပါတယ်။ ကိုဗစ်မကူးစက်စေဖို့အတွက် ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးတဲ့အတွက် ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်တွေကိုလည်း နေ့စဉ်သောက်လာကြပါတယ်။ ဒါကြောင့် အခုကာလမှာ ဗီတာမင်ဒီ ဟာလည်း ရေပန်းစားလာရတာဖြစ်ပါတယ်။
ဗီတာမင်ဒီလို့ဆိုတဲ့ နေရာမှာ D2 ကို အပင်များမှရရှိနိုင်ပြီး D3ကိုတော့ လူ့အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။
ဗီတာမင်ဒီ ကို ဘာလို့ ကိုယ်ခန္ဓာက လိုအပ်လေ့ရှိသလဲ
နေ့စဉ်လိုအပ်သော ပမာဏကိုသာ သောက်သုံးသင့်ပါတယ်။
- အသက် ၁နှစ်မှ ၁၀နှစ်အတွင်းကလေးများအတွက် တစ်နေ့ကို 50 mcgသာလိုအပ်ပါတယ်။
- အသက်၁၂လအောက်ကလေးငယ်များအနေနှင့် တစ်နေ့ကို 25mcg သာလိုအပ်ပါတယ်။
- လူကြီးများအနေနှင့် တစ်နေ့ကို 100mcgထက်ပိုမသောက်သ့င်ပါဘူး။
အကောင်းဆုံးကတော့ သွေးစစ်ကြည့် လိုရင်သောက်၊ သွေးထဲမှာ ပမာဏလုံလောက်ရင် ဆေးရပ်။ ဒါအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်ဒီလွန်ကဲရင်လည်း အဆိပ်သင့်နိုင်လို့ပဲ ဖြစ်ပါတယ်။
ဗီတာမင်ဒီကို သဘာဝနေရောင်ခြည်ကနေ လုံလုံလောက်လောက် ရနိုင်ပါတယ်။ တစ်နေ့ကို နေမပြင်းချိန်မှာ နေရောင်ပျပျလေး ၁၅မိနစ်လောက် ခံပေးပါ။ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေကတော့ အဆီပါသောငါးများ၊ ကြက်ဥ၊ မာဂျရင်းနဲ့ ဒိန်ချဉ်စတာတို့ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဖို့အတွက် ဗီတာမင်ဒီသီးသန့်ကိုသာ အားကိုးရန်မသင့်ပဲ အစာအာဟာရများ ညီညွတ်မျှတစွာ စားသုံးခြင်းကို ဦးစားပေးသင့်ပါတယ်။ နေ့စဉ် အသား၊ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်များစုံလင်စွာစားသုံးပေးသင့်သလို အိပ်ရေးဝအောင် အိပ်စက်ဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁၅မိနစ်ခန့် ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်လည်း ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ရေးသားသူ – Dr. Rose
[covid_19]