backup og meta

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ကိုယ်အလေးချိန် မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်ဆက်တွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။ ဒီလို အဝလွန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေထဲမှာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော် သိပြီးပြီလား!

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ဆေးသိပ္ပံပညာရှင်တွေ နောက်ဆုံးလေ့လာထားတဲ့ လေ့လာချက်တွေအရ ဆိုရင် ကိုယ်အလေးချိန် မြင့်မားမှုနဲ့ ဆီးကျိတ်ကင်ဆာတို့ဟာ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။

လူပေါင်း ၈၃၁၀၀၀ ကို လေ့လာထားတဲ့ သုတေသန ၁၅ ခုရဲ့ ရလဒ်တွေအရ အဝလွန်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်တစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလေ့လာချက်တွေမှာပါဝင်ခဲ့သူတွေထဲက ၅၂၀၀၀ လောက်ဟာ ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး အများစုဟာလည်း ရောဂါဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ပြသနေကြတယ်လို့ ဆိုပါတယ်။

BMI (body mass index) ၂၁-၂၅ ကြားမှာ ရှိမနေဘဲ အဆိုပါ ဂဏန်းတွေထက် ပိုများနေတဲ့ အသက်လတ်ပိုင်းအရွယ် လူတိုင်းမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ရှိနေပါတယ်။

ဆီးကျိတ်ကင်ဆာ လက္ခဏာများ

ဆီးကျိတ်ကင်ဆာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပဲ ဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသူတွေဟာ အောက်ပါ လက္ခဏာတွေကို ကြုံရနိုင်ပါတယ်။

  • ဆီးသွားတဲ့အခါ ပူတာ၊ နာကျင်တာ၊
  • ဆီးသွားဖို့ခက်တာ၊ ဆီးစသွားချိန်နဲ့ ဆီးသွားပြီးချိန်တွေမှာ အခက်ကြုံတတ်တာ၊
  • ညဘက်တွေမှာ ဆီးမကြာခဏသွားတာ၊
  • ဆီးအိမ်ကို ထိန်းချုပ်ရခက်ခဲလာတာ၊
  • ဆီးပမာဏ ဒါမှမဟုတ် ထွက်တဲ့နှုန်း လျော့နည်းလာတာ၊
  • ဆီးထဲမှာ သွေးပါတာ၊
  • သုက်ရည်ထဲမှာ သွေးပါတာ၊

စတဲ့ ရောဂါလက္ခဏာတွေပါပဲ။

ဆီးကျိတ်ကင်ဆာဟာ ပြင်းထန်သလို ထူးခြားတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ကိုယ်အလေးချိန်မြင့်မားမှုနဲ့ နေထိုင်စားသောက်မှုပုံစံတွေက ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။  ဆီးကျိတ်မှာရှိတဲ့ ဆဲလ်စ်တွေ ပုံမှန်မဟုတ်ပဲ လုပ်ဆောင်ချက် လွဲချော်တာကြောင့် ဒီကင်ဆာဝေဒနာ ဖြစ်ပေါ်လာတာလို့သာ လတ်တလောမှာ သိရှိထားကြပါသေးတယ်။

ရောဂါကို ရှောင်ရှားနိုင်ဖို့ ဆိုရင်

ဆီးကျိတ်ကင်ဆာ ရောဂါကို ရှောင်ရှားနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် အဆီပမာဏများပြားစွာ မှီဝဲသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။

  • အစားအသောက်စားသုံးရာမှာ ညီညွတ်မျှတအောင် မှီဝဲစွားသုံးတာ၊
  • Low-fat အစားအစာတွေကို ဦးစားပေးရွေးချယ်မှီဝဲတာ၊
  • နေ့စဉ် ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစားသောက်တာ၊
  • နို့ထွက်ပစ္စည်း စားသောက်မှု ပမာဏကို လျှော့ချတာ၊
  • ကိုယ်အလေးချိန်ကို မပြတ်အကဲခတ်တာ၊
  • BMI ၃၀ ဒါမှမဟုတ် ၃၀ နဲ့အထက်အထိ မရောက်ရှိအောင် သတိထားနေထိုင်တာ၊
  • တစ်နေ့ကို မိနစ် ၃၀ ဝန်းကျင်လောက် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းပြုတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

ဒီလိုအလေ့အထတွေကို ပုံမှန်ထားရှိကျင့်သုံးသွားမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဝေဒနာ စွဲကပ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။

ကိုယ်အလေးချိန်ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပမာဏမှာရှိနေအောင် ထိန်းညှိပြီး ကျန်းမာစွာနေထိုင်သွားတာဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ American Cancer Society နဲ့ World Cancer Research Fund တို့ကလည်း ဆိုထားပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/prostate-cancer/news/20200306/lose-weight-lower-prostate-cancer-risk

https://www.mayoclinic.org/diseases-conditions/prostate-cancer/in-depth/prostate-cancer-prevention/art-20045641

https://prostatecanceruk.org/prostate-information/are-you-at-risk/can-i-reduce-my-risk

https://www.pcf.org/c/lower-risk/

https://www.cancer.org/cancer/cancer-causes/diet-physical-activity/body-weight-and-cancer-risk/effects.html

ယခုပုံစံ

26/03/2024

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ ပျောက်ကင်းအောင်ကုသနိုင်သလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ