backup og meta

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေနဲ့  ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်တချို့ကိုပြောပြပေးပါ့မယ်။

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုမယ်နော်။

၁. အိမ်မှာ ဆီးချိုတိုင်းမယ်ဆို အသုံးပြုရမယ့် ပစ္စည်းတွေက ဘာတွေလဲ

အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမယ့် အပ် (Lancet) နဲ့ သွေးကို လက်ခံယူပြီး ဆီးချိုတိုင်းတာစက်ကို ပို့ပေးမယ့် Test strip ချောင်း တို့ပဲဖြစ်ပါတယ်။

၂. အိမ်သုံးဆီးချိုတိုင်းတာစက်က ထွက်လာတဲ့အဖြေတွေက ဘယ်လောက်ထိတိကျမှုရှိလဲ

စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့ အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေက ထုတ်ပေးတဲ့အဖြေက အတော်လေးတိကျမှုရှိပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့ ဆီးချိုစစ်ဆေးမှုအဖြေနဲ့ အကြမ်းဖျင်း ၁၅% လောက်ပဲကွာခြားချက်ရှိနိုင်ပါတယ်။

၃. အိမ်သုံးဆီးချိုတိုင်းတာစက်ရဲ့ တိကျမှုအပေါ် ဘယ်အချက်တွေက သက်ရောက်နေသလဲ

ဒီအချက်တွေကြောင့် အိမ်သုံးဆီးချိုတိုင်းတာစက်က ထုတ်ပေးတဲ့အဖြေတွေ လွဲမှားနိုင်ပါတယ်

  • Test strip ပြဿနာ – ထုတ်လုပ်တဲ့ test strip တွေက တစ်ခါတစ်ရံ အရည်အသွေးမပြည့်မီတာ၊ သိမ်းဆည်းပုံ မမှန်ကန်တာတွေဖြစ်ရင် အဖြေမှားယွင်းနိုင်ပါတယ်
  • ပတ်ဝန်းကျင်အခြေအနေ – ပတ်ဝန်းကျင်အပူချိန်နဲ့ စိုထိုင်းစတွေကလည်း စက်နဲ့ test strip ရဲ့ အလုပ်လုပ်ပုံအပေါ် သက်ရောက်မှုရှိပါတယ်
  • သွေးဖောက်မယ့်အရေပြားရဲ့ အခြေအနေ – သွေးဖောက်မယ့် လက်ထိပ်က ညစ်ပတ်နေမယ်ဆိုရင်လည်း မှန်ကန်တဲ့ အဖြေမရနိုင်ပါဘူး
  • စက်နဲ့ တွဲဖက်သုံးစွဲရမယ့် test strip လွဲနေခြင်း – ဆီးချိုတိုင်းတာစက်တိုင်းမှာ သူနဲ့ တွဲဖက်သုံးစွဲရမယ့် test strip ကို ကုတ်စနစ်နဲ့တွဲပြီး ထုတ်လုပ်ထားတာပါ။ စက်နဲ့ မကိုက်ညီတဲ့ test strip ကိုသုံးမိရင် ရလာတဲ့အဖြေလည်းမမှန်နိုင်ပါဘူး။
  • သွေးဖောက်တဲ့နေရာကွဲပြားခြင်း – လက်ထိပ်မှာ ဖောက်လို့ရတဲ့အဖြေနဲ့ တခြားနေရာမှာဖောက်လို့ရတဲ့အဖြေ မတူနိုင်ပါဘူး။ အသုံးအများဆုံးဖြစ်တဲ့ လက်ထိပ်ကိုပဲ ဖောက်စစ်သင့်ပါတယ်။
  • သွေးနီဥနည်းနေခြင်း – သွေးထဲမှာ သွေးနီဥပမာဏကျနေရင်ဖြစ်ဖြစ်၊ ရေဓာတ်နည်းနေရင်ဖြစ်ဖြစ် ရလာတဲ့ သွေးအဖြေမှားယွင်းနိုင်ပါတယ်။

၄. ဘယ်ကုမ္ပဏီကထုတ်တဲ့ အိမ်သုံးဆီးချိုတိုင်းတာစက်ကအကောင်းဆုံးလဲ

ဒါကတော့ ပြောဖို့ခက်ခဲပါတယ်။ အိမ်သုံးဆီးချိုတိုင်းတာစက်ထုတ်ပေးတဲ့ ကုမ္ပဏီတွေအများကြီးရှိပြီး ထုတ်တဲ့ မော်ဒယ်တွေလည်းအများကြီးမို့ အကောင်းဆုံးစက်ဆိုပြီး ညွှန်းပေးဖို့မလွယ်ပါဘူး။

၅. အိမ်သုံးဆီးချိုတိုင်းတာစက်က တစ်ကိုယ်ရေသုံးဖို့ပဲလား တခြားသူနဲ့ဝေမျှသုံးလို့ရသလား

အိမ်သုံးဆီးချိုတိုင်းတာစက်ကို တစ်ယောက်နဲ့ တစ်ယောက်မျှဝေသုံးစွဲရင်းနဲ့ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးလို ကူးစက်ရောဂါပိုးတွေ ကူးစက်ခံလိုက်ရသူတွေအများကြီးရှိပါတယ်။ စက်အသုံးပြုရင်း ပေကျံသွားတဲ့သွေးစသွေးနတွေကနေတဆင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်  ဒီစက်တွေကို လူတစ်ယောက်တည်းပဲသုံးစွဲသင့်ပါတယ်။ အထူးသဖြင့်တော့ ဆီးချိုဖောက်တဲ့ အပ်တွေကိုပါ။

အကြောင်းကြောင်းကြောင့် မျှဝေသုံးစွဲဖို့ ဖြစ်လာခဲ့ရင် မသုံးခင်စက်ကို သေချာသန့်စင်ပိုးသတ်ဖို့လိုအပ်ပါတယ်။ ပိုးသတ်နည်းလမ်းကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက်နည်းနည်းစီကွဲပြားနိုင်ပါတယ်။

၆. စက်မှာတပ်ပြီးသုံးရတဲ့ လက်ထိပ်သွေးဖောက်အပ် (Lancet)တွေကို ဘယ်လောက်တစ်ခါ လဲလှယ် ပေးသင့်သလဲ

အကောင်းဆုံးကတော့ တစ်ကြိမ်ဖောက်ပြီးတိုင်း အသစ်တစ်ချောင်းလဲလှယ်ပေးပါ။ သုံးပြီးသားအပ်ကိုပဲ ထပ်ခါတလဲလဲ ပြန်သုံးနေရင်ပိုးဝင်နိုင်သလို အပ်တုံးသွားတဲ့အတွက် သွေးဖောက်ရင်ပိုပြီးနာကျင်နိုင်ပါတယ်။

၇. အိမ်သုံးဆီးချိုတိုင်းတာစက်မှန် မမှန်ဘယ်လိုသိနိုင်မလဲ

အိမ်သုံးဆီးချိုတိုင်းတာစက် အတော်များများက ဝယ်ကတည်းကဘူးထဲမှာ control solution နဲ့ control test strip ပါဝင်တတ်ပါတယ်။ Control solution အရည်နဲ့ control test strip ကိုသုံးပြီး ကိုယ့်စက်ကောင်းကောင်း အလုပ်လုပ်သလား စမ်းသပ်လို့ရပါတယ်။

၈. အိမ်မှာဆီးချိုဖောက်စစ်လို့ရတဲ့အဖြေကိုကြည့်ပြီး ဆီးချိုရောဂါဟုတ်မဟုတ် သိနိုင်သလား

ဆီးချိုတိုင်းစက်ကရတဲ့ အဖြေတစ်ခုတည်းကိုကြည့်ပြီး ဆီးချိုရောဂါကို အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။ သွေးတွင်း ဆီးချိုဓာတ်အကြောင်း အသေးစိတ်သိရဖို့ ဓာတ်ခွဲခန်းမှာပါ သွေးဖောက်စစ်ဆေးဖို့ လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/diabetes/expert-answers/blood-glucose-monitors/faq-20057902utm_source=newsletter&utm_medium=email&utm_campaign=controlling-diabetes

https://www.cdc.gov/injectionsafety/providers/blood-glucose-monitoring_faqs.html#anchor_1556304153

https://www.diabetes.co.uk/blood-glucose/blood-glucose-testing-faqs.html

ယခုပုံစံ

15/03/2024

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ

ဆီးချိုရှိတဲ့သူတွေ Covid 19 ရောဂါမဖြစ်အောင် ဘာကြောင့် ပိုပြီးဂရုစိုက်သင့်လဲ။ ဘယ်လို ကာကွယ်ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement