backup og meta

1

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။
သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်၊ အာဟာရတွေနဲ့ ဟော်မုန်းတွေ သယ်ပို့ပေးဖို့အတွက် သွေးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးမှာ ညစ်ပတ်တဲ့ သွေးရယ်လို့တော့ မရှိပါဘူး။ သွေးဆဲလ်တွေ ကျန်းမာနေမှ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းမှာ ဖြစ်ပါတယ်။ ဒါကိုပဲ သွေးသန့်စေဖို့ လုပ်ကြတယ်လို့ ခေါ်ပါတယ်။

သွေးတွေကို အဓိက သန့်စင်ပေးတဲ့အရာတွေ

ကျောက်ကပ်နဲ့ ဘေလုံးက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပါတယ်။ ဒီအစိတ်အပိုင်းတွေကနေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့ အစားအသောက် အနေအထိုင်တွေကနေတဆင့် အားဖြည့်ပေးလို့ ရပါတယ်။

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင်

သောက်ရေ

ရေက သဘာဝ အဆိပ်အတောက် ဖယ်ရှာပေးတဲ့အရာပါ။ ရေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ အဆိပ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးသလို ခန္ဓာကိုယ်အနှံ့ကို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပို့ဆောင်ပေးပါသေးတယ်။

သံပုရာရည် 

သံပုရာရည်က သွေးသန့်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ သံပုရည်မှာပါတဲ့ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် ဆဲလ်တွေကို ကျန်းမာစေပါတယ်။

သွေးထဲမှာ ဗိုင်းရပ်စ် အများစု မရှင်သန်နိုင်စေဖို့ လုပ်ဆာင်ပေးပြီး pathogens တွေကို ဖယ်ရှားပေးပါတယ်။ မနက်ခင်း အစားမစားခင် ရေနွေးထဲကို သံပုရည် ညှစ်ထည့်ပြီး သောက်ပေးတာက သွေးသန့်စေမှာပါ။

ပင်စိမ်း

ပင်စိမ်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးသန့်စေတာပါ။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းက ဆီးကနေတဆင့် သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပင်စိမ်းရွက် ၆ ရွက်ကနေ ၈ ရွက်လောက် ထည့်စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

နနွင်း

နနွင်းက အနာကျက်စေနိုင်သလို သွေးတွေကိုလည် သန့်စင်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

နို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပြီး သောက်ပေးလို့ ရပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဗီတာမင် C၊ omega-3 fatty acids၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus၊ မဂ္ဂနိစ်တို့ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း သွေးတွင်း အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးလေးတွေက သွေးသန့်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။ အသည်းကင်ဆာဆဲလ်တွေ ဖြစ်မလာစေဖို့လည်း ဟန့်တားပေးပါတယ်။

ထန်းလျက်

ထန်းလျက်ကလည်း သွေးသန့်ပေးနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သွေးကြောထဲက ‌သွေးထဲတွေကို ကူညီဖယ်ရှားပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ဒီအစားအစာတွေကတော့ သွေးသန့်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သွေးသန့်စေတယ်ဆိုပေမဲ့ တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မစားဖို့တော့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 7 foods to purify your blood https://www.netmeds.com/health-library/post/top-7-foods-to-purify-your-blood Accessed Date 10 November 2020

ယခုပုံစံ

01/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement