brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။

ဓာတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ တချို့မှာ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓာတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။ ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။

ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။

ဓာတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့ histamine ကို ကိုယ်ခန္ဓာက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတော့

  • နှာခေါင်း
  • နှာချေ၊ နှာစေး၊ နှာရည်ယိုမယ်။ ဒါ ကိုယ်နဲ့ ဓာတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓာက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ အသက်ရှူလမ်းကြောင်းထဲကနေ ခန္ဓာကိုယ်ထဲကို အများကြီး မဝင်အောင် နှာချေပြီး ပြန်ထုတ်တာဖြစ်ပါတယ်။ များများထိလေလေ များများနှာချေလေဖြစ်တတ်ပါတယ်။

    • မျက်လုံး

    မျက်လုံးယား၊ မျက်လုံးနီ၊ မျက်ရည်ပူကျတာတွေကလည်း ဓာတ်မတည့်တဲ့အခါ ဖြစ်လာတဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုတစ်ခုပါ။

    လူတိုင်းသိကြပါတယ်။ ဓာတ်မတည့်တဲ့အခါ အရေပြားမှာ ယားယံတဲ့ အင်ပြင် အဖုအပိမ့်တွေ ထွက်လာတယ်ဆိုတာ။ ဒါ ဓာတ်မတည့်တဲ့ ပစ္စည်းကို ပြန်လည်တုန့်ပြန်တဲ့ histamine ကြောင့် အဓိက ဖြစ်ရတာပါ။

    • နှုတ်ခမ်း၊ ခံတွင်း

    တချို့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေမှာဆို နှုတ်ခမ်းကြီးထူလာတာ၊ လျှာထုံလာတာ၊ လည်ချောင်းယားတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကို ဆေးပညာအရ (angiooedema) တစ်ရှူးတွေ ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။ အရမ်းပြင်းထန်သွားခဲ့ရင် စကားပြောရခက်တာ၊ အစာမျိုချရခက်တာနဲ့ အသက်ရှူရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဓာတ်မတည့်မှု တစ်ခုခုနဲ့ ကြုံတွေ့ရတံအခါ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အပေါ် တစ်ခုခု တက်ဖိထားသလိုဖြစ်တာ၊ အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်နေတာစတဲ့ လက္ခဏာတွေ အသက်ရှူလမ်းကြောင်းမှာ ပြတတ်ပါတယ်။ အသက်ရှူတောင် ကျပ်နေပြီဆိုရင် ဒါ ပြင်းထန်တဲ့ ဓာတ်မတည့်မှု anaphylaxis ဖြစ်ပြီး အချိန်မီကုသမှုမခံယူရင် အသက်တောင်ဆုံးရှုံးသွားနိုင်ပါတယ်။

    • ဦးနှောက်နဲ့ အာရုံကြော

    Anaphylaxis ( ပြင်းထန်ဓာတ်မတည့်မှု ) ရဲ့ နောက်ဆုံးနဲ့ အဆိုးဆုံးအဆင့်ကတော့ မူးလဲသွားပြီး အသက်သေဆုံးသွားတာပါပဲ။ ရုတ်တရက်လဲကျသွားမယ်၊ သွေးပေါင်ချိန်လည်း မရတော့ဘူး၊ နှလုံးခုန်လည်း ရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်နဲ့ လုံးဝ ဓာတ်မတည့်ဘူးဆိုတာတွေနဲ့ ထိမိတာ၊ စားမိတာ၊ မတည့်တဲ့ ဆေးထိုးမိသောက်မိတာတွေကြောင့် ဒီလို ပြင်းထန်ဓာတ်မတည့်မှုတွေ ဖြစ်ရတာပါ။

    အခြားဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

    • ဗိုက်အောင့်တာ
    • ပျို့အန်ချင်တာ
    • ကိုယ်ပူသလိုလို အေးသလိုလိုဖြစ်တာနဲ့
    • နှလုံးခုန်မြန်တာတွေ ဖြစ်တတ်ပါတယ်။

    လူအများစု ဓာတ်မတည့်တတ်တဲ့အရာတွေကတော့

    • ပန်းဝတ်မှုန်
    • ဖုန်တွေ၊ မှိုတွေ
    • ခွေးတို့ ကြောင်တို့ အမွှေးတွေ
    • ပျားတုတ်ခံရ၊ ပိုးကောင်ကိုက်ခံရတာမျိုးတွေ
    • တချို့ ဆေးနဲ့ ဓာတ်မတည့်တာတွေ ( ဥပမာ- penicillin ဆေး)
    • အစားအစာ – ကြက်ဥ၊ အစေ့အဆံ နဲ့
    • ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ latex တို့ဟာ လူအများကို ဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေပါ။

    ဒီတော့ ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာ ကြီးကြီးမားမားရှိနေတယ်၊ ဘာနဲ့ထိလို့ ဖြစ်ရတာလဲဆိုတာကိုသိရင် ကိုယ်နဲ့ မတည့်တဲ့ ပစ္စည်းကို ရှောင်ဖို့လိုအပ်ပါတယ်။ ဓာတ်မတည့်တဲ့ပြဿနာ ကြီးကြီးမားမားမရှိပေမယ့် ခုပြောထားတဲ့ လက္ခဏာတွေ တစ်ခါတစ်ခါ ခံစားနေရတယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့ ပစ္စည်းတွေကို သေချာ မှတ်ထားဖို့လိုပါလိမ့်မယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးရောက်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့ကိုလည်း မမေ့သင့်ပါဘူး ။ ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/09/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။