လူတစ်ဦးမှာအစာတချို့နဲ့ ဓာတ်မတည့်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုဓာတ်မတည့်နိုင်တဲ့ အစားအစာတွေ ထဲမှာတော့ ပင်လယ်စာတွေဟာထိပ်ဆုံးကပါ။
လူတစ်ဦးမှာအစာတချို့နဲ့ ဓာတ်မတည့်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုဓာတ်မတည့်နိုင်တဲ့ အစားအစာတွေ ထဲမှာတော့ ပင်လယ်စာတွေဟာထိပ်ဆုံးကပါ။
ရေချိုရေငန်သတ္တဝါတွေနဲ့ အခွံမာတဲ့ သတ္တဝါတွေပါပါတယ်။ ငါးတွေထဲမှာဆိုရင် ငါးပါးနီ၊ ကကတစ်၊ ငါးကြင်း၊ ငါးပေါက်စ၊ ငါးကြီးဆီထုတ်ယူလို့ရတဲ့ပင်လယ်ငါး၊ ဉရောပငါးပြား၊ ပင်လယ် ငါးသလောက်၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ ထရောက်ငါး၊ တူနာငါး အစရှိတဲ့ ငါးတွေပါပါတယ်။ ကဏန်း၊ ကျောက်ပုစွန်၊ ပုစွန်တုပ်နဲ့ ပုစွန်ဆိတ်တွေလည်းပါသလို အခွံမာကောင်တွေဖြစ်တဲ့ ပင်လယ်ခရု၊ ခုံးကောင်၊ ယောက်သွား၊ ရေဘဝဲ၊ ကရုကမာကောင်နဲ့ ကင်းမွန်တို့လည်းပါပါတယ်၊ ငါးဥလည်းပါပါသေးတယ်။
ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ဟာ ပင်လယ်စာကို အန္တရာယ်ပြုနိုင်တဲ့အရာအဖြစ် သတ်မှတ်လိုက်လို့ပါ။ တစ်ချို့သော လူတွေမှာဆို သေဆုံးနိုင်တဲ့အထိတောင် ဓာတ်မတည့်မှုဟာ ပြင်းထန်နိုင်ပါတယ်။ အကယ်လို့ သင်ဟာ ပင်လယ်စာတစ်မျိုးနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ တခြားပင်လယ်စာတွေနဲ့လည်း တည့်ဖို့ အလားအလာနည်းပါတယ်။ မတည့်တတ်ပါဘူး။ ဘယ်ဟာနဲ့တည့်တယ်၊ ဘယ်ဟာနဲ့တော့ ဓာတ်မတည့်ဘူး ဆိုတာကို သင့်အနေနဲ့ သေသေချာချာမှတ်သားထား ဖို့လိုပါလိမ့်မယ်။ ဓာတ် မတည့်မှုဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေကြုံရမှာလဲ တခြားအစာအဆိပ်သင့်ရင် ကြုံရသလို ပါပဲ။
ပင်လယ်စာနဲ့ဓာတ်မတည့်မှုဟာ အရွယ်ရောက်ပြီးသူတွေမှာအဖြစ်များပါတယ်။ ကလေးတွေမှာ သိပ်မဖြစ်တတ်ပါဘူး။ ဆရာဝန်က သင့်ကိုစမ်းသပ်စစ်ဆေးပြီးလို့ သင့်မှာပင်လယ်စာနဲ့ ဓာတ်မတည့်မှုရှိရင်တော့ သေချာသွားပါပြီး ပင်လယ်စာတွေကို တတ်နိုင်သမျှရှောင်ပါတော့။
များသောအားဖြင့် မပျောက်ပါဘူး။ သင့်ဘဝသက်တမ်းတစ်လျှောက်လုံး ရှိနေမယ့်သဘောပါပဲ။
အာရှရဲ့အစားအသောက်တွေဖြစ်တဲ့ ထမင်းကြော်၊ ကော်ပြန့်ကြော်၊ ဆူရှီ၊ ဆော့စ် (အချဉ်ရည်)၊ အရွက်သုပ်၊ အသားကင်၊ ဟင်းချို၊ စွပ်ပြုတ် နဲ့သံလွင်ဆီလိုအရာမျိုးတွေမှာ မထင်မှတ်ဘဲ ပင်လယ်စာတွေရောနှောပါဝင်နိုင်ပါတယ်။ အဲ့ဒီလိုအစားအစာတွေကို ပင်လယ်စာနဲ့ပြုလုပ်ထားတာမျိုးဖြစ်တတ်ပါတယ်။ ဒိန်ခဲ၊ အပေါ်စမ်း အနှစ်ရည်တွေနဲ့ ‘ Marshmallows’ လိုမျိုး ပျော့စိစိနဲ့ အရာတွေမှာလဲ ပင်လယ်စာတွေ ပါကောင်း ပါဝင်တတ်ပါတယ်နော်။
“Omega -3’ အိုမီဂါ (၃) ငါးကြီးဆီပါဝင်တဲ့အားဆေးတွေဟာ ပင်လယ်စာနဲ့ ဓာတ်မတည့် သူတစ်ယောက်အတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မသောက်ခင်မှာ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။
ပင်လယ်စာနဲ့ ဓာတ်မတည့်သူတစ်ယောက်အတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။
အချုပ်အားဖြင့် ပင်လယ်စာနဲ့ဓာတ်မတည့်မှုဟာ အလွန်ကြောက်စရာကောင်းပြီး အသက် အန္တရာယ်ရှိနိုင်တဲ့အထိ ဆိုးရွားနိုင်တာကြောင့် ပင်လယ်စာကိုတတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးသွားတဲ့အခါ သင်ပင်လယ်စာမစားမိအောင် စိတ်ခိုင်ခိုင်ထားဖို့တော့လိုအပ်ပါလိမ့်နော်။
ရေးသားသူ – ဒေါက်တာမှူး
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ယခုပုံစံ
23/08/2022
Dr. Thiha Phyo Myint မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win