brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။

ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။

ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။  ။

ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။

ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။

ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့

anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီ anaphylaxis Shock ရဲ့ လက္ခဏာတွေကတော့

  • အသက်ရှူလမ်းကြောင်းပိတ်သွားပြီး အသက်ရှူရခက်ြခင်း
  • ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း
  • သွေးခုန်နှုန်းတွေ မြန်နေခြင်း
  • သွေးပေါင်ထိုးကျသွားပြီး ချာချာလည်အောင် မူးနေခြင်း
  • သတိလစ်သွားခြင်း တို့ဖြစ်ပါတယ်။ ကြက်ဥ ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။

ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည်ခြင်းကိုဘယ်လိုကုသ ပါသလဲ ။ ။

မပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ အတွက်ကတော့ ဓါတ်မတည့်တာတွေကို သက်သာစေတဲ့ ဘာမီတွန်တို့ ၊ antihistamine အုပ်စုဝင် ဆေးတွေ သောက်လိုက်လို့ရပါတယ်။

ပြင်းထန် ဓါတ်မတည့်ခြင်းဖြစ်တဲ့ anaphylaxis Shock သာဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေး ထိုးရမှာ ဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တဲ့ကလေး အိမ်မှာရှိရင် ဘယ်လို ပြုစုရမလဲ ။ ။

ဓါတ်မတည့်ဘူးဆိုတာ သိနေမှတော့ အကောင်းဆုံးက ကြက်ဥ ဘဲဥတွေ ကလေးမစားမိစေဖို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးစားတဲ့ သရေစာေတွ၊ မုန့်တွေအစားအသောက်တွေထဲမှာ ကြက်ဥနဲ့ လုပ်ထားတာတွေ မပါမိစေဖို့ မေမေတို့ဘက်က အထူး သတိထားပေးရမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 10/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။