backup og meta

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း က ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း ဆိုတာ

Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။

  • ရင်သားတစ်ရှူးများ အမာရွတ်ကဲ့သို့ မာသွားခြင်း
  • ကင်ဆာမဟုတ်သည့် အရည်အိတ်များကြောင့် ရင်သားတစ်ရှူးများတင်းပြီး နာကျင်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ

ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ ဓမ္မတာမလာမီ အချိန်မှာတော့ နာကျင်မှု ပိုဆိုးလာနိုင်ပြီး သင့်ကို နေရထိုင်ရခက်စေနိုင်ပါတယ်။

ရင်သားအရည်အိတ်တည်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

အမျိုးသမီးအများစုဟာ အိမ်ထောင်သားမွေးပြုနိုင်တဲ့ အသက်အရွယ်မှာ ရင်သားအရည်အိတ်တည်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူတွေမှာ ဒီပြဿနာ ဖြစ်လေ့မရှိပေမယ့် ဟော်မုန်းကုထုံး ခံယူနေရသူတွေမှာတော့ ဖြစ်နိုင်ချေရှိပါတယ်။

ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ရင်သားအရည်အိတ်တည်ခြင်းဟာ ဟော်မုန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆထားပေမယ့် ဟော်မုန်းကြောင့် ရင်သားအရည်အိတ်တည်တဲ့ အခြေအနေထိ ဘယ်လိုဖြစ်လာရလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ယခင်က ရင်သားအရည်အိတ်တည်ခြင်းကို Fibrocystic breast changes အစား Fibrocystic breast disease ဆိုပြီး ရောဂါတစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၎င်းဟာ ရင်သားပြဿနာတစ်ခုသာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်တဲ့အတွက် နောက်ပိုင်းမှာ အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ရင်သားအရည်အိတ်တည်ခြင်းဟာ ကင်ဆာတစ်မျိုးလား

ရင်သားအရည်အိတ်တည်ခြင်းဟာ ကင်ဆာမဟုတ်သလို သင့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး။ ဒါပေမယ့် ဒီပြဿနာကြောင့် ရင်သားကို စမ်းသပ်စစ်ဆေးရတာ ခက်ခဲမှုရှိနိုင်တဲ့အတွက် သင့်ရင်သားမှာ ပြောင်းလဲမှုတစ်ခုခု သတိပြုမိတာနဲ့ သင့်ဆရာဝန်ကို အသိပေးဖို့ လိုပါလိမ့်မယ်။

သင့်ဆရာဝန်အနေနဲ့ သင့်ရင်သားနှစ်ဖက်လုံးကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး အာလ်ထရာဆောင်းနဲ့ mammogram ရိုက်ဖို့ လိုအပ်နိုင်ပါတယ်။ သင့်ရင်သားတစ်ရှူးအနည်းငယ်ကို အသားစယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းအားဖြင့် ကင်ဆာဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

ရင်သားအရည်အိတ်တည်သည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းခြင်း

များသောအားဖြင့် ရင်သားအရည်အိတ်တည်ခြင်းအတွက် အထူးတလည် ကုသမှုခံယူစရာမလိုပါဘူး။ အရည်အိတ်တွေရှိနေရင် ၎င်းတို့ကို ဖောက်ထုတ်ပြီး နာကျင်မှုနဲ့ ဖိအားဒဏ်များ သက်သာအောင် ပြုလုပ်နိုင်ပေမယ့် နောက်တစ်ကြိမ်ပြန်ဖြစ်လာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ တခါတရံမှာ ရင်သားအရည်အိတ်တွေဟာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

သိပ္ပံနည်းကျ သက်သေပြထားခြင်း မရှိသေးပေမယ့် အချို့သော လူနာတွေရဲ့ ပြောဆိုချက်တွေအရ ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပြီးတဲ့ အမျိုးသမီးတွေမှာ အရည်အိတ်တည်ခြင်းရဲ့ လက္ခဏာတွေ သက်သာလာတယ်လို့ သိရှိရပါတယ်။ ဒီနည်းလမ်းအပြင် အောက်မှာဖော်ပြထားတဲ့ လူနေမှုဘဝဆိုင်ရာ ပြောင်းလဲမှုတွေကို ကြိုးစားဆောင်ရွက်ကြည့်ဖို့ အကြံပြုလိုပါတယ်။

  • အရောင်ကျစေရန် ဆားလျှော့စားခြင်း
  • အရည်အိတ်အတွင်းမှ အရည်များ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်နိုင်စေရန် ဆီးရွှင်ဆေးတစ်မျိုးမျိုး အသုံးပြုခြင်း
  • အားဖြည့်ဆေးတစ်မျိုးမျိုး မသောက်သုံးမီ ဆေးဝါးအချင်းချင်း ဓာတ်ပြုသက်ရောက်မှုများ မဖြစ်စေရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း
  • ဟော်မုန်းကုထုံးမခံယူမီ ၎င်းကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးနဲ့ ကောင်းကျိုးများကို နှိုင်းယှဉ်ချိန်ဆကြည့်ခြင်း စတာတွေပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
What Are Fibrocystic Breast Changes? http://www.webmd.com/women/guide/what-are-fibrocystic-breast-changes#1. Accessed April 21, 2017.

ယခုပုံစံ

08/02/2023

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ