backup og meta

မိန်းမကိုယ်သန့်စင်ဆေးရည် ရွေးချယ်မယ်ဆို သတိထားကြည့်သင့်တဲ့အချက် (၅) ချက်

မိန်းကလေးတွေရဲ့ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက တကယ်ကိုအရေးပါတဲ့အချက်ပါနော်။ မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုမစိုက်မိရင် ရောဂါပိုးဝင်တာတွေ၊ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ မှိုပိုးဝင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းစတာတွေကို အမျိုးသမီးရောဂါလို့ခေါ်တာပေါ့။ ဒါတွေတစ်ခုမှ မဖြစ်အောင် သန့်ရှင်းရေးဂရုစိုက်ရမှာပေါ့။ ရေနဲ့ဆပ်ပြာသုံးရင်တော့ နုနယ်တဲ့မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် pH level ထိန်းညှိပေးနိုင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ကာကွယ်သင့်ပါတယ်။

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါမှာလည်း တွေ့ရာဝယ်၊ ကြိုက်သလိုသုံးလို့တော့ ဘေးမကင်းနိုင်ပါဘူး။ အရွေးမှန်ဖို့နဲ့ အသုံးပြုပုံမှန်ကန်ဖို့အရေးကြီးပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကင်းဝေးစေနိုင်ဖို့အတွက် အရည်အသွေးစိတ်ချရတဲ့အမှတ်တံဆိပ်ကိုရွေးချယ်နိုင်ဖို့လိုတာပေါ့။

Feminine Wash ဝယ်သုံးတော့မယ်ဆို ဘယ်လိုမျိုးတွေစဉ်းစားပြီးရွေးချယ်မလဲ စဉ်းစားကြည့်ရအောင်နော်။

(၁) အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေကိုရှောင်ပါ

မိန်းမကိုယ်အနံ့အသက်ကောင်းအောင်ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ အနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေက ဓာတုပစ္စည်းတွေလည်းပါဝင်မှုပိုများသလို ဓာတ်မတည့်မှုတွေယားယံမှုတွေဖြစ်လာစေနိုင်ပါတယ်။

(၂) သင့်တော်တဲ့ pH အဆင့် ကိုထိန်းပေးနိုင်မယ့်အမျိုးအစားကိုရွေးပါ

ရိုးရိုးရေချိုးဆပ်ပြာတွေက အမျိုးသမီးတွေအတွက်က မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်ထက်ကျော်လွန်နေတာကြောင့် pH အဆင့် ၃.၅ ကနေ ၄.၅ အတွင်းမှာထိန်းညှိပေးနိုင်မယ့် Feminine Wash ကိုရွေးချယ်သင့်ပါတယ်။ ဘာ့ကြောင့်ဆို ဒီအဆင့်လောက်မှာမှ lactobacilli လို့ခေါ်တဲ့ မိန်းမကိုယ်အတွင်းကအကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှိနေနိုင်မှာပါ။ မိန်းမကိုယ်မှာ အနံ့အသက်ဆိုးတွေမရှိအောင်၊ ယားယံတာတွေမဖြစ်အောင်၊ ပိုးမဝင်အောင် သူတို့လေးတွေက ကာကွယ်ပေးနိုင်ပါတယ်။

(၃) သဘာဝကရတဲ့ ပါဝင်ပစ္စည်းတွေနဲ့စီမံထုတ်လုပ်ထားတာကို ရှာပါ

သဘာဝပါဝင်ပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ သန့်စင်ဆေးရည်တွေက ဘေးဥပါဒ်ကင်းပြီး ဓါတုကင်းတယ်၊ အဆိပ်အတောက်ကင်းတယ်။ အမွှေးရနံ့တွေ မပါလည်း သန့်ရှင်းလန်းဆန်းစေတယ်။

(၄) ဓာတုပစ္စည်းကင်းတာကို ရှာပါ

Parabens ၊Methylchloroisothiazolinone ၊Benzethonium Chloride တို့လို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကင်းတဲ့ အမှတ်တံဆိပ်ကိုရှာဝယ်ပါ။ ကျန်းမာရေးအတွက် စိတ်ချချင်လို့ ဝယ်သုံးပါတယ်ဆိုမှ ဘေးဖြစ်စေမယ့်ဟာကိုမှ ရွေးမိလို့မဖြစ်ဘူးနော်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းမှာ သေချာကြည့်ပါ။

(၅) Hypoallergenic (ဓာတ်မတည့်မှုမဖြစ်စေနိုင်ခြင်း) အမျိုးအစားကို ရွေးပါ

နုနယ်တဲ့မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာစတဲ့ ဓာတ်မတည့်မှုတွေဖြစ်လာရင် အတော်ခံရခက်မှာပါ။ ဒါတင်မကဘဲ မလိုလားအပ်တဲ့နောက်ဆက်တွဲလက္ခဏာတွေအဖြစ်နဲ့ ရောဂါပိုးဝင်တာတွေဖြစ်လာရင် ပိုဆိုးပါလိမ့်မယ်။ ဒါ့ကြောင့် ဓာတ်မတည့်မှုမဖြစ်စေနိုင်တဲ့ Hypoallergenic ဖြစ်တာကို ရွေးဝယ်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.nhs.uk/live-well/sexual-health/keeping-your-vagina-clean-and-healthy/

Accessed Date Sep 13, 2018.

http://www.thehealthsite.com/diseases-conditions/expert-tips-for-choosing-the-right-vaginal-wash-b0316/

Accessed Date Sep 13, 2018.

ယခုပုံစံ

01/02/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း

မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement