၃။ မိန်းမကိုယ်ထဲ အထိုင်ကျအောင် ထည့်လိုက်ပါ။
၄။ သွေးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၄-၈ နာရီကြား တစ်ခါလဲပါ။ (သွေးဆင်းတာကို သိလာပြီဆိုရင် Tampon မှာ ထပ်ပြီး စုပ်ယူနိုင်စွမ်းမရှိတော့ဘူးဆိုတာ သိပြီး လဲလို့ ရပါပြီ။ တချို့ သွေးဆင်းများတဲ့သူတွေဆို ၃ နာရီ တစ်ခါလောက် လဲရပါတယ်။)
၄။ ပြန်ထုတ်မယ်ဆိုရင် လက်ဆေးပြီး အပြင်မှာ ထွက်နေတဲ့ ကြိုးလေးကနေ ဆွဲထုတ်လိုက်ပါ။
ဒါဖြင့် Pad မသုံးတော့ဘဲ Tampon ကိုပဲ သုံးမယ်။ အန္တရာယ် တကယ်ကင်းရဲ့လား။
Tampon မှာ အဓိက အားနည်းချက် (၂) ချက်ရှိပါတယ်။
ပထမတစ်ချက်ကတော့ Tampon ဟာ မိန်းမကိုယ်ထဲမှာ ရှိတဲ့ အစိုဓာတ်တွေ အားလုံးကို စုပ်ယူထားနိုင်တာကြောင့် ပြန်ထုတ်ရင် နာတာ၊ မိန်းမကိုယ်နှုတ်ခမ်း ပွန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Tampon ချည်းပဲ ဆက်တိုက်သုံးနေမယ်ဆိုရင် မိန်းမကိုယ် ခြောက်သွေ့ ပိုးဝင်တာတွေ၊ ယားယံတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။