backup og meta

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

    အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကို စားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။

    ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

    • ဂင်ကိုရွက် (Ginkgo)

    ဂင်ကိုပင်က လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၇၀ လောက်ကတည်းက ကမ္ဘာပေါ်မှာ ရှိနေတဲ့အပင်မျိုးစိတ်တစ်မျိုးပါ။ ဒီအပင်ရဲ့ အရွက်ကိုအသုံးပြုပြီး ဆေးဝါးအမျိုးမျိုးထုတ်လုပ်ကြသလို အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်စာတစ်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

    ဂျင်ဆင်းတွေဟာ အမျိုးသားတွေအတွက်သာမကပါဘူး။ အမျိုးသမီးတွေရဲ့ လိင်မှုစွမ်းဆောင်ရည်နဲ့ စိတ်အားထက်သန်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

    • ကုံကမံ

    Saffron လို့ အနောက်တိုင်းမှာ ခေါ်ဆိုကြတဲ့ ကုံကမံကလည်း အမျိုးသမီးတွေအတွက် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ကုံကမံရွက်ကို ၄ ပတ်လောက်မှီဝဲရင် စွမ်းဆောင်ရည်မြင့်လာမယ်လို့ အဆိုရှိပါတယ်။

    ဝိုင်နဲ့ လိင်ဆန္ဒက ခွဲလို့မရလောက်အောင် ရှိနေတတ်ပါတယ်။ အနီရောင်ဝိုင်လေးတစ်ခွက်၊ လရောင်ဖြာတဲ့ညနဲ့ ရင်ဖိုလှိုက်မောဖွယ် အချစ်စိတ်နိုးထမှုက အစပ်အဟပ်တစ်ခုပမာ ပုံရိပ်ထင်နေတတ်တာမျိုးပါ။ ၂၀၀၉ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် အနီရောင်ဝိုင်ကို သင့်လျော်ရုံ မှီဝဲတာဟာ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုထားပါတယ်။

    ယုံချင်ယုံ၊ မယုံချင်နေပါ။ ပန်းသီးတွေဟာ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို ကောင်းကောင်းတွန်းအားပေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရဆိုရင် နေ့စဉ်ပန်းသီးစားပေးရင် စွမ်းဆောင်ရည်တိုးလာလိမ့်မယ်လို့ ဆိုထားပါတယ်။

    ချောကလက်နဲ့ အချစ်က ချစ်သူများနေ့ရဲ့ သင်္ကေတပါ။ ချောကလက်ဟာ လိင်စုံမက်မှုနဲ့ ဆက်နွယ်တဲ့ဆိုတဲ့ အယူအဆက နှစ်ရာချီတည်မြဲနေတဲ့ ယူဆချက်တစ်ခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ချောကလက်စားသုံးခြင်းဟာ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်အပေါ် သက်ရောက်တယ်လို့ ဆိုထားပါတယ်။

    • ကော်ဖီ

    ကော်ဖီကြိုက်နှစ်သက်သူတွေအတွက်ကတော့ သတင်းကောင်းပါပဲ။ ကော်ဖီက စိတ်ကိုနိုးကြားစေတာမို့ လိင်ဆက်ဆံရာမှာလည်း ပိုမိုတက်ကြွစေတယ်လို့ ဆိုထားလို့ပါ။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်ရင် ဘေးထွက်ဆိုးကျိုးရှိနိုင်တာကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။

  • ပျားရည်
  • ပျားရည်ကနေတဆင့် ထွက်ရှိလာတဲ့ Antioxidant တစ်မျိုးကလည်း အမျိုးသမီးတွေရဲ့ လိင်ဆန္ဒကို မြှင့်တင်ပေးပါတယ်။

    • စတော်ဘယ်ရီသီး

    စတော်ဘယ်ရီသီးက အမျိုးသမီးတွေကို လိင်စိတ်အားကောင်းစေတယ်လို့ အဆိုရှိပေမယ့် တိကျရေရာတဲ့ သက်သေပြချက်တော့ မရှိသေးပါဘူး။

    ကမာဟာ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အမျိုးသားတွေတင်မကပါဘူး အမျိုးသမီးတွေကိုပါ အကျိုးဖြစ်ထွန်းစေတာပါ။

    ငှက်ပျောသီးကလည်း လိင်ဆန္ဒကို တွန်းအားပေးနိုင်ပါတယ်။ နေ့စဉ်မှီဝဲရင် သိသာတဲ့ ထူးခြားမှုတွေ ကြုံလာရလိမ့်မယ်လို့ သိပ္ပံနည်းကျလေ့လာချက်တွေက ဆိုထားပါတယ်။

    • အာလူး

    အာလူးစားရင် တင်သားဖွံ့ထွားတယ်လို့ လူပြောများပေမယ့် တကယ်တမ်းမှာတော့ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာပါ။

    အစားအစာအပြင် ပြုမူသင့်သည်များ

    နေရာတကာ အစားအစာတွေကိုချည်း အားကိုးနေလို့တော့ မရပါဘူး။ တခြားသော လိုက်နာရမယ့် အမူအကျင့်တွေနဲ့ ရှောင်ကျဉ်ရမယ့်အချက်တွေလည်း ရှိနေပါသေးတယ်။ အောက်ပါအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်စိတ်ဆန္ဒ ကို သဘာဝအတိုင်းမြှင့်တင်နိုင်ဖို့ အခွင့်အလမ်းပိုကောင်းပါလိမ့်မယ်။

    • အိပ်ရေးဝဝအိပ်ပါ
    • စိတ်ဖိစီးမှုကို လျှော့ချပါ၊
    • ပုံမှန်ဆေးစစ်ပါ၊
    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ၊
    • လက်တွဲဖော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ၊၊
    • ယောဂလေ့ကျင့်ခန်းလည်း ဆော့ပါ၊
    • စိတ်အေးချမ်းစေမယ့် အသက်ရှူလေ့ကျင့်ခန်းမျိုးပြုလုပ်ပါ။

    ဒီနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် လိင်စိတ်ကုန်ခမ်းတာ၊ စိတ်မပါတာ၊ စွမ်းဆောင်ရည်အားနည်းတာတွေကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်ဆိုတာကို အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement