backup og meta

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီသွေးဆင်းတာက စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်း အဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့် အစားအစာတွေနဲ့ မစားသင့်တာတွေပါနော်။ အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ အချို့အစားအစာတွေက နေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ဆိုတော့

ဘာတွေစားမလဲ

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေထဲက တစ်ခုပေါ့။ Omega-3 fatty acids ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။

စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။

အချိုနည်းတဲ့ အနက်ရောင်ချောကလက်က ရာသီလာချိန်မှာ စိတ်ခံစားမှုကောင်းစေသလို နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေနိုင်တာပါနော်။ ရာသီလာချိန်မှာ အနက်ရောင်ချောကလက် နည်နည်းလောက်စားပေးလို့ရပါတယ်။

အမျှင်ဓာတ်နဲ့ သံဓာတ်ပါဝင်မှုကြောင့် ရာသီလာချိန်မှာ သွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံးတာကို သက်သာစေနိုင်ပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်နေစေပါတယ်။

ဖရဲသီးမှာပါတဲ့ သဘာဝအချိုဓာတ်က ရာသီလာချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့အင်အားတွေကိုဖြည့်ပေးပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့်လေပွတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။

ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာတစ်မျိုးပေါ့။ ကြက်ဥအနှစ်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့ အဆီ၊ ဗီတာမင်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Fatty Acid နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို အားအင်ပြည့်နေစေမှာ အသေအချာပါ။ ကြက်ဥကို မကျက်တကျက်လေးပြုတ်ပြီး စားပေးပါနော်။

ဘာတွေရှောင်ရမလဲ

အချိုကဲတဲ့ အချိုရည်တွေ၊ ဆိုဒါလိုမျိုးသောက်စရာတွေက ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တဲ့ ရေဓာတ်ရရှိစေမှုမှာ အဟန့်အတားဖြစ်စေတာကြောင့် ရာသီလာနေချိန်မှာ အချိုရည်တွေမသောက်ပါနဲ့။

အငန်ဓာတ် ပါဝင်မှုကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အငန်ကဲတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို မစားဖို့ ပြောပါရစေနာ်။

အဆီများတဲ့ အစားအစာတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ပြောချင်တာကတော့ ရာသီလာချိန်မှာ သက်သောင့်သက်သာ ဖြစ်နေစေဖို့ အဆီများတဲ့ အစားအစာတွေကိုရှောင်ပေးပါနော်။

ကိုယ်တွင်း သံဓာတ် စုပ်ယူမှုကို ထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ လက်ဖက်ရည်၊ ကော်ဖီတွေကို ကြိုက်တယ်ဆိုရင်တောင် မသောက်ပါနဲ့။ လက်ဖက်သုပ်လေးလည်း ရှောင်ပါနော်။

  • အစပ်များတဲ့ အစားအစာတွေ

အစပ်များတဲ့ အစားအစာတွေက လေပွတာ၊ ဝမ်းခေါင်းပူတာမျိုးတွေကို ဖြစ်စေနိုင်သလို ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစပ်တွေ မစားဖို့လည်း ပြောပါရစေနော်။

ကဲ…. ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို ဝေဒနာ ခံစားရ သက်သာစေဖို့ သေချာလေး ဂရုစိုက်လိုက်ရအောင်နော်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

14 Foods to Eat (and Avoid) on Your Period https://thethirty.byrdie.com/best-foods-to-eat-on-your-period Accessed Date 10 March 2019

What Foods to Eat and Avoid on Your Period https://flo.health/menstrual-cycle/lifestyle/diet-and-nutrition/foods-to-eat-on-period Accessed Date 10 March 2019

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ