မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။
ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။
မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ ပြောင်းသွားတတ်ပါတယ်။
- ရာသီလာချိန် မိန်းမကိုယ် သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ
- ဆင်းနေတဲ့ သွေးတွေက ဘက်တီးရီးယား အကြိုက် ဖြစ်နေတာ
- သုံးနေတဲ့ လစဉ်သုံး ပစ္စည်းကို ၆ နာရီတစ်ခါ မလဲမိဘဲ တစ်နေ့လုံး သုံးနေတာ
- ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ မေ့သွားခဲ့တာ စတာတွေက ရာသီလာချိန် မိန်းမကိုယ် အနံ့ဆိုး ထွက်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ။
ရာသီလာတယ် ဆိုတာ ညစ်ညမ်းတဲ့ အရာတော့ မဟုတ်ပေမယ့် အနံ့ဆိုး မထွက်အောင်၊ မလိုလားအပ်တဲ့ ရောဂါပိုးတွေ မဝင်နိုင်အောင် ရာသီလာစဉ် အချိန်အတွင်းမှာ ပုံမှန်ထက် ပိုပြီး သန့်ရှင်းမှု ရှိဖို့ အရေးကြီးပါတယ်။
ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘာနဲ့ သန့်စင်မလဲ။
ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို သန့်စင်ဖို့ ဆိုရင်
ဆပ်ပြာတွေ မသုံးပါနဲ့
မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းညှိထားတဲ့ သဘာဝ ကာကွယ်မှု စနစ် ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာတွေကြောင့်အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ် အရေပြားကို ပူတာ၊ လောင်တာ၊ စပ်တာ၊ ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေ ဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ် သန့်ရှင်းရေး လုပ်တော့မယ်ဆို ဆပ်ပြာလုံးဝ မသုံးပါနဲ့။
ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။ ။
ဆပ်ပြာ မသုံးရတော့ မိန်းမကိုယ်က ရာသီလာချိန် ထွက်နေတဲ့ အနံ့ဆိုးတွေကို တားဆီးဖို့အတွက် ရေ ဒါမှမဟုတ် အမျိုးသမီး သန့်စင်ဆေးရည်တွေ သုံးနိုင်ပါတယ်။ အမျိုးသမီးသန့်စင်ဆေးရည် Feminine Wash တွေဟာ
- မိန်းမကိုယ် အတွင်းက pH နဲ့ကိုက်ညီအောင် ထုတ်ထားတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်မှု မရှိစေဘဲ pH မျှတစေလို့ အစိုဓာတ်ထိန်းပြီး ခြောက်သွေ့ယားယံတဲ့ မိန်းမကိုယ် တစ်ခု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- Prebiotic လို့ခေါ်တဲ့ (အကျိုးပြုဘက်တီးရီးယား အာဟာရ) ပါဝင်နေတာကြောင့်မိန်းမကိုယ်မှာ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အနံ့အသက်ဆိုး ဖြစ်တာတွေကို ကာကွယ်ပေးနိုင်မှာပါ။
- ဒါ့အပြင် မိန်းမကိုယ် အတွက် အရေးကြီးတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ Prebiotic ပါဝင်တာကြောင့် အပြင်က ရောဂါပိုးတွေ ထပ်ဝင်မလာအောင် တားဆီးပေးဦးမှာပါ။
- ဓာတုဆိုးဆေးတွေ သုံးပြီး အရောင် ပါဝင်ခြင်း မရှိတာကြောင့် ဓါတ်မတည့်မှု ဖြစ်စေမှာ မဟုတ်ပါဘူး။
- အမျိုးသမီး သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ Lactic acid က ဘက်တီးရီးယား ပေါက်ဖွားမှုကို ထိန်းညှိပေးပြီး ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း တားဆီးပေးတာကြောင့် ဘက်တီးရီးယားတွေကြောင့် ထွက်တဲ့ အနံ့ဆိုးတွေ ကင်းဝေးအောင် ကူညီပေးဦးမှာပါ။
- ဒါ့အပြင် မိန်းမကိုယ်ကို လုံးဝ ထိခိုက်ခြင်း မရှိစေတဲ့ အနံ့ သင်းသင်းလေးလည်း ပါဝင်တာကြောင့် ရာသီလာချိန် ထွက်နေတဲ့ အနံ့ဆိုးတွေကို ထိန်းပေးနိုင်မှာ အသေအချာနော် ။
[embed-health-tool-ovulation]