brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ အမျိုးသမီးထုဟာ သဘာဝတရားအရ ဓမ္မတာလာပြီး သူတို့ရဲ့ အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းအဖြစ် Tampon ကိုရွေးချယ်ကြပါတယ်။ Tampon က သက်သောင့်သက်သာရှိပြီး ပေါင်ပွန်းတာကိုလည်း မဖြစ်စေတဲ့အတွက် အသုံးများကြပါတယ်။ ဒါပေမဲ့ Tampon မှားယွင်းသုံးစွဲမှုအန္တရာယ် အနေနဲ့ သွေးဆိပ်သင့်တတ်တယ်ဆိုတာကိုရော သိထားပြီးပြီလား။

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon  မှားယွင်းသုံးစွဲမှုအန္တရာယ်

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

  • Tampon မှားယွင်းသုံးစွဲမှုအန္တရာယ် ဖြစ်တဲ့ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ဆိုတာဘာလဲ?

အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) တွေကို အပင်ကရတဲ့ fibre (rayon) နဲ့ ဝါချည်တွေသုံးပြီးလုပ်ပါတယ်။ ဒီပစ္စည်းတွေဟာ စုပ်ယူမှုကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း စိုစွတ်နေရင်တော့ ဘက်တီးရီးယား ပေါက်ဖွားမှုကို အား‌ပေးနိုင်ပါတယ်။

ပြီးတော့လည်း မိန်းမကိုယ် ( vagina) ဟာ ပိုးသတ်နိုင်စွမ်းရှိပေမယ့် ရာသီလာနေစဉ်ကာလမှာ ရာသီသွေးကြောင့် ကိုယ်ခံအားစနစ် လျော့ကျနေပါတယ်။ ဒါကြောင့် tampon ဟာ အဖြစ်နည်းပေမယ့် ဖြစ်လာရင်လည်း သေနိုင်တဲ့ရောဂါ toxic shock syndrome နဲ့ ဆက်စပ်နေခြင်းဖြစ်ပါတယ်။ ဒီရောဂါဖြစ်နှုန်းဟာ ခုသိပ်မရှိတော့ပေမယ့် သေချာမသုံးတတ်ရင် ဖြစ်ပွားနိုင်ပါတယ်။

အထူးသဖြင့် Tamponကို မလဲဘဲ ကိုယ်ထဲမှာ ကြာကြာထည့်ထားတတ်တဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။

  • အဆိပ်သင့် ရှော့ရခြင်း( toxic shock ) ဆိုတာဘာလဲ?

ဒီအဆိပ်သင့်ရောဂါ toxic shock syndrome ဆိုတာ သွေးပေါင်ကျတာတွေ၊ ကိုယ်တွင်းအင်္ဂါပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဘက်တီးရီးယားပိုးဝင်ကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ ဖြစ်စေတာကတော့ Staphylococcus aureus လို့ခေါ်တဲ့ ပိုးကြောင့်ပါ။ ဒီပိုးက အဆိပ်သင့်ရောဂါ (toxic shock syndrome )ဖြစ်စေတဲ့ အဆိပ်ကို ထုတ်ပေးပါတယ်။

ရောဂါအစပိုင်းကတော့ တုပ်ကွေးနဲ့ဆင်တူပါတယ်။ အရေပြားမှာ နေလောင်သလို အကွက်တွေထွက်တယ်။ ပိုဆိုးရင် စိတ်နောက်မယ်။ အန်တာ ဝမ်းသွားတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဖြစ်တယ်ဆိုရင် ချက်ချင်းဆေးကုသမှုခံယူရပါမယ်။

  •  Tampon ရွေးချယ်တဲ့အခါ သတိထားရမဲ့ အခြေခံအချက်တွေက ဘာလဲ?

Tampon တွေဟာ TSS ဖြစ်စေတဲ့ Staphylococcus aureus or group A streptococcus (strep) bacteria ပေါက်ပွားမှုအတွက် အဆင်ပြေတဲ့ နေရာဖြစ်နိုင်ပါတယ်။ သင့်အသက်အန္တရာယ် ကာကွယ်နိုင်ဖို့ အောက်ပါအချက်တွေ လုပ်ဆောင်ပါ။

  • စုပ်ယူမှု အားအရမ်းကောင်းတဲ့ Tampon တွေသုံးတာရှောင်ပါ။ အားအနိမ့်ဆုံးကိုရွေးပါ ။ စုပ်ယူအားကောင်းတာဟာ TSS ဖြစ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ စုပ်ယူအားကောင်းလေ အမျိုးသမီးတွေဟာ ကိုယ်အင်္ဂါထဲကိုကြာကြာထည့်ထားလေဖြစ်ပြီး ဘက်တီးရီးယားပေါက်အောင် ဖန်တီးသလိုဖြစ်နိုင်ပါတယ်။
  • စုပ်ယူမှုကောင်းတဲ့အခါ မိန်းမကိုယ်ခြောက်သွေ့နေတာကြောင့် ပြန်ထုတ်တဲ့အခါ မိန်းမကိုယ် ပွန်းတာမျိုး ဖြစ်တတ်ပါတယ်။
  • Tampon အစား သန်ရှင်းတဲ့ padတွေသုံးပါ။ လှုပ်လှုပ်ရှားရှားလုပ်ရတာ၊ အားကစားလုပ်ရတာတွေကျ ဒါတွေမသုံးနဲ့ပေါ့။
  • Tampon ကိုတစ်ညလုံးထည့်ထားတာ ရှောင်ပါ။ အဲ့ဒီအစား pads တွေသုံးပါ။ စသုံးသူတွေဟာ ၃နာရီစည်းမျည်းကို ဖောက်မိတတ်ကြတယ်။ ပြီးတော့ မနက်ဆိုရင် လောနေရတဲ့အတွက် Tampon ရှိနေတာ မေ့လျော့တတ်ပါတယ်။ Tamponကို မလဲမိတာမျိုး ဖြစ်နိုင်ပါတယ်။
  • Tampon ကို ၄- ၆ နာရီကြာတိုင်း တစ်ခါလဲလှယ်ပေးပါ။ ၃နာရီလောက်ကြာတဲ့အထိ မယိုစိမ့်တဲ့ Tampon အမျိုးအစားကို ရွေးချယ်ပါ။
  • Tampon ထည့်တဲ့အခါ မအင်္ဂါကို မခြစ်မိအောင်ဂရုစိုက်ပါ။ မပြုခင်နဲ့ ပြုပြီးမှာလက်ကိုသေချာဆေးပါ။
  • ရာသီမလာဘဲနဲ့ Tampon ကို မထည့်ထားပါနဲ့။
Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hello Sayarwon Panel · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။