ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 17, 2020 . 2 mins read
Share now

အိမ်ထောင်ရှင်အမျိုးသားတွေနဲ့ အမျိုးသမီးတွေသိချင်နေမယ့် အချက်လေးတစ်ခုကို ဒီဆောင်းပါးလေးထဲကနေဖြေပေးပါရစေနော်။ ဒါကတော့လေဒီလေးတွေရာသီလာနေစဉ်မှာ အတူနေတာက စိတ်ချရရဲ့လား။ ဘာတွေဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။

ရာသီလာနေစဉ်မှာ အတူနေလို့ရလား…………

ရာသီလာနေစဉ်မှာ အတူနေလို့ရလားဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ်ထင်ပါတယ်။ ဒါကတော့ဖြစ်ခဲတယ်ပဲပြောရမှာပါ။

ကလေးလိုချင်တဲ့ စုံတွဲတွေအနေနဲ့ဆိုရင် ဒီအချိန်မှာ အတူမနေသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက်နည်းနေတာကြောင့်ပါ။

အဲ ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူးဆိုပြီး ဒီအချိန်မှာ အကာအကွယ်မသုံးဘဲနေရလောက်အောင်လည်း စိတ်ချလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ ရနိုင်ခြေနည်းပေမယ့် ဒီနည်းနည်းလေးက ဖြစ်မလာရင်တော့ အကောင်းဆုံးပါပဲ။

ဒီနေရာမှာသတိထားရမယ့်အချက်တစ်ခုက အမျိုးသားရဲ့ သုက်ပိုးက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ပတ်လောက်အထိ ရှင်သန်နေနိုင်ပါတယ်။ လေဒီတစ်ယောက်နဲ့တစ်ယောက်က ရာသီစက်ဝန်းမတူနိုင်ပါဘူး။လေဒီတစ်ယောက်တည်းမှာတောင် ရာသီစက်ဝန်းက အမြဲတစ်ထပ်တည်းမကျနိုင်ပါဘူး။ တကယ်လို့ရာသီစက်ဝန်းက ၂၈ ရက်မဟုတ်ဘဲ ၂၂ ရက်စက်ဝန်းဖြစ်နေမယ်ဆိုရင် ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ကလေးရနိုင်ခြေကပိုများနေနိုင်ပါတယ်။အကောင်းဆုံးကတော့ ရာသီလာနေစဉ်မှာ အတူနေမယ်ဆိုရင် အမျိုးသားက အကာအကွယ်သုံးတာပါ။

ရာသီလာနေစဉ်မှာအတူနေခြင်းက ဆိုးကျိုးရှိလား……..

ရာသီလာချိန်မှာ အတူနေတာက လုံခြုံစိတ်ချရမှုအပြည့်အဝတော့မရှိပါဘူး။ ရာသီလာနေစဉ်မှာ အတူနေခြင်းကြောင့် လိင်ကနေဆင့် ကူးစက်တဲ့ရောဂါတွေအများကြီးကူးစက်နိုင်ခြေရှိနေပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်သလို ရာသီလာချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့် မိးမကိုယ်မှိုပိုးဝင်တာမျိုးလည်းခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း ဒီအချိန်မှာ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ခြေပိုများနေနိုင်ပါတယ်။ ရာသီလာစဉ် အတူနေခြင်းကြောင့်

ရာသီလာနေစဉ်မှာ အတူနေခြင်း ကကောင်းကျိုးရောရှိလား…..

ရာသီလာနေစဉ်မှာ အတူနေတာက ဆိုးကျိုးပဲရှိတာတော့ မဟုတ်ပါဘူး။ကောင်ကျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါကတော့

  • ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ရာသီသွေးဆင်းရက်တိုသွားတာ
  • ရာသီလာစဉ်နာကျင်ကိုက်ခဲမှု သက်သာစေတာ
  • စိတ်ဖိစီးမှုလျော့ကျစေတာ
  • ကောင်းကောင်းအိပ်ပျော်စေတာ
  • ခေါင်းကိုက်တာကို သက်သာစေတာ
  • ကိုယ်ခံအားကောင်းစေတာ
  • ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေတာစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ရာသီလာနေစဉ်မှာ အတူနေတော့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ…………

ရာသီလာနစဉ်မှာ အတူနေတော့မယ်ဆိုရင်

  • ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ရာသီသွေးဆင်းနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းအသိပေးထားပါ။
  • လစဉ်သုံးပစ္စည်းကို မကြာခဏလဲလှယ်ပေးပါ။ ဘက်တီးရီးယားတွေပေါက်ဖွားမှုကနေ ကာကွယ်နိုင်ဖို့ပါ။
  • အကာအကွယ်သုံးပါ။
  • ဆက်ဆံခြင်းမပြုခင်မှာရေချိုးပါ။
  • Tampon အသုံးပြုထားတယ်ဆိုရင် ဆက်ဆံခြင်းမပြုခင်မှာ ဖယ်လိုက်ပါ။
  • အိပ်ရာခင်းပေါ်မှာရေစုပ်တဲ့ တဘက်စကြီးကြီးတစ်ခုကိုဖြန့်ခင်းထားပေးပါ။ပေကျံမှုကနေ ကာကွယ်ဖို့အတွက်ပါ။
  • အိပ်ရာဘေးနားမှာ wet tissue ဒါမှမဟုတ်ရေစိုဝတ်စသန့်သန့်တစ်ခုယူထားပေးပါ။
  • မဆက်ဆံခင်မှာချောဆီသုံးပေးပါ။
  • ဆက်ဆံပြီးချိန်မှာ ချက်ချင်းဆီးသွားပေးပြီး ဆီးအိမ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်မှုကနေ ကာကွယ်နိုင်ဖို့ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်း လူအတော်များများ အိပ်ရေးတွေပျက်တာတွေ စိုးရိမ်ပူပန်စရာတွေ မကြာခန ကြုံနေရကြရတယ်။ စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေများလာနေတဲ့ သဘောမျိုးပေါ့

ရေးသားသူ Ye Zon Aung

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read