backup og meta

ပန်းညှိုးခြင်းပြဿနာ ကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းညှိုးခြင်းပြဿနာ ကို ဘယ်လိုဖြေရှင်းမလဲ

    ပန်းညှိုးခြင်း (သို့) အမျိုးသားများ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ ပန်းညှိုးခြင်းပြဿနာ ဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ အဓိကကျကြောင်း သုတေသီတချို့က ဆိုပါတယ်။ ရောဂါအခံတွေ၊ ဆေးဝါးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။

    ပန်းညှိုးခြင်းပြဿနာ ကို ဖြေရှင်းနိုင်ဖို့

    နှလုံးကျန်းမာရေး ထိန်းသိမ်းခြင်း

    နှလုံးနဲ့ သွေးကြောအဖွဲ့အစည်း လုပ်ဆောင်နိုင်မှု အားနည်းခြင်းဟာ အမျိုးသားများ လိင်တံထောင်မတ်ရာမှာ အရေးကြီးတဲ့ သွေးရောက်ရှိမှုကို လျော့နည်းစေပါတယ်။ နှလုံးရောဂါအခံရှိသူ အမျိုးသားများဟာ နောင်မှာ လိင်တံထောင်မတ်နိုင်မှု ချို့ယွင်းနိုင်ခြေ များပါတယ်။ ပန်းညှိုးခြင်းပြဿနာ နဲ့ ဆက်နွယ်နေတဲ့ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတာတွေကတော့

  • ဆေးလိပ်သောက်ခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း စတာတွေ ဖြစ်ပါတယ်။
  • တက်စတိုစထရုန်းပမာဏ မြှင့်တင်ခြင်း

    အမျိုးသားများအတွက် အရေးကြီးတဲ့ တက်စတိုစထရုန်းပမာဏ နည်းပါးရင်လည်း လိင်တံထောင်မတ်နိုင်ခြေ နည်းတာမို့ တက်စတိုစထရုန်းပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ သဘာဝနည်းလမ်းများနဲ့ မြှင့်တင်မယ်ဆိုရင်တော့

    • ကိုယ်အလေးချိန် လျှော့ချခြင်း
    • စိတ်ဖိစီးမှု လျှော့ချခြင်း
    • ဗီတာမင်ဘီနဲ့ ဇင့် သုံးစွဲခြင်း
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးနိုင်ပါတယ်။

    အိပ်ရေးပျက်ခြင်းဟာ ရေရှည်မှာ လိင်မှုစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ အိပ်ပျော်နေချိန် အသက်ရှူရပ်သွားတတ်တဲ့ အမျိုးသားများအနေနဲ့ အသက်ရှူအားကူပေးတဲ့ ကိရိယာသုံးပြီးချိန်မှာ ပန်းညှိုးခြင်းပြဿနာ သက်သာတယ်လို့ သိရပါတယ်။

    စက်ဘီးစီးတာလျှော့ပါ

    သုတေသနတချို့အရ ပန်းညှိုးခြင်းဟာ စက်ဘီးစီးခြင်းနဲ့ ဆက်စပ်နေပါတယ်။ စက်ဘီးပေါ် ထိုင်တဲ့အခါ တင်ပဆုံပတ်လည်က အာရုံကြောနဲ့ သွေးကြောတွေကို ဖိမိစေပါတယ်။ တကယ်လို့ စက်ဘီးစီးဝါသနာပါသူ ဖြစ်မယ်ဆိုရင်တော့ အထူးဒီဇိုင်းပြုလုပ်ထားတဲ့ ဖင်ထိုင်ခုံကိုပဲ အသုံးပြုသင့်ပါတယ်။

    လိင်ဆက်ဆံတဲ့ အကြိမ်ရေ မြှင့်တင်ပါ

    မကြာခဏ (သို့) ပုံမှန် လိင်ဆက်ဆံခြင်းဟာ စွမ်းဆောင်ရည်ကို တက်လာစေပါတယ်။ တပတ်ကို တကြိမ်ထက် လျော့နည်းပြီး လိင်ဆက်ဆံသူ အမျိုးသားများဟာ အနည်းဆုံး တပတ်ကို တကြိမ်ခန့် လိင်ဆက်ဆံသူ အမျိုးသားများထက် ပန်းညှိုးနိုင်ခြေ နှစ်ဆရှိနေပါတယ်။

    စိတ်ပိုင်းဆိုင်ရာပြဿနာများ

    လိင်ဆက်ဆံရာမှာ စွမ်းဆောင်နိုင်ပါ့မလား စိတ်ပူပန်ခြင်းဟာလည်း ပန်းညှိုးခြင်းကို ဖြစ်စေပါတယ်။ အဓိကပြဿနာရင်းမြစ်ကို ဖော်ထုတ်နိုင်ရင် ပန်းညှိုးခြင်းပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ စုံတွဲများကြားဖြစ်တတ်တဲ့ ပဋိပက္ခများ၊ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း စတာတွေဟာလည်း ပန်းညှိုးခြင်း ဖြစ်စေနိုင်ပါတယ်။

    စုံတွဲများကြား ဆက်ဆံရေး

    မိမိအဖော်နဲ့ကြားမှာ ဆက်ဆံရေး အဆင်မပြေဘဲ အဖုအထစ်ဖြစ်ပေါ်ခြင်းဟာလည်း လိင်တံထောင်မတ်ရာမှာ အနှောက်အယှက်ပေးပါတယ်။ တယောက်နဲ့တယောက် နှိုးဆွမှု၊ စိတ်အားထက်သန်မှုလည်း လိုအပ်ပါသေးတယ်။ ပွင့်လင်းစွာဆက်ဆံတတ်ခြင်းလည်း အရေးပါပါတယ်။

    ဆေးဝါးများ

    သင်သုံးစွဲနေတဲ့ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများဟာ ပန်းညှိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဓိကဖြစ်စေတတ်တဲ့ ဆေးတွေကတော့ စိတ်ကျကုသဆေးများန့ thiazide အမျိုးအစား ဆီးဆေးဖြစ်ပါတယ်။ ဆေးဝါးကြောင့် ပန်းညှိုးခြင်းပြဿနာ ဖြစ်တယ်ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သောက်သုံးနေတဲ့ ပမာဏကို လျှော့ချခြင်း၊ အခြားဆေးများ သုံးစွဲခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

    Takeaways

    လိင်တံမထောင်မတ်နိုင်ခြင်းဟာ ရေရှည်မှာ လိင်မှုဘဝကို ထိခိုက်လာနိုင်ပါတယ်။ များသောအားဖြင့် ဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ အာရုံကြောထိခိုက်ထားခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်း စတဲ့ တခြားပြဿနာတွေပါ ရှိနေမယ်ဆိုရင်တော့ သက်ဆိုင်ရာရောဂါအခြေအနေတွေအတွက် ဆေးဝါးကုသဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement